စစ်ရာဇဝတ်သားတွေရဲ့ ခိုလှုံရာဖြစ်လာတဲ့ အတုအယောင်လွှတ်တော် ကို ဆန်းစစ်ခြင်း
Share:FacebookX

စစ်ရာဇဝတ်သားတွေရဲ့ ခိုလှုံရာဖြစ်လာတဲ့ အတုအယောင်လွှတ်တော် ကို ဆန်းစစ်ခြင်း

စစ်ရာဇဝတ်သားတွေရဲ့ ခိုလှုံရာဖြစ်လာတဲ့ အတုအယောင်လွှတ်တော် ကို ဆန်းစစ်ခြင်း

 

၂၀၂၆ မတ် ၂၆

(Fact Check – DNA)

 

အာဏာသိမ်းစစ်တပ် စီစဥ်တဲ့ ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲနောက်ပိုင်း မတ်လ ၁၆ရက်နဲ့ ၁၈ရက်တွေမှာ ပထမဆုံးအကြိမ်လွှတ်တော် အစည်းအဝေးကျင်းပခဲ့ပါတယ်။

 

ဒီလွှတ်တော်ကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အတုအယောင် ဒါမှမဟုတ် ရုပ်သေးရုပ်လွှတ်တော်လို့ ခေါ်ဆိုကြပါတယ်။ 

 

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် USDP ဥက္ကဌ အငြိမ်းစားဗိုလ်မှူးကြီး ဦးခင်ရီကို ရွေးချယ်ခဲ့ကြပြီး ဒုဥက္ကဌအဖြစ် အရင်က သတင်းပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်အုန်းကိုခန့်အပ်ခဲ့ပါတယ်။

 

အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် မတ်လ ၁၈က အငြိမ်းစားဗိုလ်ချုပ် စစ်ကောင်စီအတွင်းရေးမှူးဟောင်း ဦးအောင်လင်းဒွေးကို ရွေးချယ်ခဲ့ပြီး ဒုဥက္ကဌအဖြစ် အရင်က အားကစားနဲ့ ဟိုတယ်ခရီးသွားဝန်ကြီး Jeng Phang နော်တောင်ကို ခန့်အပ်ခဲ့ပါတယ်။

 

တတိယအကြိမ်လွှတ်တော်ခေါ်ယူတာနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားတဲ့သတင်း >>> https://shorturl.at/fALCv 

 

အတုအယောင်လွှတ်တော်အဓိကတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုများ

 

လွှတ်တော်နှစ်ရပ်၏ အဓိကတာဝန်ရှိသူလေးဦးလုံးမှာ နိုင်ငံတကာ၏ စီးပွားရေးနှင့် ခရီးသွားလာမှု ပိတ်ဆို့အရေးယူမှု (Sanctions) ခံထားရသူတွေဖြစ်နေတာကိုတွေ့ရပါတယ်။

 

ဒီလွှတ်တော်က ဥက္ကဌနဲ့ ဒုဥက္ကဌ လေးဦးလုံး နိုင်ငံတကာရဲ့ စီးပွားရေးနဲ့ ခရီးသွားလာမှု ပိတ်ဆို့အရေးယူမှု (Sanctions) ခံထား ရတဲ့အကြောင်းကို ဧရာဝတီသတင်းဌာက ဖော်ပြထားတဲ့သတင်း >>>  https://shorturl.at/7LrN3 

 

စစ်တပ်နဲ့ USDP ပါတီရဲ့ လွှမ်းမိုးမှုရှိနေတဲ့ အတုအယောင်လွှတ်တော် 

 

၂၀၀၈ဖွဲ့စည်းပုံအရ လွှတ်တော်နေရာစုစုပေါင်း ၂၅ရာခိုင်နှုန်း (၁၆၆နေရာ)ကို စစ်တပ်ကိုယ်စားလှယ်တွေအတွက် နေရာချပေးထားသလို စစ်တပ်ကျောထောက်နောက်ခံပါတီတခုဖြစ်တဲ့ USDPက ဒီအတုအယောင်ရွေးကောက်ပွဲမှာလည်း နေရာအများဆုံးယူထားတာကြောင့် လက်ရှိစုစုပေါင်းလွှတ်တော်ထိန်းချုပ်မှုအရ စစ်တပ်နဲ့ကြံ့ဖွံ့က အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

 

လွှတ်တော်ထဲမှာ စစ်တပ်နဲ့ကြံ့ဖွံ့အဖွဲ့ဝင်ကိုယ်စားလှယ်တွေသာ အများဆုံး စိုးမိုးထားတယ်ဆိုတဲ့အကြောင်း Al Jazeera သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့် >>> https://shorturl.at/ifOtD 

 

ပြည်သူ့လွှတ်တော်ထဲမှာ အငြိမ်းစားဗိုလ်ချုပ်တွေ အများအပြားပါဝင်လာသလို စစ်ရာဇဝတ်မှုကျူးလွန်တာတွေ လူမျိုးရေးဘာသာရေး အစွန်းရောက်တဲ့ မဘသအဖွဲ့နဲ့ ဆက်စပ်နေတဲ့ အမတ်တွေအများကြီး ပါဝင်လာသလို လွှတ်တော်အဖွဲ့ဝင်အဖြစ် ဥပဒေကာကွယ်မှုရရှိမယ့် အခွင့်အရေးရှိနေတာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်သူတွေအတွက် ခိုလှုံရာဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ လေ့လာသူတွေက ဝေဖန်နေကြပါတယ်။

 

နိုင်ငံတကာမျက်နှာမှာ ပုံရိပ်ကောင်းပြန်တည်ဆောက်ဖို့ လော်ဘီကုမ္ပဏီတွေကိုအသုံးချခဲ့တဲ့ စစ်ကောင်စီ 

 

စစ်ကောင်စီဟာ သူတို့ရဲ့ ပုံရိပ်ကို ကာကွယ်ဖို့နဲ့  နိုင်ငံတကာ ဆက်ဆံရေး ပြန်လည်တည်ဆောက် ဖို့ရည်ရွယ်ပြီး အမေရိကန်အခြေစိုက် DCI Group လိုမျိုး လော်ဘီကုမ္ပဏီ ကို ငှားရမ်းအသုံးပြုခဲ့ပါတယ်။ 

 

 စစ်ကောင်စီဟာ အမေရိကန်လော်ဘီကုမ္ပဏီကို ငှားရမ်းခဲ့တယ်ဆိုတဲ့အကြောင်း The Irrawaddy – English က ဖော်ပြထားတဲ့ သတင်း >>> https://shorturl.at/XBAgo 

 

ဒီအတုအယောင်ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးတာနဲ့ လူထုရဲ့ကျောခိုင်းမှု ကြီးမားနေတာကို လော်ဘီတွေကိုယ်တိုင်က သူတို့ရဲ့ တယ်လီဂရန်ချန်နယ်မှာ ဝန်ခံခဲ့ပါတယ်။

 

စစ်လော်ဘီ နရီမိုးချန်နယ်က ဖော်ပြခဲ့တဲ့အကြောင့်အရာ >>> https://archive.ph/wip/YZQcr 

 

စစ်အစိုးရရဲ့ တရားဝင်ကြေညာချက်အရ ပထမအဆင့်မဲပေးမှုမှာ ၅၂ရာခိုင်နှုန်းဝန်းကျင်ရှိတယ် ဆိုပေမယ့် နိုင်ငံတကာလေ့လာသူတွေနဲ့ မီဒီယာတွက တကယ်မဲလာပေးနှုန်းက ပိုနည်းတယ်လို့ ဆိုပါတယ်။ 

 

စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူလူထုကအကြောက်တရားနဲ့သာ မဲလာပေးခဲ့ရတယ်ဆိုတဲ့ အကြောင်း TIME မဂ္ဂဇင်းက ဖော်ပြထားတဲ့သတင်း >>>  https://shorturl.at/truhP 

 

စစ်ကောင်စီရဲ့ အတုအယောင်လွှတ်တော်ကို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှု

 

 Justice For Myanmar နဲ့ တခြားအဖွဲ့အစည်း ၂၃၅ခုတို့ရဲ့ ပူးတွဲတောင်းဆိုချက်မှာ နိုင်ငံတကာက ဒီလွှတ်တော်နဲ့ အစိုးရအသစ်ကို အသိအမှတ်မပြုဖို့နဲ့ ပိတ်ဆို့အရေးယူမှုအသစ်ချမှတ်ဖို့ တိုက်တွန်းထားကြသလို Human Rights နဲ့ UN Special Rapporteur တို့ကလည်း ဒီအတုအယောင် ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို လက်မခံသင့်ကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။

 

Justice For Myanmar နဲ့ အရပ်ဖက်လူမှုအဖွဲ့စည်း ၂၃၅ဦးရဲ့ ပူးတွဲထုတ်ပြန်ချက်အကြောင်း မိဇ္စျိမသတင်းဌာနက ဖော်ပြထားတဲ့သတင်း >>> https://shorturl.at/kLQbe 

 

သုံးသပ်ချက်

 

အတုအယောင် ရွေးကောက်ပွဲနဲ့ လွှတ်တော်ဟာ အာဏာသိမ်းစစ်တပ်က ၎င်းတို့ရဲ့ အာဏာကို တရားဝင်မှု (Legitimacy) ရရှိအောင် ဖန်တီးထားသော ဖြစ်စဉ်တခုသာဖြစ်ပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့  စုဖွဲ့ထားတဲ့ အတုအယောင်လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့လက်ရှိပဋိပက္ခကို ပြေလည်စေမှာမဟုတ်သလို ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလည်း ဖော်ဆောင်နိုင် မှာမဟုတ်ပါဘူး။

 

အတုအယောင်လွှတ်တော်ဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပုံစံပြောင်းလဲဖို့ ကြိုးပမ်းမှုသာဖြစ်ပါတယ်။ 

 

#DNA #DNAFactCheck #MFCN #FactCheck #Sham_Election 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .