မဲစာရင်းမှားတယ်ဆိုပြီး အကြောင်းပြအာဏာသိမ်းတဲ့စစ်တပ်ရဲ့ မဲစာရင်းက ပိုဆိုးနေမလား
Share:FacebookX

မဲစာရင်းမှားတယ်ဆိုပြီး အကြောင်းပြအာဏာသိမ်းတဲ့စစ်တပ်ရဲ့ မဲစာရင်းက ပိုဆိုးနေမလား

မဲစာရင်းမှားတယ်ဆိုပြီး အကြောင်းပြအာဏာသိမ်းတဲ့စစ်တပ်ရဲ့ မဲစာရင်းက ပိုဆိုးနေမလား 

 

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၂၁ရက်။

(Fact-Check_DNA) 

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၂၀၂၁ ခုနှစ်ဟာ “မဲစာရင်း၊ မဲလိမ်၊ မဲခိုးတယ်” ဆိုတဲ့ စကားလုံးကို အသုံးချပြီး အာဏာကို လက်နက်နဲ့ လုယူခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲ့ဒီအချိန်က စစ်တပ်ဟာ မဲစာရင်း (၁၀) သန်းကျော် မှားယွင်းနေပါတယ်ဆိုတဲ့ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်နဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ အစိုးရကို ဖြုတ်ချပြီး အတင်းအဓမ္မလက်နက်အားကိုး အာဏာသိမ်းခဲ့ပါတယ်။ 

 မဲစာရင်း တဆယ့်လေးသိန်းကျော်မှားယွင်းနေတယ်လို့ စွပ်စွဲချက်ကို ဖေဖော်ဝါရီလ ၂ရက်နေ့ထုတ် မြန်မာအလင့်သတင်းစာမှာကြည့်ရန်>>> https://bit.ly/4jMRamN 

 

 ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့ကိုယ်တိုင် ခေါင်းစဉ်တပ်ထားတဲ့ “ဒီမိုကရေစီဆီသို့” ဆိုတဲ့ လမ်းကြောင်းမှာ စစ်တပ်ဟာ   NLD အစိုးရလက်ထက်မှာ UEC ကို သူတို့စွပ်စွဲခဲ့တဲ့ မဲစာရင်းမှားယွင်းတယ် ဆိုတဲ့ အပြစ်တွေထက် ပိုမိုဆိုးရွားတဲ့ အမှားတွေကို ကျူးလွန်နေတာ တွေ့ရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ ပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မဲပေးပြီး “လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဆိုတာ ဒီနေ့မဲပေးတာကိုကြည့်ရင် သိလိမ့်မယ်”လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့လက်ဝေခံမီဒီယာတွေမှာ ပြောနေခဲ့ပေမယ့်လည်း မြေပြင်အခြေအနေမှာတော့  မိသားစုလိုက် မဲစာရင်းမှာနာမည်မပါလာတာ၊ မဲမသမာမှုရှိတယ်လို့စွပ်စွဲခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲတုန်းက  မဲစာရင်းတွေကို ပြန်လည်အသုံးပြုတာတွေက အပြောနဲ့ အလုပ် တခြားစီဖြစ်နေတယ်ဆိုတာကို  မီးမောင်းထိုးပြနေတာပါ။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြောဆိုထားတဲ့ စစ်ခေါင်းဆောင်ရဲ့ရုပ်သံဖိုင် >>> https://archive.ph/wcFtd 

စစ်တပ်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မဲစာရင်းတွေက မှားနေတဲ့သက်သေတွေ

ပြည်ခိုင်ဖြိုးပါတီထိပ်တန်းခေါင်းဆောင် ဖြစ်သလို စစ်တပ်ထောက်ခံသူ ဖြစ်တဲ့ ဘူးလက်လှဆွေကိုယ်တိုင် နေပြည်တော်မှာ မဲစာရင်းတွေမှားနေတဲ့အကြောင်းနဲ့ လူဦးရေ ၅၀၀ ရှိရင် ၃၀၀ လောက်က စာရင်းမှားနေသလိုအုပ်ချုပ်ရေးမှူးနဲ့မိသားစုတောင်မဲစာရင်းမှာ  မပါလာကာ ၊သေတဲ့သူတွေလည်း မဲစာရင်းမှာ ပါနေတယ်လို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့စစ်တပ်ကို ဝေဖန်ခဲ့ပါသေးတယ်။ 

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ကာလတွေမှာ မဲစာရင်းတိကျစေဖို့ရည်ရွယ်ချက်နဲ့  သန်းခေါင်စာရင်းကို အတင်းအကျပ် ကောက်ယူခဲ့တာပါ။ 

ပြည်သူတွေဟာ ဖိအားပေးမှုတွေကြောင့် မိသားစုအချက်အလက်တွေကို ပေးခဲ့ရပေမယ့် လက်တွေ့ထုတ်ပြန်တဲ့ မဲစာရင်းမှာတော့ မိသားစုလိုက်မပါဝင်လာတာမျိုးတွေရှိနေပါတယ်။ 

မျက်မှောက်ခေတ်ကရေးသားထားတဲ့သတင်း>>> https://bit.ly/4pFcP1r 

 

မဲစာရင်းမှာ မိသားစုလိုက်နာမည်မပါလာဘူးလို့ ဒေသခံတဦးရေးသားထားတဲ့ လူမှုမီဒီယာပို့စ်>>> https://ghostarchive.org/archive/H1oFE?wr=false 

မိသားစုလိုက် အိမ်မှာရှိနေပြီး အချက်အလက်ပေးထားပါလျက်နဲ့ မဲစာရင်းမှာ နာမည်မပါလာတာဟာ မတော်တဆမှု မဟုတ်နိုင်ပါဘူး။ 

ဒါဟာ သူတို့မကြိုက်တဲ့သူတွေကို မဲပေးခွင့်မရအောင် ကြိုတင်စစ်ထုတ် လုပ်ပစ်လိုက်တဲ့ ဗျူဟာတစ်ခု ဖြစ်ပါတယ်။

မဲစာရင်းမှာ နာမည်မပါလာကြတာနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံသူတဦးရဲ့ ရေးသားမှု>>> https://ghostarchive.org/archive/xXyTy?wr=false 

သာမန်အရပ်သားပြည်သူတွေတင်မဟုတ်ဘဲ၊ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီရဲ့ မိသားစုပါ မဲပေးရမယ့် မဲစာရင်းမှာ မပါလာတာမျိုးတွေပါရှိနေတာပါ။

စစ်တပ်ကို အစဉ်တစိုက် အသံကောင်းဟစ် ထောက်ခံခဲ့သူတွေနဲ့ သူတို့ရဲ့ အောက်ခြေယန္တရားဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းမိသားစုတွေတောင် မဲစာရင်းမှာ နာမည်မပါတာဟာ စစ်ကော်မရှင်တပ်ရဲ့ စီမံခန့်ခွဲမှု ကျရှုံးခြင်းထက် သူတို့ဖန်တီးထားတဲ့ “မဲစာရင်းအတု” တွေဟာ ဘယ်လောက်အထိ အခြေအမြစ်မရှိဘူးလဲဆိုတာကို ပြသနေတာပါ။

https://www.bbc.com/burmese/articles/cly9lv9e6rzo 

စစ်ကောင်စီဟာ NLD ကို မဲခိုးတယ်လို့ စွပ်စွဲခဲ့ပေမယ့် အမှန်တကယ် မဲခိုးဖို့ ကြိုးစားနေတာဟာ သူတို့ကိုယ်တိုင်သာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက်က  နေပြည်တော်ရှိမှာရှိတဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ  မဲပေးရမယ့် ဝန်ထမ်းတွေကို အာဏာသိမ်းစစ်အစိုးရက ရွေးကောက်ပွဲမှာ မဖြစ်မနေမဲပေးဖို့ ဖိအားပေးတာမျိုးပြုလုပ်ခဲ့သလို မဲပေးပြီးကြောင်းကိုလည်း ခိုင်လုံတဲ့ သက်သေတွေပါ ပြသဖို့ စေခိုင်းတာမျိုးပြုလုပ်ခဲ့တာပါ။ 

စစ်အာဏာပိုင်တွေက ဝန်ထမ်းတွေ မဲပေးပြီးပြီဆိုတာ သေချာအောင် လက်မှင်ပေနေတဲ့ပုံ၊ မဲရုံမှာတန်းစီနေတဲ့ပုံတွေ၊ မဲပေးစက်ကထွက်လာတဲ့ စာရွက်ပုံတွေကို ရိုက်ယူပြီး မဲပေးအပြီးမှာ သက်ဆိုင်ရာ​ဌာနတွေရဲ့ ChaT Box ဂရုတွေထဲကို မဖြစ်မနေပေးရတယ်လို့ ဝန်ထမ်းတွေက သတင်းဌာနတွေမှာ ဖြေကြားထားပါတယ်။

Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် >>> https://www.facebook.com/share/p/179xtK7n9D/ 

ဒါဟာ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ချိုးဖောက်နေတာဖြစ်ပြီး၊ ဝန်ထမ်းတွေကို အကျပ်ကိုင်ကာ မဲရုံရောက်ရှိနှုန်း မြင့်မားစေဖို့ စနစ်တကျဖန်တီးနေတာသာ ဖြစ်တာကိုတွေ့ရပါတယ်။

ဒီထက်ပိုဆိုးတာက မွန်ပြည်နယ် ကော့ဘိန်းနယ်မြေမှာရှိတဲ့ ကျေးရွာတရွာမှာ တရွာလုံးကို သက်ဆိုင်ရာ နယ်မြေအာဏာပိုင်တွေက မဲစရင်းကောက်ယူသွားပြီး ရွေးကောက်ပွဲနေ့မှာပဲ ရွာသားတွေကိုယ်တိုင် မဲရုံကို သွားရောက်မဲပေးခွင့် မရဘဲ သူတို့ရဲ့ ဆန္ဒမဲတွေကို ပြည်ခိုင်ဖြိုးပါတီ (USDP) အတွက် အသုံးပြုလိုက်တာပါ။

“ကော့ဘိန်းအပိုင်က ရွာပဲ ရွာလုံးကျွတ် စာရင်းကောက်ပီ မဲမပေးပဲ တစ်ရွာလုံးကြံ့ခိုင်ရေးက ယူတယ်” လို့ ရွာနဲ့နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

ဒီလို ရွာသားတွေကိုယ်တိုင် ဆန္ဒမဲပေးခွင့်မရဘဲ ပြည်သူ့ဆန္ဒကို မဲရုံမရောက်ခင်ကတည်းက ကြိုတင်ခိုးယူ လိုက်တဲ့ ပြောင်ပြောင်တင်းတင်း မဲလိမ်မှုတခုသာဖြစ်တာကိုလည်းတွေ့ရပါတယ်။

တကယ့်မဲဆန္ဒရှင်တွေကို စာရင်းထဲက ဖယ်ထုတ်ပြီး၊ သူတို့ ထိန်းချုပ်လို့ရတဲ့ ဆန္ဒမဲပေးသူမရှိဘဲ မဲရုံးမှာ မဲရနေတဲ့ဆန္ဒမဲ (သရဲမဲ) တွေနဲ့ ရလဒ်ကို ကြိုတင် ဖန်တီးထားတာပါ။

စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်းတစ် ရလဒ်တွေမှာ ကြံ့ဖွံ့ပါတီက မဲရုံတွေမှာ ရှုံးနိမ့်ပေမယ့်လည်း နည်း ဥပဒေနဲ့မညီတဲ့ ကြိုတင်မဲတွေနဲ့ ရလဒ်တွေကို ပြောင်းပြန်လှန်ပြီး အသာစီးရယူနေတာပါ။

ဒီလို အသာစီးယူနေမှုအပေါ် အခြားနိုင်ငံရေးပါတီတွေက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်ထောက်ပြနေကြပြီး အထူးသဖြင့် စစ်တပ်အရာရှိဟောင်းတွေ ယှဥ်ပြိုင်တဲ့ နယ်မြေတွေမှာ ကြိုတင်မဲအရေအတွက်တွေက ပြိုင်ဘက်ပါတီတွေထက် သိသိသာသာ သာလွန်နေတာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး “ဧရာဝတီ” သတင်းဌာနက ဖော်ပြထားတဲ့ ဆောင်းပါးလင့်  >>> https://bit.ly/4qJOGro 

စစ်တပ်ရဲ့ မဟာမိတ်ပါတီဖြစ်တဲ့ PPP ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် ပါဝင်လာတာကြောင့် တန်းတူညီမျှမှုအခြနေမရှိတော့ဘူးလို့ ပြောဆိုခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ၊ ၁၃ရက်မှာပဲ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

BBC -Burmese မှာ ဖော်ပြထားတဲ့ သတင်းလင့်>>> https://bbc.in/4jClUGY 

ဒီလို မတိကျတဲ့၊ ပွင့်လင်းမြင်သာမှုမရှိတဲ့၊ ဝေဖန်ထောက်ပြခွင့်မရှိတဲ့၊  အတိုက်အခံတွေ ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲဟာ ဘယ်သောအခါမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာဘူးဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။

မဲစာရင်းမတိကျလို့  မဲမသမာမှုရှိတယ်ဆိုပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အခု မဲစာရင်းကို ပိုပြီး ဖရိုဖရဲဖြစ်အောင် လုပ်နေတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အာဏာသိမ်းမှုဟာ လိမ်လည်မှုသက်သက်သာ ဖြစ်ကြောင်း ထင်ရှားနေပါတယ်။ 

ကိုယ်တိုင်ပေးထားတဲ့ အချက်အလက်တွေနဲ့ မဲစာရင်းမှာ နာမည်မပါတာဟာ ပြည်သူကို လှည့်စားတာတင်မကဘဲ ပြည်သူ့ဆန္ဒကို ခိုးယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်ဆန္ဒမဲပေးဖို့ သွားပေးထားတဲ့ အချက်အလက်တွေဟာ မဲစာရင်းမှာ မပါဘဲ ပျောက်ဆုံးနေတယ်ဆိုရင် အဲဒါဟာ အမှားတစ်ခု မဟုတ်ပါဘူး။ 

အဲဒါဟာ သင့်ရဲ့ ဆန္ဒမဲကို သူတို့က “ကြိုတင် ခိုးယူ” ထားလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ မဟုတ်ဘဲ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်တဲ့ အယောင်ပြ ပွဲတခု သာ ဖြစ်ပါတယ်။

 

ဒီနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် လူမှုမီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Sham_Election  #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ် #သရော်စာ #သတင်းမှားဝါဒဖြန့် 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .