အတုအယောင်ရွေးကောက်ပွဲက ဖြစ်ပေါ်လာတဲ့ လွှတ်တော်ကို Wikipedia က အတည်ပြုသွားပြီဆိုတဲ့ နားလည်မှုလွဲမှားစေတဲ့ အကြောင်းအရာအမှား
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်
(Factcheck/ DNA / The Red Flag)
☑️အနှစ်ချုပ်
အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်တဲ့ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာခဲ့တဲ့ လွှတ်တော်ကို တရားမဝင်ဘူးလို့ တော်လှန်ရေးဘက်တော်သားတွေက ဘယ်လိုပဲပြောပြော အွန်လိုင်းစွယ်စုံ ကျမ်းဖြစ်တဲ့ ဝီကီ(Wikipedia)က အတည်ပြုသွားပြီဆိုတဲ့ ရေးသားချက်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ Wikipedia ဟာ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတခုလို အတည်ပြုပေးနိုင်တဲ့အရာမဟုတ်ဘဲ အွန်လိုင်းသုံး စွဲသူဘယ်သူမဆို ဝင်ရောက်ရေးသား ပြင်ဆင်ဖြည့်စွက်တာကို ပြုလုပ်နိုင်တာဖြစ်တဲ့အတွက် နားလည်မှု လွဲမှားစေတဲ့ အကြောင်းအရာအမှားဖြစ်ပါတယ်။
☑️ဖြန့်ဝေထားတဲ့အကြောင်းအရာ
“တရားမဝင်ဘူးလို့ခွက်ခေါက်တွေဘယ်လိုအော်အော် ဝီကီကတော့အတည်ပြုသွားပြီ”(မူရင်းအရေးအသား အတိုင်း) လို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်မှာ ထက်ထက် လှိုင် Facebook account ကနေ Wikipedia က ပြည်သူ့လွှတ်တော်အကြောင်းရေးသားဖော်ပြထားတဲ့ screenshot ပုံ ၂ ခုနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
ထက်ထက် လှိုင် – https://archive.ph/u861z
ဒီအကြောင်းအရာကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်အထိ ဝင်ရောက်မှတ်ချက်ပေးသူ ၃၉ ဦး၊ React ပေး သူ ၃၅၄ ဦး၊ မျှဝေသူ ၁၅ ဦးရှိတာကို တွေ့ရပါတယ်။
ဒီရေးသားချက်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ် ဆေးကြည့်တဲ့အခါ Wikipedia ဟာ အစိုးရ/အဖွဲ့အစည်းတခုခုမဟုတ်ဘဲ အင်တာနက်သုံးစွဲနိုင်တဲ့ ဘယ်သူ မဆိုဝင်ရောက် ရေးသားပြင်ဆင်ဖြည့်စွက်နိုင်တဲ့ အွန်လိုင်းစွယ်စုံကျမ်းစာအုပ်တခုသာဖြစ်လို့ စစ်ကောင်စီရဲ့ လွှတ်တော်ကို ဝီကီက အတည်ပြုသွားပြီဆိုတဲ့ ရေးသားချက်က နားလည်မှုလွဲမှာစေတဲ့အကြောင်းအရာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
သတင်းမှားရေးသားခဲ့တဲ့ “ထက္ထက္္လွိဳင္” အကောင့်ပိုင်ရှင်ဖော်ပြထားခဲ့တဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာကို ဝီကီက အတည်ပြုပြီဆိုတဲ့ screenshot ပုံ ၂ ခုဟာ Wikipedia ရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ၁၂း၂၉ အချိန်မှာ နောက်ဆုံးထား ပြင်ဆင်ရေးသားထားတဲ့အကြောင်းအရာဖြစ်တာကို တွေ့နိုင်ပါတယ်။
Wikipedia ပါ ပြည်သူ့လွှတ်တော် မူရင်း စာမျက်နှာ –https://archive.ph/cILJV
☑️ Wikipedia ဆိုတာဘာလဲ
ဝီကီပီးဒီးယား ဆိုတာ အမေရိကန်ပြည်ထောင်စု အခြေစိုက်ပရဟိတအဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်း ဦးဆောင်လှုပ်ရှားနေတဲ့ ဘာသာစုံနဲ့ အကြောင်းအရာမျိုးစုံပါဝင်တဲ့ အခမဲ့အင်တာနက် စွယ်စုံကျမ်း ပရော ဂျက်တခုဖြစ်ပြီး ဝီကီပီးဒီးယား ဆိုတဲ့အမည်ဟာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်တဲ့ ဝက်ဘ်ဆိုဒ် နည်း ပညာဖြစ်သည့် ဝီကီ(ဟာဝေယံစကားဖြစ်ပြီး မြန်မြန်လို့ အဓိပ္ပာယ်ရသည်)နဲ့ စွယ်စုံကျမ်းလို့ အဓိပ္ပာယ် ရသော အင်ဆိုင်ကလိုပိဒိယ ဆိုတဲ့ အင်္ဂလိပ်စကားလုံးတွေကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။
ဂျင်မီဝေး နဲ့ လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံက လူတွေ ရဲ့ ဗဟုသုတတွေကို အကျဉ်းရုံးစုစည်းဖို့ ရည်ရွယ်ခဲ့ခြင်းပါတယ်။
ဝီကီပီးဒီးယားမှာ ဘာသာစကား (၂၈၈)မျိုးနဲ့ရေးသားထားတဲ့ ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုတဲ့အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ လစဉ်ဝင်ရောက် ဖတ်ရှုသူ သန်းငါးရာခန့်ရှိတဲ့အပြင် တကမ္ဘာလုံးအနေနဲ့ ဝီကီပီးဒီးယား အသုံးပြုသူအကောင့်ပေါင်း ၁၉ သန်း ခန့်ဖြစ်ကာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလစာရင်းများအရ တက်ကြွတဲ့တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိပါတယ်။
Wikipedia (သို့မဟုတ်) Wiki ဆိုတာဟာ လူတိုင်း ပါဝင်ရေးသားနိုင်တဲ့ ပလက်ဖောင်းတခု ဖြစ်ပြီး အသက် အရွယ်၊ ပညာအရည်အချင်းကန့်သတ်ချက်မရှိဘဲ အင်တာနက်အသုံးပြုသူ ဘယ်သူမဆိုဝင်ရောက် ရေးသား နိုင်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။
အကောင့်ဖွင့်ထားသူတွေသာမက အကောင့်မရှိဘဲ IP Address နဲ့လည်း တည်းဖြတ်မှုတွေကို ပြုလုပ်နိုင်ပါ တယ်၊ ဒါပေမဲ့အရေးကြီးတဲ့ အကြောင်းအရာတွေအတွက် အကောင့်ဖွင့်ထားသူတွေကို ပိုမိုဦးစားပေးလေ့ ရှိပါတယ်။
Wikipedia အကြောင်း –https://archive.ph/7nXmL
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ၁၁၅၀ မှ နိုဝင်ဘာလ ၁၈ ၁၂၃၅ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ “ပြည်သူ့လွှတ်တော်ဒုတိယအကြိမ်၊ ဥက္ကဌ ဦးတီခွန်မြတ်၊ USDP ၊ ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်၊ NLD ၁ ဖေဖော်ဝါရီ ၂၀၁၆ ကတည်းက”လို့ရေးသားထားပြီး ခေါင်း ဆောင်မှုမှာ ပထမနဲ့ဒုတိယလွှတ်တော်သဘာပတိ၊ ဥက္ကဌ၊ ဒုဥက္ကဌအမည်များကို ရေးသားထားတာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/xp9Iz
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ၁၂၃၅ မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ၀၄၄၂ အချိန်ထိ တည်းဖြတ်ရေးသားထားမှုမှာ “ခေါင်းဆောင်မှုအနေနဲ့ ပထမနဲ့ဒုတိယ လွှတ်တော်သဘာပတိ၊ ဥက္ကဌ၊ ဒုဥက္ကဌအမည်များကို ရေးသားထားပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ ဒုဥက္ကဌ-လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ ထဲကတည်းက”လို့ပြင်ဆင်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/aPRtR
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ၀၆၀၇ မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ၀၆၀၇ အချိန်ထိ တည်းဖြတ်ရေးသားထားမှုမှာ “ခေါင်းဆောင်မှုအနေနဲ့ တတိယ အကြိမ်ပြည်သူ့လွှတ်တော်ဆိုတာ ထည့်သွင်းရေးသားခဲ့ပြီး လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ ကတည်းက လို့ ပြင်ဆင်ရေးသားထားတာကို တွေ့ရပါတယ်။
Wikipedia– https://archive.ph/1aWMm
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ၀၆၀၇ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၃၅၇ အချိန်ထိ တည်းဖြတ်ရေးသားထားမှုမှာ “ တတိယအကြိမ်ပြည်သူ့လွှတ်တော် သဘာပတိအမည်မှာ ဒေါက်တာနန္ဒကျော်စွာထည့်သွင်းထားခဲ့တာကို တွေ့ရပါတယ်။
Wikipedia– https://archive.ph/mFoB2
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၃၅၇ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၄၂၄ အချိန်ထိ တည်းဖြတ်ရေးသားထားမှုမှာ “ ဦးတီခွန်မြတ်နေရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီ ၁၆ မတ် ၂၀၂၆ ကတည်းက လို့ ပြင်ဆင်ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
Wikipedia– https://archive.ph/JWroK
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၄၂၄ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၄၃၄ အချိန်ထိ တည်းဖြတ်ရေးသားထားမှုမှာ“ဒုတိယဥက္ကဌနေရာမှာ ဦးမောင်မောင်အုန်း၊ USDP လို့ ထည့်သွင်းရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/PlLb2
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၄၃၄ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၅၂၂ အချိန်ထိ တည်းဖြတ်ရေးသားထားမှုမှာ“တတိယအကြိမ်၊ ဒုတိယအကြိမ်၊ ပထမအကြိမ်“ တို့ကို အစဉ်အတိုင်းပြန်စီခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/6POfF
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် ၀၅၂၂ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ၁၅၃၂ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ“pyithuhluttaw.gov.mm မှ pyithu.hluttaw.mm အဖြစ် website address ပြင်ဆင်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia – https://archive.ph/YnNPA
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ၁၅၃၂ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် ၀၉၀၀ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ “ဥက္ကဌဦးခင်ရီ၊ USDP ဒုဥက္ကဌ ဦးမောင်မောင်အုန်း၊ USDP တို့နောက်မှာ ၁၆ မတ် ၂၀၂၆ ကတည်းက ဆိုတဲ့ စာသားပြင်ဆင်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/Mu5i4
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် ၁၅၃၅ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် ၁၅၃၇ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ “ ပြည်သူ့လွှတ်တော် ဆိုတဲ့နေရာမှာ ခွေးလွှတ်တော် ၊ ဦးခင်ရီ၊ USDP နေရာမှာ ခွေးခင်ရီ နဲ့ USDP လင့်မှာ ဖွတ်ပါတီ၊ ဦးမောင်မောင်အုန်း၊ USDP လင့် မှာ ပြည်ထိုင်ခိုးပါတီ ဆိုပြီး ပြင်ဆင်ပြောင်းလဲရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/P7N9k
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် ၁၅၃၉ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် ၁၅၃၉ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ “ ခွေးလွှတ်တော် ကို ပြည်သူ့လွှတ်တော်၊ ခွေးခင်ရီ ကို ဦးခင်ရီ၊ USDP “ လို့ ပြန်လည်ပြင်ဆင်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/QCxXv
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် ၁၅၃၉ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ၀၅၄၇ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ “ ဥက္ကဌ ဦးခင်ရီနေရာမှာ ခွေး၊ USDP နဲ့ ဒုဥက္ကဌ နေရာမှာ ခွေး၊ USDP” လို့ ပြန်လည်ပြင်ဆင်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/OggkR
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ၀၅၄၇ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ၀၆၀၂ အချိန်ထိတည်းဖြတ်ရေးသားထားမှုမှာ “ ဥက္ကဌ ဦးခင်ရီနေရာမှာ ခွေး၊ USDP နဲ့ ဒုဥက္ကဌ နေရာမှာ ခွေး၊ USDP ရေးသားထားမှုကို ဥက္ကဌနေရာတွင် ဦးခင်ရီ၊ ဒုဥက္ကဌနေရာတွင် ဦးမောင်မောင်အုန်း” လို့ ပြန်လည်ပြင်ဆင်ရေးသားခဲ့တာကို တွေ့ရပါတယ်။
Wikipedia- https://archive.ph/ylnzc
Wikipedia ရဲ့ ပြည်သူ့လွှတ်တော်စာမျက်နှာရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ၁၄၀၈ မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ၁၅၂၉ အချိန်မှာ “ပြည်သူ့လွှတ်တော် တတိယအကြိမ်ပြည်သူ့လွှတ်တော် ဥက္ကဌဦးခင်ရီ၊ USDP ဒုဥက္ကဌ ဦးမောင်မောင်အုန်း၊ USDP ”လို့ နောက်ဆုံးတည်းဖြတ်ထားရှိမှုအနေနဲ့ ရေးသားထားတာကို တွေ့ရ ပါတယ်။
Wikipedia- https://archive.ph/dPlml
☑️သုံးသပ်ချက်
Wikipedia ဟာ အချက်အလက် ရှာဖွေရန် အလွန်ကောင်းမွန်တဲ့ နေရာဖြစ်ပေမဲ့ တရားဝင်ခိုင်မာမှု လိုအပ် တဲ့ ကိစ္စတွေမှာတော့ အထောက်အထားအဖြစ်အသုံးမပြုနိုင်တာကို တွေ့ရပါတယ်။ အထက်မှာ ရေးသားခဲ့ သလို အချိန်တိုင်းဝင်ရောက်ရေးသားပြင်ဆင်သူတွေကြောင့် အချက်အလက်တွေအပြောင်းအလဲအမြဲတမ်း ဖြစ်နေလို့ ဝီကီမှာ ရေးသားချက်တိုင်းအမှန် မဟုတ်ပါဘူး။
Wikipedia ဆိုတာ အဖွဲ့အစည်းတခုမဟုတ်ဘဲ လူတိုင်းပြင်လို့ရတဲ့ စာအုပ်တအုပ်သာဖြစ်လို့ ကိုယ့်ဘာသာ ဖြစ်စေချင်တဲ့ဟာကို စာအုပ်ထဲစာရေးပြီး အတည်ဖြစ်သလို ရေးသားဖြန့်ဝေနေတာဟာ မှားယွင်းတဲ့ ရေး သားချက်သာ ဖြစ်ပါတယ်။ လူတိုင်းရေးနိုင်တဲ့အတွက် အဲဒီဝီကီပါ ပြည်သူ့လွှတ်တော်စာမျက်နှာမှာ ခွေး လွှတ်တော်၊ ခွေးခင်ရီ၊ ဖွတ်ပါတီ၊ ပြည်ထိုင်ခိုးပါတီ၊ ခွေး၊ USDP,စတဲ့ ရေးသားချက်များကိုလည်းတွေ့ရှိ ရလို့ ဘယ်သူမဆိုဝင်ရောက်ရေးသားနေတဲ့အတွက် အချိန်တိုင်းပြောင်းလဲနေတာကို တွေ့ရမှာဖြစ်ပါတယ်။
“ဝီကီက အတည်ပြုပြီ”ဆိုတဲ့အကြောင်းအရာဟာလွဲမှားနေတာဖြစ်ပြီး Wikipedia ဆိုတာ ကုလသမဂ္ဂ(UN) လို အဖွဲ့အစည်းမျိုး မဟုတ်သလို၊ ဘယ်အစိုးရကိုမှ အသိအမှတ်ပြုခွင့်ရှိတဲ့ အာဏာပိုင်အဖွဲ့လည်း မဟုတ် ပါဘူး။ နိုင်ငံတကာ အသိအမှတ်ပြုမှုဆိုတာ နိုင်ငံတကာဥပဒေ၊ သံတမန်ရေးရာနဲ့ ပြည်သူ့ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။
ရွေးကောက်ပွဲတခုကဖြစ်ပေါ်လာတဲ့ လွှတ်တော်တွေရဲ့ တရားဝင်မှုကို ကုလသမဂ္ဂ၊ အာဆီယံနဲ့ကမ္ဘာ့နိုင်ငံ တွေရဲ့တရားဝင်ထုတ်ပြန်ချက်တွေ၊ လက်ခံတဲ့ပြည်သူတွေရှိ/မရှိတို့နဲ့ ဆုံးဖြတ်တာဖြစ်ပြီး Wikipedia က ဆုံးဖြတ်တာ မဟုတ်ပါဘူး။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck







