မြိုင်ဗုံးကြဲတိုက်ခိုက်မှုမှာ  PDF တွေ သေဆုံးဆိုပြီး  သတင်းမှားဖြန့်ဝေ
Share:FacebookX

မြိုင်ဗုံးကြဲတိုက်ခိုက်မှုမှာ  PDF တွေ သေဆုံးဆိုပြီး  သတင်းမှားဖြန့်ဝေ

 

၂၀၂၅ ဒီဇင်ဘာ ၁၆ ရက် 

Fact-check, ဖက်ဒရယ် FM/ The Red Flag / MFCN

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြိုင်ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ  PDF တွေ သေဆုံး ခဲ့တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။

အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့Truth Media တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၄  ရက်နေ့မှာ  စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ ၁၄,၀၀၀ကျော်ရှိနေပြီး ပြန့်နှံ့မှု များနေပါတယ်။

 ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>>https://archive.is/wip/nsOFW 

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက  အချက်အလက် စစ်ဆေးကြည့်တဲ့အခါ  မှားယွင်းချိတ်ဆက်ပုံဖော်ထားတဲ့ သတင်းအမှားဖြစ်နေတယ်ဆိုတာကိုစိစစ်တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ Truth Media တယ်လီဂရမ်ချန်နယ်က ဖြန့်ချိလာတဲ့အကြောင်းအရာကို Google Search မှာ ( မြိုင်ဗုံးကြဲတိုက်ခိုက်မှု) ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်တဲ့အခါမှာ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာသတင်းဌာနတွေဖြစ်ကြတဲ့ “ DVB၊ MFP၊ Red Pea တို့မှာ သတင်းဖော်ပြခဲ့ကြပြီးတော့ “အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင်” ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Mandalay Free Press – MFP  သတင်းဌာနရဲ့ သတင်းထဲမှာတော့ “ မကွေးတိုင်း မြိုင်မြို့နယ်က သပြေညိုရေနံမှော်ကို ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ စစ်အုပ်စု နှစ်ရက်ဆက်တိုက် ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေအိမ်တွေမီးလောင်ဆုံးရှုံးသွားကြောင်း၊  မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ စစ်အုပ်စုတပ်က စစ်အုပ်စုဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ မြိုင်နဲ့ပေါက်နယ်အစပ်က ဒေသအခေါ် သပြေညိုရေနံမှော်ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲချခဲ့တာ ဖြစ်ကြောင်း” သတင်းဖော်ပြထားပါတယ်။

Mandalay Free Press – MFP မှဖော်ပြထားသောသတင်း>>> https://bit.ly/4aT7LCX 

အလားတူ လွတ်လပ်တဲ့မီဒီယာ သတင်းဌာနဖြစ်တဲ့ “DVB သတင်းဌာနမှာလည်း သတင်းဖော်ပြခဲ့ပါတယ်။ 

DVB မှဖော်ပြထားသောသတင်း>>>https://bit.ly/4oSzZRP 

အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင် ထုတ်ပြန်ချက် >>>   https://bit.ly/3YASYoZ  

သုံးသပ်ချက်

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင် ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကော်မရှင်တပ်ဟာ  မြိုင်မြို့နယ်က သပြေညိုရေနံမှော်ကို ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ စစ်အုပ်စု နှစ်ရက်ဆက်တိုက် ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရတဲ့အပြင်  နေအိမ်တွေမီးလောင်ဆုံးရှုံးသွားတာကို စိစစ်တွေ့ရှိရပါတယ်။

Truth Media တယ်လီဂရမ်ချန်နယ်က ဖော်ပြနေသလိုမျိုး “ မြိုင်ဗုံးကြဲတိုက်ခိုက်မှုမှာ PDF တွေ သေဆုံးသွားတယ်” ဆိုတဲ့ အကြောင်းအရာဟာ သတင်းဌာနတွေမှာ သတင်းဖော်ပြထားတာ မတွေ့ရှိရပါဘူး။

အထက်ပါအချက်တွေနဲ့စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ Truth Media တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ “မြိုင်ဗုံးကြဲတိုက်ခိုက်မှုမာ PDF တွေ သေဆုံး”ဆိုတာဟာ မှားယွင်းချိတ်ဆက်ပုံဖော်ထားတဲ့ သတင်းဖြစ်ပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေဟာ စစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တမင်လှည့်စားပြီး ဝါဒဖြန့်ချိနေပါတယ်။

လေကြောင်းတိုက်ခိုက်ပြီးတဲ့ အချိန်တိုင်းမှာလည်း PDFတွေ သေဆုံးတယ်ဆိုပြီး အချိန်ကိုက် ဝါဒဖြန့်ချိနေပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးတဲ့ အချိန်တိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ စွပ်စွဲပြီး ရေးသားထားတဲ့သတင်းအမှားတွေကို MFCN မှ စိစစ်ထားသည်များကို အောက်ပါလင့်ခ်တွေ ဖတ်ရှု့နိုင်ပါတယ်။

(၁)မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွင်း  ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဦးခိုင်သုခတို့ သေဆုံးဟုဆိုကာ သတင်းမှားဖြန့် >>> https://bit.ly/4pEP3DA 

(၂)မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ အေအေတပ်သားတွေ ဆိုပြီး သတင်းမှားဖြန့် >>>https://bit.ly/4oZiP54

(၃)မြစ်ဆုံရွာ လေကြောင်းတိုက်ခိုက်မှုတွင် PDF အများအပြား သေဆုံးဆိုသည့် သတင်းအမှား>>> https://bit.ly/4pFX1MZ 

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

 Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web-https://myanmarfactcheckingnetwork.org/

 Fb-https://www.facebook.com/myanmarfactcheckingnetwork

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .