ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်ဆီးဆိုသောသတင်းမှား
Share:FacebookX

ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်ဆီးဆိုသောသတင်းမှား

Fact-Check News

16 Dec 2025 

MFCN/ Myanmar Pressphoto Agency +The Akyab Post

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့ကို သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကို အာရက္ခတပ်တော်-အေအေ အဖွဲ့က မီးရှို့ဖျက်ဆီးဟု ဖြန့်ဝေထားသော သတင်းအတုများ ပျံ့နှံ့လျက်ရှိသည်။ 

“Bagyi Aung LA” အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်က ၂၀၂၅ ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်းတွင် “ကျောက်ဖြူမြို့က နေ တရုတ်ပြည်ကို ဓာတ်ငွေ့ပို့ပေးနေတဲ့ ဂက်စ်ပိုက်လိုင်းကို ရခိုင့်တပ်မတော်က မီးရှို့ဖျက်စီးလိုက်တယ်လို့ ကနဦးသတင်းရထားပါတယ်”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။ 

ထိုသို့ ဖြန့်ဝေထားမှုအား ဒီဇင်ဘာ ၁၅ရက် ညဦးပိုင်းအထိ like and react ပေးသူ ၈၇၀၀ကျော်၊ မှတ်ချက် ရေးသားသူ ၈၀၀ကျော်နှင့် မျှဝေသူ ၃၀၀ကျော်ရှိပြီး ပျံ့နှံ့မှု များပြားနေသည်။ 

📌 သတင်းအတုဖြန့်ဝေထားသော လင့်ခ် – https://archive.is/Oxdxi 

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော အကြောင်းအရာကို MPA နှင့် Aykab Post သတင်းမီဒီယာတို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးရာ လုပ်ကြံဖန်တီးဖြန့်ဝေထားသော သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရ သည်။ 

▪️သတင်းစိစစ်ချက်

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော အကြောင်းအရာကို  စိစစ်နိုင်ဖို့အတွက်  Google advanced search ကို အသုံးပြုပြီး အချက် အလက်စစ်ဆေးခဲ့သည်။

Google တွင် “ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း အေအေဖောက်ခွဲ”ဆိုသော keywords ဖြင့် ရှာ ကြည့်ရာ စိတ်ချယုံကြည်ရသော နိုင်ငံတကာ သတင်းမီဒီယာများ၊ မြန်မာသတင်းမီဒီယာများက အဆိုပါ ဖြစ်စဉ်အကြောင်း သတင်းဖော်ပြထားခြင်းမရှိပါ။ 

ရခိုင်ဒေသတွင်း သတင်းမီဒီယာများဖြစ်သော Development Media Group နှင့် Narinjara သတင်းဌာန များတွင်လည်း သတင်းဖော်ပြထားခြင်းမျိုးမတွေ့ရှိရပါ။ 

နိုင်ငံတကာသတင်းမီဒီယာများဖြစ်သော Asia Time, Al Jazeera, South China Morning Post, The Nation, Bangkok Times စသည့်တို့တွင် အဆိုပါ အကြောင်းအရာကို ရေးသားထားခြင်း မရှိပေ။ 

ထို့အပြင် အာရက္ခတပ်တော် အေအေ၏ထုတ်ပြန်ချက်များတွင် ကျောက်ဖြူ-ကူမင်းသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဖောက်ခွဲဟူသော  အကြောင်းအရာကို မတွေ့ရှိရပေ။ 

အေအေ ဝက်ဆိုက်ဘ်လင့်ခ် – https://bit.ly/3XXZFBp 

အေအေ တယ်လီဂရမ်လင့်ခ် –https://bit.ly/4oXUQmJ  

မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိပေ။

တရုတ်သံရုံးဖေ့ဘွတ်ခ်လင့်ခ် – https://bitly.cx/tKKPf 

▪️သုံးသပ်ချက်

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စိစစ်ကြည့်ရာတွင် နိုင်ငံတကာ သတင်းမီဒီယာများ၊ ပြည်တွင်းရှိ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများနှင့် ရခိုင်ဒေသတွင်း မီဒီယာများတွင် “ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အေအေ မီးရှီု့ဖျက်ဆီး” ဆိုသောအကြောင်းအရာနှင့်ပတ်သက်ပြီး သတင်းဖော်ပြထားမှုမရှိပါ။ 

ထို့ကြောင့် ဖေ့ဘွတ်ခ်တွင် “Bagyi Aung LA” အကောင့်က ဖြန့်ဝေထားသော အကြောင်းအရာသည် လုပ်ကြံဖန်တီးရေးသားထားသော သတင်းအတုဖြစ်နေသည်။ 

ယနေ့ခေတ် အင်တာနက်အခြေပြု လူမှုမီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင်  အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ  အချက်အလက် စစ်ဆေးထားသော သတင်းများကို  အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork                 

#MFCN #MPA #Akyab #FactCheck #Mis_Disinformation #ကျောက်ဖြူ #ကူမင်း #ဓာတ်ငွေ့ပိုက်လိုင်း 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .