၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်
ဖက်ဒရယ် FM/ MFCN
မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေ “ KNDFက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ ဘိန်းခင်းတွေ စိုက်ပျိုးထားတဲ့ ပြည်သူတွေကို ဘိန်း၁ဧကကို သိန်း ၁၀၀ တောင်းနေပြီးတော့ ငွေမပေးနိုင်တဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးနေတယ်” ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက သတင်းအမှားဖြန့်ဝေနေပါတယ်။
အဲ့ဒီ သတင်းအမှားကို Likeပြုလုပ်သူ – ၅၀၀ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ ၂၀၀၀၀ ကျော်ရှိနေပြီး ပျံ့နှံ့မှုများနေပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://t.me/hminewai/92651
အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပြည်သူလူထုကို နားလည်မှုလွဲမှားစေ အောင်ရည်ရွယ်ပြီးဖြန့်နေတဲ့ သတင်းအမှားဖြစ်နေတယ်ဆိုတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက်
လွတ်လပ်တဲ့ ဒေသတွင်း သတင်းမီဒီယာဌာနဖြစ်တဲ့ Karenni People’s Voice သတင်းဌာနမှာတော့ “ ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်း လမ်းမကြီးဘေးတစ်နေရာက ဘိန်းခင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖျက်ဆီးခဲ့ကြောင်း ၊ ဘိန်းခင်းကို KNDF ဗျူဟာ ၄ က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလပိုင်းမှာ ဒီးမော့ဆိုအနောက်ခြမ်း ၊ လွိုင်နန်းဖ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးခြင်း လုံးဝ မပြုလုပ်ရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားပေမဲ့ ဘိန်းစိုက်ခင်းအချို့က ရှိနေဆဲ ဖြစ်ကြောင်း၊ လာမဲ့ နှစ်မှာ ဒီးမော့ဆို မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုကို တားဆီးသွားမှာဖြစ်ကြောင်းနဲ့ အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ”သတင်းမှာဖော်ပြထားပါတယ်။
Karenni People’s Voice >>> https://www.facebook.com/share/v/1CKx68L79A/
နောက်ထပ်လွတ်လပ်တဲ့ သတင်းမီဒီဖြစ်ကြတဲ့ “ Myanmar Now သတင်းဌာန၊ သံလွင်ခက် သတင်းဌာနမှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်း လမ်းမကြီးဘေးတစ်နေရာက ဘိန်းခင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖျက်ဆီးခဲ့တဲ့သတင်းကို ထပ်မံဖော်ပြခဲ့ကြပါတယ်။
Myanmar Now >>> https://myanmar-now.org/mm/news/72670/
သံလွင်ခက် သတင်းဌာန >>> https://www.facebook.com/share/p/1Aqfg1nuto/
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးကို ဖက်ဒရယ် FM ကမေးမြန်းကြည့်တဲ့ အခါမှာတော့ “ကျွန်တော်တို့ KNDF က ခွင့်မပြုဘူးပေါ့နော်။ တချို့က ပြောပါလိမ့်မယ်။ တစ်ခင်းပဲ ဖျက်တာလား၊ တခြားဟာတွေ မဖျက်ဘူးလား ပြောပါလိမ့်မယ်။ စစ်ရေးအခြေအနေကြောင့် လိုက်ပြီးမှ မကြည့်နိုင်ဘူးပေါ့နော်။ လာမယ့်နှစ်တွေမှာ ကြားကာလအစိုးရ၊ KSP တို့နဲ့ ပေါင်းပြီး တားမြစ်နိုင်တဲ့အဆင့်ထိ လုပ်ဆောင်သွားဖို့ အစီအစဉ်တော့ ရှိတာပေါ့””လို့ ပြန်လည်ဖြေကြေားခဲါပါတယ်။
ဖက်ဒရယ် FMကဖော်ပြထားတဲ့သတင်း>>> https://www.facebook.com/share/v/1J3YRrk17C/
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖြန့်ချိခဲ့တဲ့ KNDFက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ ဘိန်းခင်းတွေ စိုက်ပျိုးထားတဲ့ ပြည်သူတွေကို ဘိန်း၁ဧကလျှင် သိန်း ၁၀၀ တောင်းနေပြီးတော့ ငွေမပေးနိုင်တဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးနေတယ်ဆိုတာဟာ သတင်းအမှန် မဟုတ်ဘဲ ဒီးမော့ဆို အနောက်ဘက်ခြမ်း လမ်းမကြီးဘေးတစ်နေရာက ဘိန်းခင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖျက်ဆီးခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဗျူဟာ ( ၄ )နဲ့ ဗျူဟာ ( ၅ ) က ပူးပေါင်းပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်း လမ်းမကြီးဘေးတစ်နေရာက ဘိန်းခင်းဖျက်စီးသွားခဲ့တဲ ဓာတ်ပုံကို အသုံးပြုနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလပိုင်းမှာ ဒီးမော့ဆိုအနောက်ခြမ်း ၊ လွိုင်နန်းဖ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးခြင်း လုံးဝ မပြုလုပ်ရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







