၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်ဆိုပြီး စစ်ခေါင်းဆောင် လိမ်ညာဝါဒဖြန့်  
Share:FacebookX

၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်ဆိုပြီး စစ်ခေါင်းဆောင် လိမ်ညာဝါဒဖြန့်  

Fact-check _ MFCN/ ဟုတ်တယ် Vs မဟုတ်ဘူး/ ခမ်းသားငေါဝ်း/ The Red Flag

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့

 

အနှစ်ချုပ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်တပ်ကပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝါဒဖြန့်ရာမှာ  NLD အစိုးရလက်ထက် တုန်းက ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ  ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတယ်ဆိုပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဝါဒဖြန့်လိမ်လည်ပြော ဆိုထားတာနဲ့ပတ်သက်ပြီး  MFCN အဖွဲ့က အချက်အလက်စိစစ်ပေးထားပါတယ်။ 

 

ဖြန့်ချိမှု 

စစ်ကောင်စီ တယ်လီဂရန်ဝါဒဖြန့်ချိသည့် ချန်နယ်များမှ “တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာလား ၊ သမ္မတလုပ်မှာလားလို မဲလာထည့်တဲ့ယာယီသမ္မတကြီးကိုသတင်ထောက်တွေကမေးတဲ့အခါမှာ ယာယီသမ္မတကြီးရဲ့အဖြေကဘာဖြစ်မလဲ၊”  (မူရင်းအရေးအသားတိုင်း) ဆိုပြီးဖြန့်ဝေထားပါတယ်။ 

https://t.me/myanmarhardtalk/65801 

https://t.me/NPNewsMyanmar/48341 

 

“ကျနော်တို့ကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်အာမခံထားတယ် ဘာလို့လဲဆို တော့ တပ်မတော်ကလုပ်တာ။ နာမည်ပျက်မခံဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ် တော်တော်ဆိုးဆိုးဝါးဝါးကိုဖြစ်ခဲ့တာ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ် တချို့ကျတော့လည်း မသိကျိုးကျွံပြုနေတာ ကျနော်ကတကယ်စစ်ခဲ့တဲ့ လူ ကျနော်သိပါတယ် တကယ်အမှန်တိုင်းပါပဲ တကယ်ကိုဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာ ဘယ်လိုမှကိုနားလည်ပေးလို့မရတဲ့အတွက်ကြောင့်မို့ ဒီနေ့အထိရောက်သွားခဲ့ရတာဖြစ်ပါတယ်” ဆိုပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာတွေကိုပြောဆိုထားတာ ဖြစ်ပါတယ်။ 

 

အချက်အလက်စိစစ်ချက် 

 

စစ်ခေါင်းဆောင်ပြောသလိုမျိုး ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲ နိုင်ငံတကာမှာ လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ တော့ မှားယွင်းတဲ့အချက်အလက်တွေနဲ့ လိုရာဆွဲဝါဒဖြန့်ချိထားတယ်ဆိုတာကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့  ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူတွေက  လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။  အသိအအမှတ်ပြုခဲ့တဲ့  အဖွဲ့တွေကတော့ Asian Network for Free Elections (ANFREL)၊ People Alliance for Credible Elections (PACE)၊ ရွေးကောက်ပွဲစောင့်ကြည့်ရေး ဂျပန်မစ်ရှင်အဖွဲ့၊ Carter Center၊ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ၁၂ ဖွဲ့ တို့ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလှုပ်ရှားမှုအဖွဲ့ (PACE) က   ၂၀၂၁ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်တဲ့ “ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ပူးတွဲကြေညာချက်” ဆိုသည့် ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိပါသည် ဆိုပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။ 

 

PACE ရဲ့ ထုတ်ပြန်ချက်>>>> https://bit.ly/3KNxeDq 



ဒါ့အပြင် PACE အဖွဲ့ရဲ့ “၂၀၂၀ အထွေထွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအစီရင်ခံစာမှာလည်း လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတခုအဖြစ်တွေ့ရှိရတယ်လို့ထုတ်ပြန်ထားပါတယ်။

PACE ရဲ့ ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ >>>https://bit.ly/49uVmnB 

 

ANFREL (Asian Network for Free Elections) ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် ” ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲဟာ  COVID-19 ကပ်ရောဂါကာလအတွင်း ကန့်သတ်ချက်များအပါအဝင် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ခဲ့ရပြီး  အားနည်းချက်အချို့ရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်များ၏ စစ်မှန်သောဆန္ဒကို ထင်ဟပ်စေသည်” ဆိုပြီး ထုတ်ပြန်ထားတာရှိပါတယ်။ ဒါဟာ ၂၀၂၀ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိနိုင်ပါတယ်။

(၂၀၂၀ ရွေးကောက်ပွဲ) ANFREL (Asian Network for Free Elections) ရဲ့ ထုတ်ပြန်ချက် >>> https://bit.ly/494NLuN  

 

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့ဖြစ်တဲ့(International IDEA Myanmar – အိုင်ဒီယာမြန်မာ) အဖွဲ့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အချက်အလက်စုစည်းထားမှုမှာလည်း ၂၀၂၀ ရွေးကောက်ပွဲ ဟာ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

International IDEA Myanmar – အိုင်ဒီယာမြန်မာ အဖွဲ့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အချက်အလက်စုစည်းထားမှု>>> https://bit.ly/44y675M

 
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် စစ်ခေါင်းဆောင် ပြောဆိုဝါဒဖြန့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုချက်ဟာ အချက်အလက် အရမှားယွင်းပြီး လိုရာဆွဲလုပ်ကြံပြောဆိုထားတယ်ဆိုတာကို စိစစ်တွေ့ရှိနိုင်ပါတယ်။

 

အရင်ကလည်း စစ်တပ်လော်ဘီတွေက ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမှုတွေရှိခဲ့ကြောင်းနဲ့ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကို စစ်ကောင်စီက ကျင်းပပေးမယ်လို့ ဝါဒဖြန့် ခဲ့ဖူးပါတယ်။ အဲ့ဒီအကြောင်းအရာကိုလည်း MFCN က အချက်အလက်စစ်ဆေးခဲ့ဖူးပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမှုတွေရှိခဲ့ပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကို စစ်ကောင်စီက ကျင်းပပေးမယ်လို့ ဝါဒဖြန့်>>> https://bit.ly/4jqMRgL

စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ  ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့် >>> https://bit.ly/44KrKzX 

 

သုံးသပ်ချက် 

ဖော်ပြပါ အချက်အလက်တွေနဲ့  တိုက်ဆိုင်စိစစ်ကြည့်လိုက်မယ်ဆိုရင်  အာဏာသိမ်း စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုခဲ့တဲ့  “၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ် တော်တော်ဆိုးဆိုးဝါးဝါးကိုဖြစ်ခဲ့တာ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်” ဆိုသည့် အကြောင်းအရာသည် လိမ်လည်လှည့်ဖြားထားသည့် အကြောင်းအရာဖြစ်ပါတယ်။ 

ထိုအပြင် ၎င်းတို့ ဦးဆောင်လုပ်သည့် အတုအယောင်ရွေးကောက်ပွဲသည် တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ပေါ်လွင်ဖို့အတွက် ၂၀၂၀ ရွေးကောက်ပွဲက မဲမသမာမှုရှိတယ်ဆိုပြီး အစဉ်တစိုက် လိမ်လည်ဝါဒဖြန့်ချိမှုတွေ ကိုလည်း အချက်အလက်စစ်ဆေးထားသည့် အဖွဲ့များကလည်း စစ်ဆေးထားပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမှုတွေရှိခဲ့ပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကို စစ်ကောင်စီက ကျင်းပပေးမယ်လို့ ဝါဒဖြန့်>>> https://bit.ly/4jqMRgL

စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ  ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့် >>> https://bit.ly/44KrKzX 

 

အကြံပြုချက် 

 

စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ကိုယ်တိုင်ဖန်တီးထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါဝင်သောကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါသည့်တိုင် အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ စစ်ဆေးပါရန် အကြံပြုတိုက်တွန်းချင်ပါတယ်။ 

 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်းနိုင်ပြီး ဟုတ်တယ် Vs မဟုတ်ဘူးနှင့် ခမ်းသားငေါဝ်းတို့  Member ဝင်အဖြစ် ပါဝင်ထားသည့် Myanmar Fact−checking Network  အဖွဲ့စာမျက်နှာများမှာလည်း  သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

#Shamelection

#Againtelection 

#Rejectshamelection 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .