ရပ်ရွာဒေသခံပြည်သူတွေကို လက်နက်ကိုင်တွေလိုသတ်မှတ်ပြီး တိုက်ခိုက်ဖို့ စစ်လော်ဘီတွေလှုံ့ဆော်နေ
Share:FacebookX

ရပ်ရွာဒေသခံပြည်သူတွေကို လက်နက်ကိုင်တွေလိုသတ်မှတ်ပြီး တိုက်ခိုက်ဖို့ စစ်လော်ဘီတွေလှုံ့ဆော်နေ

ရပ်ရွာဒေသခံပြည်သူတွေကို လက်နက်ကိုင်တွေလိုသတ်မှတ်ပြီး တိုက်ခိုက်ဖို့ စစ်လော်ဘီတွေလှုံ့ဆော်နေ 

 

ဇန်နဝါရီလ၊ ၈ရက်။

(Fact Check_DNA)

လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့် လော်ဘီတွေက Telegram နဲ့ အခြားလူမှုကွန်ရက်တွေကတဆင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနဲ့စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ အတွက် လှုံ့ဆော်နေတာတွေ တွေ့နေရပါတယ်။ “စစ်ဘေးရှောင်အရေခြုံထားသည့် ရွာပြင်တဲများအားလုံးရှင်းလင်းသုတ်သင်သင့်ပါတယ်။” လို့ဆိုကာ လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ ဒါမှမဟုတ် လေကြောင်းကနေ ဗုံးကြဲဖို့ တိုက်တွန်းနှိုးဆော်တာတွေ ပြုလုပ်နေကြပါတယ်။ 

လှုံ့ဆော်ထားတဲ့အကြောင်းအရာ  လင့် – https://archive.ph/wip/2dIIq 

ဒီလိုမျိုးရေးသားဖြန့်ဝေနေတာက သာမန်သတင်းပေးရုံမဟုတ်ဘဲ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနဲ့ စစ်ရာဇဝတ်မှု

စစ်ပွဲဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေအရ အရပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာက နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအရ စစ်ရာဇဝတ်မှု မြောက်ပါတယ်။

အရပ်သားပစ်မှတ်က စစ်ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့အကြောင်းရေးသားထားတဲ့ သတင်းလင့် – https://bit.ly/3LsD0ua 

စစ်လော်ဘီတွေက PDF ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေရှိတဲ့ နေရာကို တိုက်ခိုက်ဖို့  ပြောဆိုရေးသားနေတာက အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ လှုံ့ဆော်နေတာသာဖြစ်ပါတယ်။

စစ်လော်ဘီတွေရဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဝါဒဖြန့်မှုပုံစံ

စစ်ကော်မရှင်လက်အောက်ခံ လော်ဘီတွေက  အရပ်သားတွေရှိတဲ့ နေရာတွေကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးချိန်တွေမှာ  အောက်ပါ ဝါဒဖြန့်နည်းလမ်းတွေကို အသုံးပြုလေ့ရှိပါတယ်။

 အရပ်သားတွေအပေါ်အကြမ်းဖက်တာကို  သတင်းမှားတွေနဲ့ကာကွယ်ခုခံခြင်း 

လေကြောင်း၊ ဒါမှမဟုတ် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ပြီးချိန်မှာ  “အကြမ်းဖက်တွေ ခိုအောင်းနေတဲ့ ဒီပဲယင်း၊ မူးကမ်းကြီးရွာကို လေကြောင်းကတိုက်ခိုက်ရာ အနည်းဆုံး ၁၀ ဦးခန့် ထိခိုက်သေဆုံး” စတဲ့ သတင်းစကားပုံစံမျိုးကို အရင်ဖြန့်ဝေလေ့ရှိပါတယ်။

အဲ့ဒီလိုဖြန့်ဝေတာမျိုးက အရပ်သားသေဆုံးမှုကို ဖုံးကွယ်ပြီး တရားဝင်အောင် ဖန်တီးတဲ့ ဗျူဟာပုံစံဖြစ်ပါတယ်။

 

သတင်းမှားဖြင့် အကြောင်းပြချက်ရှာခြင်း: တိုက်ခိုက်မှုမလုပ်မီ “PDF တွေက လူနေအိမ်ထဲကနေ ပစ်လို့ ပြန်ပစ်ရတာ” ဆိုသည့် သတင်းစကားကို အရင်ဖြန့်သည်။ ၎င်းသည် အရပ်သားသေဆုံးမှုကို တရားဝင်အောင် ဖန်တီးသည့် ဗျူဟာဖြစ်သည်။

MFCN က အချက်လက်စစ်ဆေးထားတဲ့ (ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်တဲ့ စစ်ရှောင်တွေကို PDFတွေလို့ စစ်ကော်မရှင်ဝါဒဖြန့်) ဆိုတဲ့ သတင်းလင့် – https://bit.ly/49kwqhj 

အရပ်သားတွေကို  အကြမ်းဖက်သမားတွေအဖြစ် တံဆိပ်ကပ်တာ

“ကျေးရွာသားအားလုံးက PDF ထောက်ခံသူတွေဖြစ်လို့ အားလုံးက ရန်သူပဲ” ဆိုတဲ့ အယူအဆတွေကို ရေးသားဖြန့်ဝေ ရိုက်သွင်းကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အားပေးခိုင်းစေတာမျိုးပါ။

PDF အားပေးထောက်ခံတဲ့ရွာတွေကို ပစ်မှတ်ထားအကြမ်းဖက်ဖို့ စစ်လော်ဘီတွေ လှုံံဆော်မှုများ 

 https://archive.ph/qH1kp 

https://archive.ph/u4L9Y 

PDFတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို  အပြစ်ပုံချတာ

စစ်အုပ်စု လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ အရပ်သားတွေရှိတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် သေဆုံးသွားရတဲ့ အရပ်သားပြည်သူတွေဟာ PDF တွေကြောင့် ဒီလိုဖြစ်ရပ်မျိုးကြုံရတာဆိုတာမျိုး ဖြန့်ဝေတာ၊ PDF တွေလက်နက်ကြီးနဲ့ ပစ်လို့ အရပ်သားပြည်သူတွေထိခိုက်ရတယ်ဆိုတာမျိုး အပြစ်ပုံချ ဝါဒဖြန့်တာမျိုးလည်း ပြုလုပ်လေ့ရှိတာပါ။ 

အပြစ်ပုံချ န်ဝါဒဖြန့်မှုတွေကို MFCN ရဲ့ အချက်လက်စစ်ဆေးသူတွေ စစ်ဆေးထားတဲ့ သတင်းလင့်များ 

https://bit.ly/45AquQ7 

https://bit.ly/3N5YwFM 

 

စစ်လော်ဘီတွေသတင်းအမှား ဖြန့်ဝေခြင်းရဲ့သက်ရောက်မှု 

စစ်လော်ဘီတွေရဲ့ လက်ညှိုးထိုး ဝါဒဖြန့်ဝေမှုတွေကြောင့် လက်နက်ကြီးကျည်တွေ၊ လေယာဥ်ကျည်ဆန်တွေကျရောက်လာတာက ဒေသခံပြည်သူတွေကြားမှာ တဦးကို တဦးသံသယဝင်လာစေရန်နဲ့ ကြောက်ရွံ့မှုတိုးပွားလာစေဖို့အတွက် ရည်ရွယ်ပြီး သတင်းအမှားတွေကို ဖြန့်ဝေကြတာပါ။

အဲ့ဒီလို အန္တရာယ်ရှိတဲ့ နည်းစနစ်တကျ ပြုလုပ်ပြီး သတင်းတွေဖြန့်ဝေတာဟာ  တော်လှန်ရေးတပ်ဖွဲ့တွေကြားနဲ့ ဒေသခံပြည်သူတွေကြား စည်းလုံးညီညွတ်မှုကို  ဖြိုခွဲဖို့ ရည်ရွယ်တဲ့ နည်းလမ်းတခုလည်းဖြစ်ပါတယ်။

 

စစ် လော်ဘီတွေ ပြုလုပ်နေတဲ့ လှုံ့ဆော်မှုတွေက အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ လေလှိုင်းကတဆင့် ပါဝင်ပတ်သက်နေတာဖြစ်ပါတယ်။

 

အရပ်သားပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ဒေသ ဒါမှမဟုတ် ကျေးရွာ၊ ရပ်ကွက်တွေအတွင်းမှာ  လော်ဘီတွေ၊ ဒါမှမဟုတ် လော်ဘီတွေနဲ့ အဆက်ဆံပြုနေတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ပစ်မှတ်ထား စောင့်ကြည့်မှုကို ခံနေရပါက သတင်းအချက်လက် လုံခြုံရေးကို ဂရုစိုက်ဖို့နဲ့ ဘေးလွတ်ရာကို ကြိုတင် ပြင်ဆင် ရှောင်တိမ်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ယုံကြည်စိတ်ချရဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသအလိုက် တိုင်ပင်ထားဖို့ လိုအပ်ပါတယ်။

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .