တအာင်း (ပလောင်) ဒေသတွင် MNDAA ကို ဆန့်ကျင်ဆန္ဒပြနေသည်ဆိုသည့် AI ဖြင့်ဖန်တီးထားသော သတင်းအမှား
Share:FacebookX

တအာင်း (ပလောင်) ဒေသတွင် MNDAA ကို ဆန့်ကျင်ဆန္ဒပြနေသည်ဆိုသည့် AI ဖြင့်ဖန်တီးထားသော သတင်းအမှား

 

၂၀၂၆ မတ်လ ၂၅ ရက်

 

(Fact-check / သျှမ်းသံတော်ဆင့်, The Red Flag)

 

ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား တအာင်း (ပလောင်) နယ်မြေအတွင်းမှ ထွက်ခွာပေးရန်နှင့် အလိုမရှိကြောင်း ဆန္ဒပြနေကြသည်ဟုဆိုကာ လူစုလူဝေးဓာတ်ပုံများနှင့် သတင်းများ ပျံ့နှံ့နေသည်။

 

အဆိုပါဓာတ်ပုံကို We Are Ta’ang အမည်ရှိ အကောင့်တစ်ခုမှ မတ်လ ၂၀ ရက်နေ့တွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ပြီး reaction ပြုလုပ်သူ ,၅၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၁၀၀ ကျော် ရှိခဲ့သည်။

 

သတင်းအမှားဖြန့်ဝေသော လင့်ခ် https://shorturl.at/1L21J  

 

သတင်းစိစစ်ချက်

 

ပျံ့နှံ့နေသာ ဓာတ်ပုံများကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်ရာတွင် AI နည်းပညာကိုသုံး၍ လုပ်ကြံဖန်တီးထားသော ဓာတ်ပုံများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

စစ်ဆေးတွေ့ရှိချက်အရ ဓာတ်ပုံတွင် ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်ရှိ စာသား မှားယွင်းနေခြင်း၊ လူများ၏ လက်ချောင်းများ ပုံမှန်မဟုတ်ဘဲ ပိုနေခြင်း သို့မဟုတ် ပုံပျက်နေခြင်းကို တွေ့ရှိရသည်။

 

၎င်းမှာ AI နည်းပညာကို သုံး၍ လုပ်ကြံဖန်တီးထားသော ဓာတ်ပုံဖြစ်ကြောင်း ခိုင်လုံသော အထောက်အထား ဖြစ်သည်။

 

သျှမ်းမြောက်အခြေစိုက် သတင်းဌာန ဖြစ်သော ရွှေဖီမြေသတင်းနှင့် အခြားသော လွတ်လပ်သည့် သတင်းဌာနကြီးများတွင် ယခုကဲ့သို့ အကြီးအကျယ် ဆန္ဒပြပွဲဖြစ်ပွားကြောင်း သတင်းဖော်ပြထားခြင်း လုံးဝမရှိပါ။

 

အဆိုပါသတင်းများကို စတင်ဖြန့်ဝေသူများသည် သတင်းဌာနအတုများ သို့မဟုတ် လူမျိုးရေးပဋိက္ခ လှုံ့ဆော်လိုသော အမည်မသိ အကောင့်များ (Fake Accounts) မှ အဓိက ဖြန့်ဝေနေခြင်း ဖြစ်သည်။

 

 

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် MNDAA တို့အကြား နယ်မြေအုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုနှင့် သဘောထားကွဲလွဲမှု အချို့ရှိနေသည်မှာ အမှန်ဖြစ်သော်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းယူ၍ လူမျိုးစုနှစ်ခုကြား သွေးထိုးပေးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သည်။

 

 

မူဆယ် ၁၀၅ မိုင်မှာ TNLA က တအာင်းအလံပြန်လည်လွှင့်ထူ – https://shorturl.at/ahkGX

ကိုးကန့်နဲ့ တအာင်းတပ် အပစ်ရပ်ဖို့ သဘာတူ – https://web.facebook.com/reel/2973809642810449

 

သုံးသပ်ချက်

 

ယခုပျံ့နှံ့နေသော ဓာတ်ပုံများနှင့် သတင်းအချက်အလက်အချို့မှာ သတင်းမှားနှင့် လုပ်ကြံဝါဒဖြန့်မှုသာ ဖြစ်သည်။ သတင်းအမှားဖြန့်ချိသူများမှာ လူမျိုးရေး အမုန်းစကားများ ပိုမိုပြင်းထန်လာစေရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

 

အများပြည်သူများအနေဖြင့် ထိတ်လန့်စိုးရိမ်ဖွယ် သတင်းများကို တွေ့ရှိပါက ခိုင်လုံသော သတင်းဌာနများတွင် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ယုံကြည်ကြရန်နှင့် ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းအပ်ပါသည်။

 

စာဖတ်သူတွေအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် လည်းကောင်း၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည် လည်းကောင်း၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

 

Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .