Akyab Post/MFCN
Fact-check
17 Feb 2026
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်၊ ကျောက်တော်နဲ့ မြောက်ဦးမှာရှိတဲ့ အေအေရဲ့ ထောက်ပို့စခန်းတွေကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပုံနဲ့တကွ ပျံံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ View of Sue ချန်နယ်ကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ “မနေ့က ကျောက်တော်နဲ့ မြောက်ဦးမှာ ရှိတဲ့ AA ဝပ်ကျင်းနဲ့ ထောက်ပို့ဂိုထောင်များကို ဗုံးကြဲရှင်းလင်း” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
View of Sue – https://archive.ph/7nDYu
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၅၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၆၄ ဦးနဲ့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆက်စပ်သတင်းမှား – https://archive.is/wip/Gj4TX
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံံ့လို့ရှိတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေသာဖြစ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပါ ထိခိုက်သေဆုံးခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန််နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို Akyab Post ဖက်ကနေ Google Advaced Search tools အပါအဝင် Reverse image Search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပျံ့နှံ့နေတဲ့ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို Keywords နဲ့ ရိုက်ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ “ကျောက်တော်နှင့် မြောက်ဦး ဗုံးကြဲခံရမှု ကလေးအပါဝင် ၈ ဦး သေ၊ ၉ ဦး ဒဏ်ရာရ” ဆိုတဲ့ သတင်းကို ရပါတယ်။
DMG ရဲ့ရေးသားချက်မှာ “ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်၊ ဒုံးချောင်းလမ်းအား ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့သဖြင့် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ယင်းနေ့ တစ်ချိန်ထဲတွင် မြောက်ဦးမြို့၊ ဝေသာလီဟိုတယ်အား လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။” လို့ ဖော်ပြထားပါတယ်။
DMG သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1NrCzijgP9/
ဒါ့အပြင် ဒီသတင်းကိုပဲ Narinjara သတင်းဌာနကနေ “ဗုံးကြဲခံရ၍ ကျောက်တော်တွင် အရပ်သား လေးဦးနှင့် မြောက်ဦးတွင် မိသားစုသုံးဦးသေဆုံး” လို့ ရေးသားဖော်ပြထားပါတယ်။
Narinjara သတင်း>>> https://burmese.narinjara.com/news/detail/698e98c86a21e1d5878f14e8
ဒါ့အပြင် Myanmar Now နဲ့ DVB သတင်းဌာနတွေကနေလည်း ကျောက်တော်နှင့်မြောက်ဦးမြို့တို့ကို ဖေဖော်ဝါရီလ ၁၂ ရက်) ယမန်နေ့ည ၉ နာရီကျော်အချိန်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သုံးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ခုနစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/72653/
DVB – https://burmese.dvb.no/post/746020
နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးသူငယ်တစ်ဦးအပါအဝင် ပြည်သူအများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
BBC Burmese သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1AuvhaPx6c/
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ မြောက်ဦးနဲ့ ကျောက်တော်ကို စစ်တပ်ဖက်ကနေ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သေဆုံးတဲ့သူတွေထဲမှဦ လသားအရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူတွေသေဆုံးကြတာဖြစ်ပြီးတော့ စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်ခဲ့တာဟာ ပြည်သူတွေနေထိုင်တဲ့ နေရပ်ဖြစ်နေတာကို တွေ့ရပါတယ်။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ဗုံးကြဲခံရတဲ့နေရာတွေဟာ အေအေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့နေရာတွေဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုထဲမှာ အသက်မပြည့်သေးတဲ့ မွေးကင်းစ ကလးငယ်တစ်ဦး သေဆုံးပြီးတော့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ပြည်သူတွေဖြစ်နေတာကို တွေ့ရပါတယ်။
ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို အေအေနဲ့သက်ဆိုင်တယ်ဆိုပြီး ရေးသားဖော်ပြတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2
(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







