အစ္စရေး ဘေရွတ်မြို့ လေကြောင်းတိုက်ခိုက်မှုဗီဒီယိုကို အသုံးပြုပြီး ဖြန့်ဝေတဲ့သတင်းမှား
၂၀၂၆ ဧပြီ ၂
(Fact Check – DNA)
အစ္စရေးကနေ လဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၃၁ရက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ရုပ်သံကို အသုံးပြုပြီး “Nug က စစ်တပ်လူလားတောင် မသိတော့ဘူး။ ပထမ နဂါးကို ရှင်းတယ် နောက် ဗိုလ်မုန်းတိုင်း အခု ဗိုလ်လက်ယာတဲ့။” (မူရင်းအတိုင်း) ရေးသားထားတဲ့ဝါဒဖြန့်သတင်းမှား လူမှုစာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီ ချန်နယ်ဖြစ်တဲ့ Thazin Oo ချန်နယ်ကနေ ဧပြီ ၁ရက်နေ့ ညနေ ၃နာရီမှာ ဖြန့်ဝေထားတာဖြစ်ပြီး ကြည့်ရှုသူ ၁၀,၉၈၃ဦး၊ reaction ပြုလုပ်သူ ၂၇၃ဦး၊ comment ရေးသားသူ ၃ဦးနဲ့ ပြန်လည်မျှဝေသူ ၃ဦးထိရှိနေပြီး ပျံ့နှံ့မှု အားကောင်းနေပါတယ်။
သတင်းမှားလင့် – https://archive.ph/racdI
ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ အစ္စရေးက လဘနွန်နိုင်ငံ ဘေရွတ်မြို့ကို လေကြောင်းတိုက်ခိုက်ထားတဲ့ရုပ်သံဖြစ်တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
သဇင်ဦးချန်နယ်က အသုံးပြုထားတဲ့ ရုပ်သံမှာဖော်ပြထားတဲ့အတိုင်း အဆောက်အဦးပေါ်ကို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အဦးပျက်စီးသွားတဲ့ပုံကို တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါမှာ တူရကီသတင်းဌာနတခုဖြစ်တဲ့ Haberler.com ကနေ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအကြောင်း ရေးသားထားတဲ့သတင်းမှာ သုံးစွဲထားတာကိုလည်းတွေ့ရပါတယ်။
Haberler.com သတင်းဌာနက ဖော်ပြထားတဲ့ သတင်းဓါတ်ပုံ >>> https://t.me/viewofsue/96923
အမေရိကန်အခြေစိုက် မီဒီယာတခုဖြစ်တဲ့ NBC NEWS သတင်းဌာနက အစ္စရေးနိုင်ငံက ဘေရွတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်းဖော်ပြထားတဲ့ရုပ်သံကလည်း သဇင်ဦးရဲ့ ဝါဒဖြန့်ရုပ်သံနဲ့ တူနေတာကိုလည်းတွေ့ရပါတယ်။
NBC NEWS ကဖော်ပြထားတဲ့ ရုပ်သံ >>> https://www.nbcnews.com/video/israeli-airstrike-destroys-beirut-building-260459077544
အိန္ဒိယ အခြေစိုက် The Sunday Guardian သတင်းဌာနက အစ္စရေးနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း တင်ဆက်ထားတဲ့ သတင်းပုံတွေကလည်း စစ်တပ်လော်ဘီ သဇင်ဦးဖြန့်ဝေတဲ့ ရုပ်သံဖိုင်ထဲက ဗုံးကြဲခံခဲ့ရတဲ့ အဆောက်အဦးပုံနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။
သတင်းသုံးသပ်ချက်
Thazin Oo ချန်နယ်မှာ အသုံးပြုထားတဲ့ ရုပ်သံဖိုင်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာမဟုတ်ဘဲ အစ္စရေးနိုင်ငံက လဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ အဆောက်အဦးတခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။
နိုင်ငံတကာ ပဋိပက္ခတခုရဲ့ဗီီဒီယိုကို အသုံးပြုပြီး မြန်မာနိုင်ငံမှာဖြစ်ပွားသယောင် ရည်ရွယ်ချက်ရှိရှိ လိမ်လည်ရေးသားဖြန့်ဝေထားတဲ့ သတင်းမှားတခုဖြစ်တာကိုတွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီလော်ဘီ Thazin Oo ချန်နယ်က ဖြန့်ဝေထားတဲ့
“Nug က စစ်တပ်လူလားတောင် မသိတော့ဘူး။ ပထမ နဂါးကို ရှင်းတယ် နောက် ဗိုလ်မုန်းတိုင်း အခု ဗိုလ်လက်ယာတဲ့။” (မူရင်းအတိုင်း) အကြောင်းအရာက လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #အစ္စရေး #လဘနွန် #စစ်ကောင်စီလော်ဘီ သတင်းမှားဝါဒဖြန့်







