စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ  ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့် 
Share:FacebookX

စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ  ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့် 

စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ  ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ လိမ်လည် ဝါဒဖြန့် 

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၈ရက်။

(Fact-Check_DNA)

အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲက ထူးခြားတဲ့ရွေးကောက်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေက သာမန်ရွေးကောက်ပွဲသာလျှင်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက နေပြည်တော် ဇေယျာသီရိမြို့နယ်မဲဆွယ်စည်းရုံးရေးမှာ ဝါဒဖြန့်ပြောကြားခဲ့ ပါတယ်။

ဝါဒဖြန့် ပြောစကားလင့် – https://archive.ph/wip/hFfci 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြားကနေ စစ်တပ်က သူတို့ရဲ့ထွက်ပေါက်အနေနဲ့ အတုယောင်ရွေးကောက်ပွဲကို ကျင်းပဖို့အတွက်ကြိုးစားနေတာကိုတွေ့ရပါတယ်။

ရွေးကောက်ပွဲဖြစ်မြောက်ဖို့နဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီ (USDP) ဥက္ကဌဦးခင်ရီက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၆ရက်က မဲဆွယ်စီးရုံးနေချိန်မှာ “ဒီတခါရွေးကောက်ပွဲသည် သက်သေ၊ သက္ကာယအရှေ့မှာလုပ်တဲ့ပွဲဖြစ်တယ်၊ သူများတွေရဲ့မှိုင်းတိုက်တဲ့အောက်မှာ နားလည်မှုတွေဆုံးရှုံးသွားမှာစိုးလို့ အတုအယောင်မဖြစ်အောင်အစိုးရက အဲ့လိုလုပ်ပေးနေတယ်။” ဆိုပြီး (မူရင်းအတိုင်း) ပြောကြားခဲ့ပါတယ်။

ဦးခင်ရီရဲ့ ဒီလိုပြောချက်တွေက  လက်တွေ့မြေပြင်နဲ့ နိုင်ငံတကာအခင်းအကျင်းအရ အချက်အလက်လွဲမှားနေတဲ့​ ဝါဒဖြန့်အကြောင်းအရာတွေသာဖြစ်တယ်ဆိုတာကို MFCN ရဲ့ အချက်လက်စစ်ဆေးသူတွေက အချက်အလက်စစ်ဆေးထားပါတယ်။ 

နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတဲ့ အကြောင်းအရာအပေါ် အချက်အလက်စစ်ဆေးခြင်း 

ဦးခင်ရီက နိုင်ငံတကာက အသိအမှတ်ပြုတယ်လို့ မဲဆွယ်စည်းရုံးချိန်မှာ ပြောဆိုထားပေမယ့်လည်း လက်တွေ့မှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲ ဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်းနဲ့ အသိအမှတ်မပြုကြောင်း ကြေညာထားပြီဖြစ်ပါတယ်။

ကုလသမဂ္ဂ (UN) အဖွဲ့ကြီးကလည်း  စစ်တပ်က ကျင်းပတဲ့ရွေးကောက်ပွဲဟာ  တရားဝင်မှုမရှိဘဲ ပဋိပက္ခတွေကို ပိုပြီးဆိုးရွားစေမယ်လို့ သတိပေးထားပါတယ်။ 

အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂ (EU) တို့ကလည်း ဒီရွေးကောက်ပွဲက  “အတုအယောင် (Sham Election)” သာဖြစ်ကြောင်းနဲ့ လွတ်လပ်ပြီး မျှတမှုမရှိနိုင်ဘူးလို့လည်း အတိအလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ (UN) ရဲ့ထုတ်ဖော်ပြောဆိုချက်သတင်း  – https://bit.ly/4qfSIYw 

Human Rights Watch (International) ရဲ့ ထုတ်ဖော်ပြောချက်သတင်း – https://bit.ly/4p4zxzQ 

 ဥရောပသမဂ္ဂ (EU) ရဲ့ ထုတ်ဖော်ပြောဆိုချက်သတင်း – https://bit.ly/4j3ZrSN 

ဗြိတိန်အစိုးရ (UK) ရဲ့ ထုတ်ဖော်ပြောဆိုမှု – https://bit.ly/3MB23M6 

 

စစ်တပ်ကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ အတိအလင်း ထောက်ခံတဲ့ နိုင်ငံက ၄နိုင်ငံပဲရှိနေပြီး အဲ့ဒီ ၄ နိုင်ငံလုံးဟာ စစ်တပ်နဲ့ မဟာမိတ်နိုင်ငံတွေဖြစ်ပြီး စစ်လက်နက်ပစ္စည်း တွေရောင်းချနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘီလာရုစ် နိင်ငံတွေဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံပြီး လေ့လာသူတွေကိုစေလွှတ်မယ်လို့  ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ဒီအကြောင်းကို  Justice For Myanmar က ရေးသားဖော်ထုတ်ထား ပါတယ်။

Justice For Myanmar ရဲ့ ဖော်ထုတ်ရေးသားထားမှု>>> https://bit.ly/4j2SaTn 

ပွင့်လင်းမြင်သာမှုရှိတယ်လို့ပြောဆိုချက်အပေါ် အချက်အလက်စစ်ဆေးခြင်း

ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲတခုအနေနဲ့ အတိုက်အခံပါတီတွေကို လွတ်လပ်စွာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ 

ဒါပေမယ့် အာဏာသိမ်းစစ်တပ်က ၂၀၂၀ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အပါအဝင် အဓိက နိုင်ငံရေးပါတီ ၄၀ကျော်ကို ဖျက်သိမ်းထားတာပါ။

နိုင်ငံရေးခေါင်းဆောင်တွနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးချုပ်နှောင်ထားသလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားပါတယ်။

ဒါကြောင့် ဦးခင်ရီပြောခဲ့သလို “ပွင့်လင်းမြင်သာမှု” ရှိတယ်ဆိုတဲ့ အချက်က အာဏာသိမ်းစစ်တပ်အလိုကျ စိတ်ကြိုက်ရေးဆွဲထားတဲ့ စည်းမျဥ်းအတွင်းမှာသာရှိနေတာကို တွေ့ရပါတယ်။

စစ်အုပ်စုက NLD ပါတီအပြင် ပါတီပေါင်း ၃၉ပါတီကို ဖျက်သိမ်းထားတယ်ဆိုတာကို ဖော်ပြထားတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်း>>> https://bit.ly/4oWV2m3 

 

၂၀၁၅ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေက သာမန်ရွေးကောက်ပွဲတွေသာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် အချက်အလက်စစ်ဆေးခြင်း 

 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေရဲ့ အရှိန်အဝါကို သေးသိမ်စေဖို့အတွက် ရည်ရွယ်ပြီး သာမာန်ရွေးကောက်ပွဲတွေသာဖြစ်တယ်လို့ ဦးခင်ရီက ပြောခဲ့ပေမယ့်လည်း ၂၀၂၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေ ပြည်တွင်း၊ ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ပေါင်းများစွာ တက်ရောက်စောင့်ကြည့်ခဲ့ပြီး ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။

အပြန်အလှန်အနေနဲ့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လာရောက်စောင့်ကြည့်မယ့် နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီကနေ့အထိ မရှိသလောက်နည်းပါးတာကိုလည်းတွေ့ရပါတယ်။

 

International IDEA Myanmar – အိုင်ဒီယာမြန်မာ အဖွဲ့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အချက်အလက်စုစည်းထားမှု>>> https://bit.ly/44y675M 

The Carter Center (၂၀၁၅ ရွေးကောက်ပွဲ): Observing Myanmar’s 2015 General Elections – Final Report 

The Carter Center (၂၀၂၀ ရွေးကောက်ပွဲ): ELECTION OBSERVATION MISSION MYANMAR, GENERAL ELECTION,

ANFREL (Asian Network for Free Elections) (၂၀၁၅ ရွေးကောက်ပွဲ): Myanmar 2015 General & Local Elections Mission Report 

ANFREL (Asian Network for Free Elections) (၂၀၂၀ ရွေးကောက်ပွဲ): 2020 Myanmar General Elections Final Observation Report 

European Union (EU) Election Observation Mission (၂၀၁၅ ရွေးကောက်ပွဲ) : Final Report on the 2015 General Elections

ဦးခင်ရီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ရွေးကောက်ပွဲတွေကို “သာမန် ” လို့ ပြောဆို အမည်တပ်နေပေမယ့်လည်း အဲ့ဒီရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ပေါင်း (၁၀)ဖွဲကျော်နဲ့ ပြည်တွင်းစောင့်ကြည့်သူ ထောင်ပေါင်းများစွာရဲ့အသိအမှတ်ပြုတာကို ရရှိခဲ့တာပါ။

အခုလက်ရှိ စစ်တပ်ကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းတွေက လေ့လာစောင့်ကြည့်မယ်ဆိုပြီး ပြောဆိုနေတာကိုမျိုးကို မတွေ့ရသလို အဓိကအတိုက်အခံပါတီတွေကို ဖယ်ထုတ်ထားတာကြောင့် ဦးခင်ရီရဲ့ ပြောဆိုချက်တွေက လိမ်လည်လှည့်ဖျားပြောဆိုနေတယ်ဆိုတာ စိစစ်တွေ့ရှိရပါတယ်။

အတုအယောင် ရွေးကောက်ပွဲနဲ့ သုံးသပ်ချက်

မြန်မာနိုင်ငံရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်အနေနဲ့ နယ်မြေစိုးမိုးနိုင်မှု ဆုံးရှုံးနေသလိုတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှန်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် နည်းပညာအရရော၊ လုံခြုံရေးအရပါ မဖြစ်နိုင်တာကိုလည်း တွေ့ရပါတယ်။

 

စစ်တပ်ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေနဲ့မတူပဲ  ပွင့်လင်းမြင်သာ မှုရှိတယ်လို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ ရဲ့ ပြောဆိုချက်တွေက စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကို ရွေးကောက်ပွဲနည်းလမ်းနဲ့ တရားဝင်အောင်ကြိုးပမ်းတဲ့ ဖြစ်စဉ်ကို ပြည်သူတွေနားလည်မှုလွဲအောင် လိမ်လည် ဝါဒဖြန့်ချိမှုတခုသာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ထောက်ခံမှုမရှိတာ၊ အတိုက်အခံပါတီတွေကို ဖယ်ထုတ်တာ၊ တက်ကြွလှုပ်ရှားသူတွေကို မတရားသဖြင့် ဖမ်းဆီး သတ်ဖြတ်တာနဲ့ မြေပြင်စစ်မီးတွေကြောင့်  စစ်တပ်ကျင်းပတဲ့ ဒီရွေးကောက်ပွဲက မြန်မာ့သမိုင်းမှာ “အစစ်အမှန်ဆုံး” မဟုတ်ဘဲ “အငြင်းပွားဖွယ်ရာ အကောင်းဆုံး” ဖြစ်လာဖွယ်ရှိတာကို တွေ့ရပါတယ်။

ဒီနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် လူမှုမီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Sham_Election  #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ် #သရော်စာ #သတင်းမှားဝါဒဖြန့် 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .