၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်
Fact-check / ခမ်းသားငေါဝ်း/ MFCN
အချက်အလက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တပင်ရွှေထီးဓာတ်ဆီဆိုင် မီးလောင်မှုနှင့်ပတ်သက်၍ သတင်းအမှား ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
“Karenni Media” ဟု အမည်ရှိသည့် ဖေ့ဘွတ် စာမျက်နှာကနေ “အေးသာယာ တပင်ရွှေထီးဓာတ်ဆီဆိုင်မှာ PNO အဖွဲ့အစည်းကားဖြင့် ကားဆီလာဖြည့်သည့် PNO တပ်သား ဆေးလိပ်သောက်ခြင်းကြောင့် မီးလောင်သွားသည့် အကြောင်း” ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ညနေပိုင်းတွင် ဖြန့်ဝေထားပါသည်။
ထိုဖြန့်ဝေမှုကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးနေချိန်၌ လိုက်ရီအက်ရှင်ပေးသူ ၁၄၀၀ ကျော်၊ မှတ်ချက်ပေးသူ ၂၆၁ ခုနှင့် ထပ်ဆင့်မျှဝေသူ ၃၃ ဦးထိ ရှိနေပြီး ပျံနှံမှု များနေပါသည်။
သတင်းအမှား ဖြန့်ဝေလင့်- https://archive.ph/R4GLV
ထိုအကြောင်းအရာကို Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်းမှ အချက်အလက်စစ်ဆေးရာတွင် မီးလောင်သွားသည့်ဖြစ်စဥ်ကို အသုံးချ၍ အချက်အလက်အမှားများ ရေးသားဖြန့်ဝေထားခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
၎င်းဖြန့်ဝေထားသည့် အကြောင်းအရာကို ရှမ်းပြည်အခြေစိုက် ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်များနှင့် မီးလောင်ချိန်၌ ပါဝင်ကူညီကယ်ဆယ်ပေးသည့် တောင်ကြီး ကြက်ခြေနီအဖွဲ့ထံသို့ စိစစ်မှုများ ပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ Excellent Power ဓါတ်ဆီဆိုင် နောက်ကြောဘက် ၊ တပင်ရွှေထီး ဓါတ်ဆီဆိုင် ဆီဂိုထောင်တွင် ဒီဇင်ဘာလ ၁၆ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲအချိန်က ပေါက်ကွဲပြီး မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းကို ခမ်းသားငေါဝ်းမှ ဒီဇင်လာ ၁၆ ရက်နေ့တွင် ဖော်ပြထားပါသည်။
ခမ်းသားငေါဝ်း ရဲ့ သတင်းဖော်ပြထားတဲ့လင့်ခ်>>>> – https://bit.ly/48YRAS5
မီးလောင်သွားသည့် ဖြစ်စဥ်မှာ ဆိုင်ဝန်ထမ်းအမျိုးသားတွေ နေတဲ့ အိမ်ခန်းက ထမင်းချက်စားရင်း ဝိုင်ယာရှောခ့် ဖြစ်ချိန်နှင့် ဆီလှယ်နေသည့်အချိန်နဲ့တိုက်ရာကနေ မီးလောင်သွားခြင်း ဖြစ်ပြီး ထိုဆိုင်ရှိ ၃၅နှစ်အရွယ် အမျိုးသား တစ်ဦးက မီးငြိမ်းရန် ကြိုးစားရာမှ ဒဏ်ရာရရှိသွားကာ ဆေးရုံတင်ထားခဲ့ရကြောင်း ဟု တောင်ကြီးမြို့ ကြက်ခြေနီအဖွဲ့မှ အတည်ပြု ဖြေကြားထားပါသည်။
မီးလောင်ခြင်းကြောင့် ဆီဘောက်ဆာကားတစ်စီး၊ ဆီပေပါ အလုံး (၅၀) မီးလောင်ဆုံးရှုံးသွားကြောင်းနှင့် မန်နေဂျာတစ်ဦးက မီးငြိမ်းရင်း မီးဟပ်ပြီး ဒဏ်ရာရသွားကာ လက်ရှိဆေးရုံတင်ထားရကြောင်းကို သျှမ်းသံတော်ဆင့်သတင်းဌာနမှလည်း ဖော်ပြထားပါသည်။
သျှမ်းသံတော်ဆင့် ရဲ့ သတင်းဖော်ပြထားတဲ့လင့် >>> https://bit.ly/4aWHHa1
တပင်ရွှေထီး ဓာတ်ဆီဆိုင်မီးလောင်မှုကို မီးသတ်ကား အကြီး ၅ စီး လာရောက် ငြိမ်းသတ်ခဲ့ရကြောင်းနှင့် လက်ရှိတွင် ခြောက်သွေ့သော ဆောင်းရာသီ ဖြစ်သောကြောင့် မီးဘေးအန္တရာယ် ဂရုစိုက်ကြရန် လိုအပ်ကြောင်းကိုလည်း မဲခေါင်သတင်းဌာနမှ ဖော်ပြထားပါသည်။
မဲခေါင်သတင်း ဌာနရဲ့ ဖော်ပြထားတဲ့လင့် >>> https://bit.ly/491k5hQ –
မီးလောင်သွားသည့် အေးသာယာမြို့ တပင်ရွှေထီ ဓာတ်ဆီဆိုင်၏ တည်နေရာ Geo Code – 20.79162078922529, 97.00868539822987
သုံးသပ်ချက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့ ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မီးလောင်သွားသည်မှာ သတင်းအမှန်ဖြစ်ပါသည်။ ဓာတ်ဆီဆိုင်တွင် ဆီလှယ်နေချိန်နှင့် ဝိုင်ယာရှောခ် ဖြစ်နေချိန် တိုက်၍ မီးလောင်ခြင်း ဖြစ်ကြောင်းကို ကူညီကယ်ဆယ်ရေးနှင့် သတင်းဌာနများ၏ ဖော်ပြချက်တွင် တွေ့ရပါသည်။
ထို့ကြောင့် Karenni Media နာမည်ဖြင့် ဖေ့ဘွတ်ခ်အကောင်မှ တင်ထားသည့် ဓာတ်ဆီဆိုင်တွင် PNO အဖွဲ့က ဆေးလိပ်သောက်လို့ မီးလောင်သွားဆိုသည့်အကြောင်းအရာမှာ သတင်းအမှားဖြစ်ပါသည်။
ထို Followers (၁၄၀,၀၀၀) ရှိတဲ့ “Karenni Media” facebook page သည် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်ရည်ရွယ်သည့် အရေးအသားများ၊ ကြောင်းအရာ ပြည်ပြည်စုံစုံ မပါဝင်သည့် စစ်ရေးသတင်းများ၊ လေကြောင်းရန် သတိပေးမှုများ၊ တော်လှန်ရေးသတင်းအချက်အလက်များ ကိုလည်း မကြာခဏဆိုသလို တင်လေ့ရှိသည့်ကို တွေ့ရှိရသည့်အတွက် စာဖတ်သူများအနေဖြင့် ဂရုတစိုက် ဖတ်ရှုသင့်ကြောင်း တိုက်တွန်းပါသည်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်း လိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း







