အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်၊
Share:FacebookX

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်၊

 

 

၂၀၂၅ ဒီဇင်ဘာလ ၂၇ ရက် 

 

(သျှမ်းသံတော်ဆင့်, ဟုတ်တယ် Vs မဟုတ်ဘူး, The Red Flag)

 

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့ လင့်ခ် – https://archive.is/wip/A3wln 

 

အချက်အလက်စိစစ်ချက် 


AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့  Khit Thit Media၊ People’s Spring၊ မျက်မှောက်ခေတ်၊ The Voice Of Spring စတဲ့  သတင်းဌာနတွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ 

 


ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့နဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန က  အဲ့ဒီဓာတ်ပုံ တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပုံဟာ  AI အသုံးပြုပြီး ဖန်တီးထားတယ်ဆိုတာ ကိုစိစစ်တွေ့ရှိရပါတယ်။ 

 

 ဘာကြောင့် ဒီပုံဟာ AI ကို အသုံးပြုပြီး ဖန်တီးထားလဲလို့ ပြောနိုင်တာလဲဆိုရင်

(၁) နောက်ခံ ဆိုင်းဘုတ်ပေါ်က စာလုံးတွေ မှားယွင်းနေတာ

 

(၂) လူပုံရဲ့ အရပ်အမောင်းနဲ့ အလံကိုင်ထားတဲ့ လက်တွေ သဘာဝမကျတာ

တွေက AI နဲ့ ပြုပြင်ထားတယ်ဆိုတာကို သိသာစေတဲ့အချက်တွေဖြစ်ပါတယ်။ 

 

ဒါ့အပြင် AI ဓာတ်ပုံတွေကို စစ်ဆေးပေးတဲ့ Image Whisperer ဝဘ်ဆိုက်ဒ်မှာ တိုက်ဆိုင်စစ်ဆေးတဲ့ အခါမှာ လည်း “ဓာတ်ပုံက အစစ်အမှန်ဖြစ်ပေမယ့် တည်းဖြတ် ပြုပြင်ထားတယ် (Real but Edit)” လို့ ဖော်ပြထားပါတယ်။ 

 

No Vote လှုပ်ရှားမှုနဲ့ပတ်သက်ပြီး စိစစ်ရာမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကနေ  “NO VOTE” စာတန်း ကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလှုပ်ရှားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဗီဒီယိုလင့်ခ် – https://bit.ly/4jfHwc5 

 

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ရဲ့ ဖေ့ဘွတ််စာမျက်နှာဖြစ်တဲ့ OCTOPUS စာမျက်နှာမှာ တင်ထားတဲ့ မဲမပေးခြင်း ကဏ္ဍ ❌လို့ ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာဖော်ပြထားတဲ့ ဓာတ်ပုံဟာ ပြန်လည် Edited ပြုလုပ်ထားတာကိုတွေ့ရှိရပါတယ်။  ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီ  ၃မိနစ်မှာ  ပုံကိုပြန်လည်အသစ်ပြင်ဆင်ထားတာကိုစိစစ်တွေ့ရှိရပါတယ်။ 

 

OCTOPUS စာမျက်နှာ မှာတင်ထားတဲ့ ပို့စ် >>> https://bit.ly/4pSGTYn 

 

ဒါ့အပြင် Mizzima သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးထားချက်အရ အတုယောင်ရွေးကောက်ပွဲလှုပ်ရှား မှုဟာ အမှန်တကယ်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။   ” OCTOPUS အဖွဲ့ကို မဇ္ဈိမ မှ မေးမြန်းရာတွင် ထိုဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် မူရင်းပုံကို AI ဖြင့် ပြုပြင်ကာ ဖော်ပြခဲ့ကြောင်း ပြောသည် ” ဆိုပြီး ဖော်ပြထားပါတယ်။ 

 

Mizzima သတင်းဌာနရဲ့ သတင်း>>> https://bit.ly/4jduzQ9 

 

သုံးသပ်ချက် 

 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်ဆို တာက  တစိတ်တပိုင်း မှား ယွင်းတဲ့အကြောင်းအရာဖြစ်ပြီးတော့  No Vote လှုပ်ရှားမှုဟာ အမှန်တကယ်ပြုလုပ်ခဲ့ပြီး လုံခြုံ ရေး အခြေအနေအရ AIနဲ့ အစားထိုးပြုပြင်ထားတယ်ဆိုတာကို စ်ိစစ်တွေ့ရှိရပါတယ်။


 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .