5 Jan 2026
MFCN/ The Akyab Post
Fact-check
အခုရက်ပိုင်း Facebook စာမျက်နှာမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကြောင့် မိုးသီးများ ကြွေကျနေတဲ့ ဗီဒီယိုဆိုပြီးတော့ ဖြန့်ထားတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။
Facebook လူမှုကွန်ရက်မှာ “Min Khant Streamer” ဆိုတဲ့ အကောင့်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ “သဘာဝဘေးကလည်း ကြောက်ဖို့ကောင်းလိုက်တာ” ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုထဲမှာ မိုးသီကြွေကျတာကြောင့် ထိခိုက်ပျက်စီးမှုတွေကို အသုံးပြုပြီး ဖြန့်ချိထားပါတယ်။
မူရင်းပို့စ်အပြည့်အစုံ – https://archive.md/E7cSN
“Min Khant Streamer” ဆိုတဲ့ အကောက်ကနေ ဖြန့်ချိထားတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ ၂၀၂၆ ဇန်နဝါရီလ ၄ ရက်နေ့အထိ Viewers ၃၂၅၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၃၇၀၀ ကျော်၊ comment ပေးသူ ၁၂၁ ဦးနဲ့ share ပြုလုပ်သူ ၈၉၉ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အပြင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မဟုတ်ဘဲ AI နဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုတစ်ခုကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မိုးသီးများကြွေကျဆိုပြီး သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မူရင်းဗီဒီယိုကို သိရှိရဖို့ Akyab Post ကနေ Google advanced search tools၊ Reverse Image search အသသ အပါအဝင် Video တွေကို စစ်ဆေးတဲ့ Invid tool၊ AI ဓာတ်ပုံ ဗီဒီယိုတွေကို စစ်ဆေးတဲ့ Image Whisperer၊ Illuminarty tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Googleမှာ “မိုးသီးများ ကြွေကျ” ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့ အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတွေမှာရော၊ နိုင်ငံတကာသတင်းဌာနတွေမှာပါ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းရေးသားထားကြတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် မိုးလေဝသနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကမ္ဘာ့မိုးလေဝသဆိုင်ရာ ထုတ်ပြန်ချက်တွေမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာတွေ မရှိပါဘူး။
https://worldweather.wmo.int/en/home.html
https://www.accuweather.com/en/world-weather
ပို့စ်တင်ထားတဲ့ အောက်က comment တွေမှာလည်း AI နဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုလို့ ပြောဆိုထားကြတာကြောင့် Reverse Image search နဲ့ Invid tool သုံးပြီး စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ဒီဗီဒီယိုကိုပဲ ဖြန့်ထားကြတာကို တွေ့ရပါတယ်။
ဖြန့်ထားတဲ့ ဗီဒီယိုကိုပဲ AI ဓာတ်ပုံ ဗီဒီယိုတွေကို စစ်ဆေးတဲ့ Image Whisperer၊ Illuminarty tool နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ AI နဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သုံးသပ်ချက်
Facebook စာမျက်နှာ ပျံ့နေတဲ့ပို့စ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ AI နဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုတစ်ခု ဖြစ်နေပြီးတော့ အများပြည်သူ ထိတ်လန့်အောင် အေအိုင်ဗီဒီယိုကိုသုံးပြီး သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်ဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







