ဖလမ်းတိုက်ပွဲတွင် CDF-Paletwa တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး ထွက်ပြေးသည်ဆိုသည့် သတင်းအမှား 
Share:FacebookX

ဖလမ်းတိုက်ပွဲတွင် CDF-Paletwa တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး ထွက်ပြေးသည်ဆိုသည့် သတင်းအမှား 

Akyab Post/ The Red Flag/ MFCN

Fact-check

27 May 2026

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖလမ်းတိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် CDF-Paletwa တပ်သား ၅၀ ကျော် သေဆုံးတာကြောင့် တိုက်ပွဲမှနေ ထွက်ပြေးဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ နေပြည်တော်ကနေ မတ်လ ၂၄ ရက်နေ့မှာ “ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက်လုယက်ခိုးဆိုးလုနိှုက်၅ လနီးပါးကြာခဲ့သည့် CDF-Paletwaစစ်ကူများမတ်၂၃ရက်နေ့တွင်PDFဗဟိုဌာနချုပ်အထိပြန်လည်ဆုတ်ခွါထွက်ပြေးသွားခဲ့ကြကြောင်းသိရသည်။CDF-Paletwaမှ PDFများ၅လကြာ အဆိုပါပြင်းထန် တိုက်ပွဲကာလအတွင်း CDF-Paletwaမှ Rဇာနီ၅၀ကျော်နိမ့်ပါးစွာ အသက်ပေးခဲ့ပြီး PDF၈ဦးမှာလည်း တိုပြတ်ဖွါ ထိခိုက်ဆန့်ငင်ဒဏ်ရာများရရှိခဲ့ကြောင်းအတိကျသိရသည်။” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ 

📌 သတင်းမှားပို့စ် – https://archive.ph/VjANQ 

ဒီပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ မတ်လ ၂၆ ရက်နေ့အထိ​ ဝင်ရောက်ဖတ်ရှုသူ ၆၈၈၀ ကျော်၊ reaction ပေးသူ ၅၇ ဦးနဲ့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်ကို စစ်ဆေးကြည့်တဲ့အခါ ဖလမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ  ၅၀ ကျော် သေဆုံးတာကြောင့် တိုက်ပွဲမှနေ ထွက်ပြေးလာတာဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️ သတင်းစိစစ်ချက် 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေ့တဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ google advanced search tools နဲ့ reversed image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reversed image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ ချင်းဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen ကနေ မတ်လ ၂၄ ရက်နေ့မှာဖလမ်းစစ်မျက်နှာမှာ ၅ လကြာ စစ်ကူတိုက်ပွဲဝင်ခဲ့တဲ့ CDF-Paletwa ရဲဘော်တွေကို ဂုဏ်ပြုကြိုဆို” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

Zalen သတင်းဌာနရဲ့ ရေးသားချက်တွေအရ “ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန်အတွက် သွားရောက်စစ်ကူပေးခဲ့တဲ့ CDF-Paletwa မှ ရဲဘော်တွေဟာ ၎င်းတို့ရဲ့ တာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် မိခင်ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာတာကြောင့် CDF-Paletwa ဗဟိုဌာနချုပ်မှနေ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Zalen သတင်းအပြည့်အစုံ – https://zalen.info/%E1%80%96%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC%E1%80%99%E1%80%BE%E1%80%AC-%E1%81%85-%E1%80%9C%E1%80%80%E1%80%BC/ 

ဒါ့အပြင် The Voice of Chinland သတင်းဌာနမှနေလည်း မတ်လ ၂၃ ရက်နေ့မှာ “ချင်းပြည် ဖလမ်းမြို့တိုက်ပွဲမှာ ၅ လနီးပါးကြာ စစ်ကူသွားပြီး ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြုတဲ့ မှတ်တမ်း ဓာတ်ပုံကို CDF-Paletwa ဗဟိုဌာနချုပ်ကထုတ်ပြန်ပြီး၊ တိုက်ပွဲကာလအတွင်းမှာ CDF-Paletwa ရဲဘော်တစ်ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 The Voice of Chinland  သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1CT7ofa4iA/

ဒီအကြောင်းအရာကိုပဲ The Voice of Spring သတင်းဌာနကနေလည်း မတ်လ ၂၄ ရက်နေ့မှာ “‌ဖလမ်းတိုက်ပွဲသို့ ၅ လခန့်စစ်ကူသွားခဲ့တဲ့ CDF ပလက်ဝ ရဲဘော်များကို ဂုဏ်ပြုကြိုဆို” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 The Voice of Spring  သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1J2ikkG7Vs/  

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ မှာ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် CDF-Paletwa တပ်သား ၅၀ ကျော် သေဆုံးတာကြောင့် တိုက်ပွဲမှနေ ထွက်ပြေးဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

▪️ သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ စစ်လော်ဘီတွေဟာ ဒေသတွင်း သတင်းဌာနက ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေကို အသုံးပြုပြီး အချက်အလက်အမှား တွေနဲ့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

လက်ရှိ ချင်းဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .