မယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက (IEC)နဲ့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

မယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက (IEC)နဲ့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအမှား

၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်
ဖက်ဒရယ် FM/ MFCN

မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ “ မယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက (IEC)နဲ့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးမှ ထွက်ပြေးသွားတယ်” ဆိုတဲ့ ဇာတ်ကြောင်းနဲ့ သတင်းအမှားဖြန့်ဝေနေပါတယ်။

အဲ့ဒီ သတင်းအမှားကို Likeပြုလုပ်သူ – ၅၀၀ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ ၂၀၀၀၀ ကျော်ရှိနေပြီး ပျံ့နှံ့မှုများနေပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://t.me/hminewai/90224

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပြည်သူလူထုကို နားလည်မှုလွဲမှားစေ အောင်ရည်ရွယ်ပြီးဖြန့်နေတဲ့ သတင်းအမှားဖြစ်နေတယ်ဆိုတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်

ကရင်နီပြည်နယ် အကျဉ်းထောင်ကနေ အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနတွေဖြစ်ကြတဲ့ Karenni Pepole’s Voice၊ ကန္တာရဝတီတိုင်း (မ်)၊ ဖက်ဒရယ် FM တို့မှာ သတင်းဖော်ပြကြပါတယ်။

Karenni Pepole’s Voice သတင်းဌာနမှာတော့ “ကရင်နီပြည်နယ် အကျဥ်းထောင် အမှတ် (၂) မှ အကျဥ်းသား (၈၀) ခန့် ယနေ့ နံနက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက် သွားကြောင်း IEC ပြည်ထဲရေး ဌာန ကထုတ်ပြန်ထားကြောင်း၊ အကျဥ်းသား ၈၀ ဝန်းကျင်ခန့်က သေနတ် ၉ လက် ယူဆောင်သွားခြင်းသာဖြစ်ပြီး လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ထောင်ဝန်ထမ်းများ သတ်ဖြတ်ခံရခြင်း ၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခံရခြင်းမှာ မှန်ကန်ခြင်းမရှိကြောင်း၊ ကရင်နီပြည်ရဲဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူ့လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို ချမှတ်ဆောင်ရွက်နေပြီး၊ ပြည်သူတွေအနေနဲ့ အွန်လိုင်းပေါ်ရှိ ကောလဟလ သတင်းအမှားများကြောင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိရန်လည်း အသိပေးထားကြောင်း” သတင်းတွင် ဖော်ပြထားပါတယ်။

Karenni Pepole’s Voice ကဖော်ပြတဲ့ သတင်း>>> https://www.facebook.com/share/p/17hKzmKUZX/

ကန္တာရဝတီတိုင်း (မ်)က ဖော်ပြတဲ့ သတင်း >>> https://www.facebook.com/share/p/1BubbzjJG5/

ဖက်ဒရယ် FM ကဖော်ပြထားတဲ့သတင်း >>> https://www.facebook.com/share/p/1D3ciGHtWC/

ဒါ့အပြင် “ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ကနေ အကျဉ်းထောင်ဖောက်ပြီး ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်သုံ့ပန်းအကျဉ်းသားတွေအထဲက ၃၀ ကျော်ဟာ ထိုင်းဘက်ရောက်သွားပြီ” ဆိုပြီး ဖက်ဒရယ် FM သတင်းဌာနမှာလည်း သတင်းဖော်ပြထားပါတယ်။
ဖက်ဒရယ် FMကဖော်ပြထားတဲ့သတင်း>>> https://www.facebook.com/share/p/1GHGUGgQAg/

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖြန့်ချိခဲ့တဲ့ “မယ်စဲ့အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက (IEC)နဲ့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးမှ ထွက်ပြေးသွားတယ်” ဆိုတာဟာ သက်သေအထောက် အထားမရှိတဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

အကျဉ်းထောင်ဆေးခန်းမှာ ဆေးမှူးအဖြစ် ပြန်လည်ခန့်အပ်ထားတဲ့ အကျဉ်းသားဝန်ထမ်းက ညကင်းတာဝန်ကျနေတဲ့ လုံခြုံရေးဝန်ထမ်းရဲ့ သေနတ်ကိုလုယူပြီး လက်ပြန်ကြိုးတုပ် ၊ အကျဉ်းခန်းတံခါးသော့တွေတောင်းယူခဲ့တယ်ဆိုတာကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်ဖြန့်ချိတဲ့ သတင်းအမှားဖြစ်ကြေင်း စိစစ်တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/

Fb-https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .