၂၀၂၆ခုနှစ်၊ မတ်လ ၂ ရက်
ဖက်ဒရယ် FM/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag/ MFCN/
အနှစ်ချုပ်
“နဂါးရဲ့ BNRA ကို အကြမ်းဖက် NUG က ရှင်းလင်းလိုက်တာဟာတေဇာဆန်းရဲ့ လက်ချက်” ဆိုသည့် အကြောင်းအရာသည် ဖက်ဒရယ် FM နှင့် ဟုတ်တယ် Vs မဟုတ်ဘူး အချက်အလက်စစ်ဆေးရေး အဖွဲ့တို့၏ စစ်ဆေးထားချက်အရ လိုရာ ချိတ်ဆက် ပုံဖျက်ရေးသားထားသည့် သတင်းမှားဖြစ်ပါသည်။
၂၀၂၆ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်လော်ဘီ ဟန်ငြီးဦးချန်နယ်မှ “နဂါးရဲ့ BNRA ကို အကြမ်းဖက် NUG က ရှင်းလင်းလိုက်တာဟာ အကြမ်းဖက်ကောင် တေဇာဆန်းရဲ့ လက်ချက်ဆိုပဲ… BNRA က အကြမ်းဖက် NUG လက်ဝေခံ ပသုံးလုံးတွေခိုးထုတ်နေတဲ့ သစ်တွေကို ဖမ်းတဲ့အချိန်မှာ အကြမ်းဖက် တေဇာဆန်းက နဂါးကို သိန်း ၅ သောင်းလာပေးပြီးညှိတာကို နဂါးကလက်မခံတာကြောင့် အခုလို့ BNRA ကိုအပျက်ရှင်းခဲ့တာ” ဖြစ်ကြောင်း မူရင်းအတိုင်း ဖြန်ချိထားတာကိုတွေ့ရှိရပါသည်။
အချက်အလက်စစ်ဆေးနေစဉ်အတွင် အဆိုပါပိုစ့်က View 2.1k, Reaction 49 ရှိပြီး ဆက်လက် ပျံ့နှံ့လျက်ရှိပါသည်။
ဖြန့်ဝေထားသည့်သတင်းအမှား>>> https://archive.is/wip/A8AiH
သတင်းစိစစ်ချက်
ဗိုလ်နဂါးတပ်ကို NUG မှ ရှင်းလင်း ဆိုသည့် အကြောင်းအရာကို ရှာဖွေကြည့်သည့်အခါ ဒေါက်တာ တေဇာဆန်း၏ လက်ချက်ဆိုပြီး ရေးသားဖော်ပြထားသည့် အကြောင်းအရာမျိုးကို မတွေ့ရှိရပါ။ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်နေသည့် သတင်းဌာနများ၏ ဖော်ပြချက်များအရာ ဗိုလ်နဂါးဦးဆောင်သည့် BNRA တပ်၏ ရာဇဝတ်မှုကျူးလွန်မှုနှင့် အခွန်ကိစ္စရပ်များကြောင့် ဆိုပြီးရေးသား ဖော်ပြထားတာကို တွေ့ရှိရပါသည်။
BBC သတင်းဌာနရဲ့ သတင်းထဲမှာ “အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့ NUG ရဲ့ ယင်းမာပင်ခရိုင် စစ်ဌာနကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ လျှို့ဝှက်စာတစ်စောင်ကို ဘီဘီစီက စစ်ဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ လက်ခံရရှိခဲ့ပါတယ်။” လို့ သတင်းမှာ ဖော်ပြထားပါသည်။
နောက်ထပ် သတင်းတစ်ပုဒ်မှာလည်း “BNRA ရဲ့ အခွန်ကောက်ခံတဲ့ ဂိတ်နှစ်ခုကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်တွေက” ထိန်းသိမ်းထားတယ်ဆိုပြီးဖော်ပြထားပါသည်။
သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
BBC >>>>https://www.bbc.com/burmese/articles/c62rr2revk7o
BBC >>>https://www.bbc.com/burmese/articles/c2k9gwwy700o
၂၀၂၆ ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် People’s Spring သတင်းဌာနမှာလည်း “ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့BNRA တပ်ဟာ လူထုအပေါ် ဖိနှိပ်တဲ့ကိစ္စနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ထားတယ်လို့ ပြည်သူလူထုကအမှုဖွင့်တိုင်ထားတာ၊ NUG လက်အောက်ခံတပ်ဖွဲ့တွေအရပ်ဖက်ဝန်ထမ်းတွေအပေါ် ကျုးလွန်ထားတာတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။” ဆိုပြီး ဖော်ပြထားပါသည်။
သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
People’s Spring>>>> https://www.ludunwayoo.com/news-mm/2026/02/17/148793/
Myanmar Now သတင်းဌာနက တင်ထားသည့် “ဗိုလ်နဂါး၏ တပ်ဖွဲ့ဝင်အချို့ ဘက်ပြောင်းလာ ကြောင်း NUG ဆို” သတင်းတွင်လည်း ဒေါက်တာတေဇာဆန်းကြောင့်ဆိုပြီး ရေးသားဖော်ပြထား တာမျိုး မတွေ့ရှိပါ။
သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Myanmar now >>>>https://myanmar-now.org/mm/news/72769/
သုံးသပ်ချက်
အထက်ပါ သတင်းဖော်ပြချက်တွေအရ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်ကို NUG လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်စီးနင်းတာဟာ ၎င်းတပ်၏ ရာဇဝတ်ကျူးလွန်မှု၊ အခွန်ကိစ္စတွေ ကြောင့်ဖြစ်ပြီး၊ ဒေါက်တာတေဇာဆန်းနှင့် မသက်ဆိုင်သည့် အတွက် အဆိုပါ သတင်းအကြောင်းအရာသည် လိုရာချိတ်ဆက် ပုံဖျက်ထားသည့် သတင်းမှားသာ ဖြစ်ပါသည်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/







