၅၇ ပါတီ ပြပွဲနဲ့ စစ်တပ်ရဲ့ဒီမိုကရေစီ အတုအယောင် ရွေးကောက်ပွဲ
၂၀၂၆ မတ် ၂၄
Fact Check – DNA
အပိုင်း ၃ပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အဆန်းကြယ်ဆုံးနဲ့ ဟန်ပြအကျဆုံးဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲတခုအဖြစ် သမိုင်းဝင်သွားခဲ့ပါတယ်။
စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေဖြစ်တဲ့ စစ်လော်ဘီတွေက “ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီပေါင်း ၅၇ ပါတီဆိုတဲ့ အင်အားကလည်း သေးငယ်တဲ့ ကိန်းဂဏန်း မဟုတ်ဘူး။” လို့ ဝါဲဒဖြန့်ဝေနေပေမဲ့ လက်တွေ့မှာတော့ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုတဲ့ ဟန်ပြရွေးကောက်ပွဲတခုသာ ဖြစ်ခဲ့ပါတယ်။
ဝါဒဖြန့်လင့် – https://archive.ph/PYdyv
စစ်ကောင်စီရဲ့ လက်အောက်ခံ ဝါဒဖြန့်မီဒီယာတွေ၊ စစ်လော်ဘီတွေက ၅၇ပါတီဝင်ပြိုင်တာကို အကျယ်တဝင့်ရေးနေ၊ ဝါဒဖြန့် ဖြန့်ဝေနေကြပေမဲ့ အဲ့ဒီ ၅၇ပါတီထဲမှာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုကို ရရှိထားတဲ့ NLDလို ပါတီကို ဥပဒေအကြောင်းအရ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖယ်ထုတ်ထားခဲ့တာပါ။
၂၀၂၁ အာဏာစသိမ်းခဲ့စဥ်ကတည်းက NLD ပါတီဝင်တွေကို အကြောင်းပြချက်မဲ့ ဖမ်းဆီးခဲ့တယ်ဆိုတဲ့အကြောင်း RFA က ဖော်ပြထားတဲ့ သတင်း >>> https://bit.ly/4lHJiE0
ဒါ့အပြင် ၂၀၂၀ မှာ သုံးခဲ့တဲ့ (နိုင်သူအကုန်ယူ)စနစ်ကို ဖျက်သိမ်းပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ကို အတင်းအကျပ် ပြောင်းလဲကျင့်သုံးခဲ့တာဟာလည်း စစ်တပ်လက်ဝေခံ ပါတီငယ်လေးတွေ မဲအနည်းငယ်ရရုံနဲ့ လွှတ်တော်ထဲ ရောက်လာနိုင်ဖို့ ပြုလုပ်ပေးလိုက်တာပါ။
ဒါဟာ လူထုထောက်ခံမှု မရရှိတဲ့ ပါတီတွေကို စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်း အခွင့်အရေးနဲ့ ပေါင်းစပ်ပြီး စိတ်ကြိုက်အစိုးရဖွဲ့နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ရပ်တခုသာ ဖြစ်ပါတယ်။
PR စနစ်နဲ့ပတ်သက်ပြီး BBC Burmese က ဖော်ပြထားတဲ့ သတင်း >>> https://www.facebook.com/share/v/1EJHgqyaBb/
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေပါတီစုံရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၉၇ ပါတီအထိရှိပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ၇၉ပါတီအထိဝင်ရောက်ယှဥ်ပြိုင်ခဲ့သလို ၁၈ပါတီက တိုင်းနဲ့ပြည်နယ်အလိုက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာပါ။
အချက်အလက်ကိုးကားလင့် (စာမျက်နှာ – ၆) – https://researchbriefings.files.parliament.uk/documents/CBP-9127/CBP-9127.pdf
ဒါပေမဲ့ စစ်ကောင်စီကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ပါတီဝင်ရောက်ယှဥ်ပြိုင်ခဲ့တယ်လို့ ပြောဆိုနေကြပေမဲ့လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ယှဥ်ပြိုင်တဲ့ပါတီ ၆ပါတီသာရှိတာကိုတွေ့ရပါတယ်။
အဲ့ဒီ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပါတီတွေမှာ ပြည်သူ့ပါတီ (PP)နဲ့ ရှမ်းနဲ့တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတိုကလွဲပြီးကျန်တဲ့ ပါတီတွေက စစ်တပ်ကျောထောက်နောက်ခံပါတီတွေနဲ့ စစ်တပ်လက်ဝေခံပါတီတွေသာဖြစ်နေတာပါ။
ကိုးကားလင့် >>> https://bit.ly/4t2ICvm
စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာ ပါတီဝင်အရေအတွက် ဘယ်လောက်ပဲများများ ပြည်သူက ရွေးချယ်ချင်တဲ့သူကို ရွေးချယ်ခွင့်မရတဲ့ရွေးကောက်ပွဲက ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ကင်းဝေးနေတဲ့ ရွေးကောက်ပွဲတခုအဖြစ်သာရှိနေတာပါ။
ထူးခြားချက်အနေနဲ့ စစ်လော်ဘီတွေကိုယ်တိုင်က စစ်အစိုးရ ဦးစီးကျင်းပတဲ့ရွေးကောက်ပွဲရဲ့အားနည်းချက်တွေကို ဝန်ခံပြောဆိုလာတာကိုလည်း တွေ့ရပါတယ်။
စစ်လော်ဘီတဦးဖြစ်တဲ့ နရီမိုးရဲ့ မတ် ၂၄ရက် ဖြန့်ဝေထားခဲ့တဲ့ ရေးသားချက်အရ စစ်တပ်အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ နေရာအနှံ့မကျင်းပနိုင်းခဲ့သလို လူဦးရေ ၉သန်း ဝန်းကျင်က(ဝါဒဖြန့်စာအရ) မဲမပေးခဲ့ကြတာက ကြောက်ရွံ့မှုနဲ့ NLD ပါတီကို ထောက်ခံသူတွေဖြစ်နိုင်တယ်လို့ ရေးသားထားသလို အာဏာသိမ်းစစ်အစိုးရအနေနဲ့ လူထုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို အပြင်းအထန်ရင်ဆိုင်ရမယ်လို့ သတိပေးရေးသားထားတာကို တွေ့ရပါတယ်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက သူတို့အချင်းချင်းကြားမှာတောင် ယုံကြည်မှု အပြည့်အဝမရှိသလို ဟန်ပြသက်သက်သာ ဖြစ်တယ်ဆိုတာကို ပိုထင်ရှားစေတာကို တွေ့ရပါတယ်။
နရီမိုးဖော်ပြထားတဲ့ ပို့စ် >>> https://archive.ph/wip/YZQcr
ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိအပိုင်း ၃ပိုင်းခွဲပြီး ကျင်းပခဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်တပ်ရဲ့ နယ်မြေစိုးမိုးမှုကင်းမဲ့နေတာကို သက်သေပြနေတာပါ။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားမှာ ရွေးကောက်ပွဲမကျင်းပနိုင်ရုံသာမက သန်းခေါင်စာရင်းတောင် မကောက်နိုင်ခဲ့တဲ့ အခြေအနေက ဒီရွေးကောက်ပွဲဟာ တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ဘူးဆိုတာ သက်သေပြနေတာပါ။
တော်လှန်ရေးအင်အားစုအားကောင်းတဲ့ဒေသတွေမှာ ရွေးကောက်ပွဲမကျင်းနိုင်ခဲ့တဲ့အကြောင်း RFA က ဖော်ပြထားတဲ့ သတင်းလင့် >>> https://bit.ly/4bJDTro
တနိုင်ငံလုံးမှာ တပြိုင်နက်တည်းကျင်းပနိုင်တဲ့အခြေအနေမရှိသလို စစ်တပ်ရဲ့နယ်မြေစိုးမိုင်းနိုင်တဲ့ ဒေသတွေမှာသာ လက်နက်အားကိုးနဲ့ အတင်းအကျပ် ရွေးကောက်ပွဲပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲ အပိုင်သုံးအခြေအနေနဲ့ပတ်သက်ပြီး Myanmar Now သတင်းဌာနကဖော်ပြထားတဲ့ ဆောင်းပါး >>> https://myanmar-now.org/mm/news/71497/
စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံပါတီတွေအနေနဲ့ သူတို့ထိန်းချုပ်နိုင်တဲ့ မြို့ပေါ်ဧရိယာတွေနဲ့ စစ်တပ်နယ်မြေတွေမှာသာ မဲဆွယ်ခွင့်၊ မဲထည့်ခွင့် ရခဲ့ကြပြီး ကျန်တဲ့ ဒေသအများစုမှာတော့ ဒီအတုအယောင်ရွေးကောက်ပွဲကို လုံးဝလျစ်လျူရှုခဲ့ကြတာကို တွေ့မြင်ရတာပါ။
စစ်လော်ဘီတွေ ဖြန့်ဝေသလို “မှတ်ပုံတင်ခြင်း၊ မတင်ခြင်းဆိုတာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး” လို့ ငြင်းပါယ်ပြောဆိုနေပေမဲ့လည်း မြန်မာနိုင်ငံမှာ လူထုထောက်ခံမှုအများဆုံးရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD ပါတီရဲ့ ပါတီဝင်အများစုကို အဓိပ္ပါယ်မဲ့ ထောင်ချဖမ်းဆီးထိမ်းသိမ်းခဲ့တာကိုလည်းတွေ့ရပါတယ်။
တရားမဝင် အာဏာသိမ်းခဲ့တဲ့ စစ်ကော်မရှင်တပ်က NLD ပါတီက ပါတီဝင်အများစုကို အကြောင်းအရင်း မဲ့ဖမ်းဆီးထောင်ချတာတွေပြုလုပ်ခဲ့သလို ပါတီမှတ်ပုံတင်ခွင့်ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်မှာ စတင်ကြေညာခဲ့ပြီး ရက်၆၀အတွင်းပါတီမှတ်ပုံမတင်ခဲ့တာကြောင့် NLD ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကိုလည်း ဖျက်သိမ်းခဲ့ပါသေးတယ်။
စစ်တပ်က NLD ပါတီအပါအဝင် ပါတီပေါင်း ၄၀ကို ဖျက်သိမ်းခဲ့တယ်ဆိုတာကို DVB သတင်ဌာနက ဖော်ပြထားတဲ့ သတင်း >>> https://www.dvb.no/post/585688
အဲ့ဒီလို အင်အားအကြီးဆုံးပါတီကို မှတ်ပုံတင်ခွင့်မပြုဘဲ ဖျက်သိမ်းလိုက်သလို ပါတီဝင်တွေကို ဖမ်းဆီးထောင်ချထားတာတွေက စစ်တပ်စိတ်ကြိုက် ရွေးကောက်ပွဲအခြေအနေကို ရွေးကောက်ပွဲကော်မရှင်က ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။
စစ်တပ်နဲ့ သူတို့ရဲ့လက်ဝေခံတွေက သူတို့ကိုယ်သူတို့ တရားဝင်မှုရှိသယောင် ကမ္ဘာ့နိုင်ငံတွေကို လှည့်စားဖို့ အပိုင်း ၃ပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ၂၀၂၆ မတ်လ ၁၈ကလည်း တတိယအကြိမ် အမျိုးသားလွှတ်တော်ကို ခေါ်ယူခဲ့တာကိုလည်းတွေ့ရပါတယ်။
အဲ့ဒီအစည်းအဝေးမှာ အမျိုးသားလွှတ်တော် ဥက္ကဌအနေနဲ့ စစ်တပ် လက်ကိုင်တုတ် ဦးအောင်လင်းဒွေးက တာဝန်ယူထားခဲ့ပြီး ဒီအတုအယောင်ရွေးကောက်ပွဲကို သိက္ခာရှိတဲ့ ရွေးကောက်ပွဲလို့ တင်စားပြောဆိုခဲ့ပါတယ်။
ဦးအောင်လင်းဒွေးရဲ့ပြောဆိုချက် >>> https://archive.ph/wip/RDGbo
ဒါပေမဲ့လည်း လက်တွေ့မှာတော့ ပြည်သူလူထုအများစုက သပိတ်မှောက်ထားခဲ့သလို နိုင်ငံတကာ အသိအမှတ်မပြုတဲ့အပြင် စစ်လော်ဘီတွေကိုယ်တိုင်ကိုက မဲပေးသူနည်းပါးမှုနဲ့ ထောက်ခံသူ အကန့်အသတ်ရှိမှုကို ဝန်ခံနေရတဲ့ အခြေအနေမျိုးကို သိက္ခာရှိတယ်လို့ ပြောဆိုနေတာက ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာပါ။
အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂကလည်း ဒီလုပ်ရပ်ကို အတုအယောင်ရွေးကောက်ပွဲလို့ ကြိုတင်သတ်မှတ်ထားသလို၊ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လျစ်လျူရှုပြီး လုပ်ဆောင်နေတာကြောင့် ဒီရွေးကောက်ပွဲဟာ အာဏာသိမ်းစစ်အစိုးရအတွက် တရားဝင်မှုကို ယူလာပေးနိုင်မှာ မဟုတ်ပါဘူး။
ဥရောပပါလီမန် ရဲ့ ထုတ်ပြန်ကြေညာချက် – https://bit.ly/4uDDeAu
အာဆီယံရဲ့သဘာထား – https://n.pr/4d6XN1Z
စစ်ကောင်စီလော်ဘီတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြင်သစ်နိုင်ငံရဲ့ ဝေဖန်မှုတွေကို ပြည်တွင်းရေးဝေဖန်မှုအနေနဲ့ တန်ပြန်တုံ့ပြန်နေကြသလို သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက ပြည်သူ့ဆန္ဒနဲ့အညီ ပွင့်လင်းမြင်သာမှုရှိကြောင်းနဲ့ အကျဥ်းသားတွေကိုလည်း လူသားချင်းစာနာမှုအနေနဲ့ လွှတ်ပေးနေတယ်လို့ ပြောဆိုနေကြပေမဲ့လည်း လက်တွေ့မြေပြင်အခြေအနေနဲ့ ကွာခြားချက်ရှိနေတာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ ပြစ်သစ်နိုင်ငံက တောင်းဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်း >>> https://www.facebook.com/share/p/18VqePsoz1/
စစ်လော်ဘီတွေရဲ့ တုံ့ပြန်ပြောဆိုနေတဲ့အကြောင်းအရာ >>> https://archive.ph/jJ0xV
စစ်လော်ဘီတွေက လူထုက လက်နက်ကိုင်လမ်းစဥ်ကို ကျောခိုင်းပြီး စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ပုံဖျက်ဝါဒဖြန့်နေကြပေမဲ့လည်း တကယ့်လက်တွေ့အနေနဲ့ စစ်အာရှင်စနစ်အောက်မှာ လက်နက်အားကိုးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ လိုလားချက်မဟုတ်ဘဲ နိုင်ငံရေးထွက်ပေါက် အများတခုသာ ဖြစ်တာကို တွေ့ရပါတယ်။
စစ်လော်ဘီ Kyaw Swar ဖြန့်ဝေထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဝါဒဖြန့်သတင်း >>> https://archive.ph/wip/613FM
ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားတာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ဥပဒေကြောင်းအရ ဗန်းပြဖို့ ကြိုးစားတဲ့ လုပ်ရပ်သက်သက်သာ ဖြစ်တာကိုတွေ့ရပါတယ်။
#DNA_Fact_Check #DNA #MFCN #Fact_Check #Sham_Election #အတုအယောင်ရွေးကောက်ပွဲ







