ဓါတ်ဆီကားတွေ စုံ၊မ ခွဲစရာမလိုဘဲ ပုံမှန်အတိုင်းသွားလာနိုင်တယ်ဆိုတဲ့ သတင်းမှား 
Share:FacebookX

ဓါတ်ဆီကားတွေ စုံ၊မ ခွဲစရာမလိုဘဲ ပုံမှန်အတိုင်းသွားလာနိုင်တယ်ဆိုတဲ့ သတင်းမှား 

ဓါတ်ဆီကားတွေ စုံ၊မ ခွဲစရာမလိုဘဲ ပုံမှန်အတိုင်းသွားလာနိုင်တယ်ဆိုတဲ့ သတင်းမှား 

 

၂၀၂၆ ဧပြီ ၁

(Fact Check – DNA/ MPA/ The Red Flag) 

 

ဓါတ်ဆီကားတွေ ဧပြီ ၁ရက်ကစပြီး စုံ၊ မ စနစ်ကိုလိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်းသွားလာနိုင်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ မတ် ၃၀ရက်က စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ KO CHIT (MDY) ချန်နယ်ကနေ “ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။” (မူရင်းအတိုင်း) ဖြန့်ဝေထားပြီး တခြားလော်ဘီချန်နယ်တွေကလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

KO CHIT (MDY) – https://archive.ph/wip/22OYa 

Thazin Oo – https://archive.ph/v2cGJ 

စွမ်းအားရှင် – https://archive.ph/wip/K4FIq 

Truth Zone Online – https://archive.ph/kKAK4  

Snow Queen – https://archive.ph/LRM26 

Ye Yint Htet (#yyh)️️ – https://archive.ph/fEnjO 

 

ပျံ့နှံ့လာတဲ့အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Checkအဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ လိမ်ညာလှည့်ဖျားရေးသားထားတဲ့ သတင်းမှားတခုဖြစ်တာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

ကိုယ်ပိုင်ယာဥ်တွေကို ပြီးခဲ့တဲ့ မတ်လ ၇ရက်က စပြီး စုံ၊ မ စနစ်ခွဲပြီး သွားလာဖို့ အာဏာသိမ်းစစ်အစိုးရရဲ့ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ”ကနေ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့က စတင်ထုတ်ပြန်ခဲ့တာပါ။

 

ဒါပေမဲ့ အခုလက်ရှိ ဓါတ်ဆီကားတွေ စုံ၊ မ စနစ်ခွဲစရာမလိုဘဲ ပုံမှန်အတိုင်းသွားလာနိုင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ရဲ့  “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ကနေ ထုတ်ပြန်ထားတာမျိုး မတွေ့ရပါဘူး။

စစ်ကော်မရှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ – https://www.moi.gov.mm/announcement 

 

လက်ရှိအငှားယာဥ်မောင်းနေတဲ့ အမျိုးသားတဦးက “စုံ၊မရက် အတိုင်းပဲ ကားတွေ ထွက်နေတာတွေ့တယ်။ ကျနော့် အသိညီတစ်ယောက် စုံရက်မှာ မနံပါတ်ပြားပါတဲ့ ကားထွက်လို့ ရဲဖမ်းခံရတာ သုံးသောင်းပေးလိုက်ရတယ်။  ကျနော်တို့ တက္ကစီတွေကတော့ နေ့တိုင်း ထွက်လို့ရ တယ်။ တပတ်ကို ဆီ လီတာ ၉၀ ထည့် ခွင့်ရတယ်။ ကိုယ့်ကားရဲ့ ဆီတိုင်ကီထဲ ဆန့်သလောက် လီတာ ၉၀ကို နှစ်ခါ၊ သုံးခါ ခွဲပြီး ထည့်ရတယ်” လို့ MFCN ကိုပြောပါတယ်။

 

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၂၇ကလည်း စက်စွမ်းအင်ပေါ်မူတည်ပြီး တပတ် အတွင်း မော်တော်ဆိုင်ကယ်ယာဥ်အတွက် ၂ကြိမ်၊ သုံးဘီး၊ ထော်လာဂျီအတွက် ၃ကြိမ်၊ တခြားယာဥ်နံပါတ်အနက် စက်စွမ်းအင် ၂၀၀၀စီစီကနေ ၃ထောင်စီစီအတွက် ၂ကြိမ်၊ အငှားယာဥ်အတွက် ၃ကြိမ်၊ ပုဂ္ဂလိကနဲ့ ဌာနဆိုင်ရာ ကုန်တင်ဝန်ပေါ့ယာဥ်တွေအတွက်၂ကြိမ်၊ ပုဂ္ဂလိကနဲ့ ဌာနဆိုင်ရာ ကုန်တင်ဝန်လေးတွေအတွက် ၂ကြိမ်၊ tractor head ၁၀ဘီးကားတွေအတွက် ၂ကြိမ်၊ Dump Truck တွေအတွက် ၂ကြိမ်နဲ့ ပုဂ္ဂလိကနဲ့ ဌာနဆိုင်ရာ ယာဥ် (Bus/ Micro bus/ mini bus/ city bus )တွေအတွက် ၃ကြိမ်အထိ ဆီဖြည့်တင်းခွင့်ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။

 

ထုတ်ပြန်ချက်လင့် – https://www.moi.gov.mm/news/81186 

 

သတင်းအချက်အလက်စစ်ဆေးရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescendo ကလည်း ဧပြီ ၁ရက်မှစပြီး စုံ မ ကန့်သတ်ချက် ဖျက်သိမ်းဟူ၍ ပျံ့နှံ့နေသော အကြောင်းအရာကို သတင်းအမှားဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

သတင်းလင့်ခ် – https://bitly.cx/9IttA 

 

သုံးသပ်ချက်

 

ဝါဒဖြန့်ချန်နယ်တွေကနေ ဒီကနေ့ ဧပြီ ၁ရက်နေ့ကစပြီး စုံ၊ မ စနစ်မလိုတော့ဘူးလို့ သူတို့ရဲ့ ချန်နယ်တွေမှာ ဖြန့်ဝေထားပေမယ့် စစ်ကောင်စီရဲ့ တရားဝင် သတင်းဌာနတွေနဲ့ ဝဘ်ဆိုက်တွေမှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက် ထွက်လာတာမျိုးမရှိပါဘူး။

 

ဒါ့အပြင် လက်ရှိမြေပြင်မှာလည်း ကိုယ်ပိုင်ကားတွေကို စုံ၊ မ စနစ်အတိုင်း မလိုက်နာရင် ဖမ်းဆီးအရေးယူတာတွေ၊ ဒဏ်ငွေရိုက်တာတွေ ဆက်တိုက်ပြုလုပ်နေသလို စွမ်းအင်ဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာလည်း ဆီဖြည့်ခွင့်ကို အကြိမ်ရေ ကန့်သားထားတာကိုပဲ ဖော်ပြထားပြီး အင်ဂျင်ပါဝါအလိုက် ၅ရက်တခါမှသာ ဆီဖြည့်ခွင့်ရှိမယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရပါဘူး။ 

 

ဒါ့ကြောင့် ဒီသတင်းဟာ ပြည်သူတွေကြားမှာ ဝေဝါးသွားအောင်နဲ့ စုံ၊မ စနစ်ကြောင့် အဖမ်းခံရအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာထားတဲ့ သတင်းဖြစ်တာကို တွေ့ရပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Post Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MPA_factcheck #MPA #FactCheck #MFCN

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .