ထိုင်းနိုင်ငံမှာ ရေကြီးရတာက မြန်မာနိုင်ငံက ရွှေတိဂုံဘုရားနဲ့မယ်သီလရှင်တွေကိုဟာသလုပ်လို့ဆိုပြီး သတင်းမှားဖြန့် 
Share:FacebookX

ထိုင်းနိုင်ငံမှာ ရေကြီးရတာက မြန်မာနိုင်ငံက ရွှေတိဂုံဘုရားနဲ့မယ်သီလရှင်တွေကိုဟာသလုပ်လို့ဆိုပြီး သတင်းမှားဖြန့် 

10 Dec 2025

MFCN/ The Akyab Post

Fact- check

အခုရက်ပိုင်း ဖေ့စဘုတ်လူမှုကွန်ရက်မှာ မြန်မာနိုင်ငံက ရွှေတိဂုံဘုရားကို ဟာသလုပ်လို့ ထိုင်းနိုင်ငံမှာ ရေကြီးတာဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ ဗီဒီယိုတစ်ခု ပျံံ့နှံ့လျက်ရှိပါတယ်။ 

Facebook လူမှုကွန်ရက်မှာ followers ၁၇၅K  ရှိတဲ့ “Akariz Diary” ဆိုတဲ့ Page ကနေ ဒီဇင်ဘာလ ၂ ရက်နေ့မှာ “မြန်မာနိုင်ငံက ရွှေတိဂုံဘုရားနဲ့မယ်သီလရှင်တွေကိုဟာသလုပ်လို့ ရေကြီးသွားတဲ့ ထိုင်းနိုင်ငံ” ဆိုတဲ့ စာသားနဲ့ ၃ မိနစ်နဲ့ ၃၅ စက္ကန့်ရှိတဲ့ ဗီဒီယိုတစ်ခုကို ဖြန့်ခဲ့တာပါ။ 

ဗီဒီယိုထဲမှာ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ miss acdc ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွေတိဂုံဘုရားနဲ့ မယ်သီလရှင်တွေ၊ မြန်မာယဉ်ကျေးမှုတွေကို ဟာသလုပ်တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မှာ ရေကြီးမှုတွေ ဖြစ်လာတာဆိုပြီးတော့ ဖြန့်ဝေထားပါတယ်။ 

 📌 မူရင်းပို့စ် အပြည့်အစုံ – https://archive.ph/Vp256 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post က စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ reaction ပြုလုပ်သူ၆၃၄၀၀ကျော် ထိရှိပြီး comment ပေးသူ ၁၅၀၀ကျော်  Share ပြုလုပ်သူ ၈၇၀၀ ထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

Akariz Diary” ဆိုတဲ့ Page ကနေ  ဖြန့်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့မှာ ရေကြီးတာဟာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးခဲ့တာဖြစ်ပြီး၊ Akariz Diary” ဆိုတဲ့ Page ကနေ miss acdc က ဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားပြီး သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

▪️သတင်းစိစစ်ချက်

Facebook လူမှုကွန်ရက်မှာပျံ့နေတဲ့ ကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ “Miss acdc Thailand” လို့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ ၂၀၂၅ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ “กระทรวงนางงามแห่งประเทศไทย” ဆိုတဲ့ facebook page ကနေ ၄၅ စက္ကန့် ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီးတော့ ဗီဒီယိုထဲမှာ miss acdc ဝင်ပြိုင်တဲ့ အလှမယ်တစ်ဦးက ပါဖောင့်မန့် ပြတဲ့ အနေနဲ့ ရွှေတိဂုံဘုရားနဲ့ မယ်သီလရှင်ဝတ်စုံတို့ကို အသုံးပြုပြီး​ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။ 

https://bitly.cx/xD9pq 

ဒါ့အပြင် miss acdc နဲ့ ပတ်သက်လို့ ရှာကြည့်တဲ့အခါ ဒီလို ရွေတိဂုံဘုရားနဲ့ မယ်သီလရှင်ဝတ်စုံ တို့ကို ဝတ်ဆင်ပြီး​ ယှဉ်ပြိုင်ခဲ့တာကြောင့် လူမှု မီဒီယာတွေမှာ​ ဝေဖန်ခံနေရတာကိုလည်း တွေ့ရပါတယ်။ 

နောက်ထပ် “ထိုင်းနိုင်ံငံတောင်ပိုင်း ဟတ်ယိုင်ရေကြီးမှု” လို့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ ထိုင်းတွင် နှစ် ၃၀၀ အတွင်း မိုးရေချိန် အမြင့်ဆုံးစံချိန်တင်၊ တောင်ပိုင်း ရေကြီးမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိလာ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

DVB ရဲ့ ရေးသားချက်မှာ “ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၃၃ ယောက်ရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ မြေပြိုတာ၊ ရုတ်တရက်ရေကြီးတာနဲ့ ဓာတ်လိုက်တာတွေ ပါတယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ စီရိပွန်အန်ကာစာကူးကီးယတ်က ပြောပါတယ်။ ဟတ်ယိုင်မြို့တည်ရှိရာ ဆွန်ခလာအပါအဝင် ထိုင်း ခရိုင် ၉ ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စု ၉၈၀,၀၀၀ ကျော်နဲ့ လူဦးရေ ၂ ဒသမ ၇ သန်းကျော် ထိခိုက်ခဲ့ရတယ်လို့ထိ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။” လို့ ဖော်ပြထားပါတယ်။ 

DVB – https://bitly.cx/3Zng 

ဒါ့အပြင် နိုင်ငံတကာ သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Asia Media centre ကနေလည်း ဒီဇင်ဘာလ ၄ ရက်နေ့မှာ “Southern Thailand Hit by Worst Flooding in Decades” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ 

Asia Media centre ရဲ့ ရေးသားဖော်ပြချက်မှာလည်း နိုဝင်ဘာ ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေမြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၀ ခုအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဟတ်ယိုင်မြို့တွင် စံချိန်တင်ရေကြီးမှုအတွင်းမှာ ဒေသခံ ၃၃ ဦးခန့်သေဆုံးခဲ့ပြီး တောင်ပိုင်းပြည်နယ် ၁၀ ခု ရေကြီးမှု၌ လူဦးရေ ၂ သန်းကျော် ထိခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

Asia Media centre – https://bitly.cx/pTHyJ

 ဒါ့အပြင် ထိုင်းအခြေစိုက် သတင်းမိီဒီယာကြီးတစ်ခုဖြစ်တဲ့ Bangkok Post ကနေလည်း “Flood death toll in South rises to 145” လို့ ရေးသားဖော်ပြထားပြီးတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် စံချိန်တင်ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။

Bangkok Post  – https://bitly.cx/TQU87 

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်အရ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နိုဝင်ဘာလတွင်း ရေကြီးခဲ့တာဟာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးခဲ့တာဖြစ်ပါတယ်။ 

▪️သုံးသပ်ချက် 

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးခဲ့တာဟာ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။​

Akariz Diary” ဆိုတဲ့ Page ကနေ  ဖြန့်ထားတဲ့ ပို့စ်မှာပါရှိတဲ့ မြန်မာ့ယဉ်ကျေးမှုကို စော်ကားလို့ ထိုင်းနိုင်ငံမှာ ရေကြီးတယ်ဆိုတာဟာ တိကျခိုင်မာမှုမရှိတဲ့ အချက်အလက်ဖြစ်ပြီးတော့  miss acdc က ဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားကာ သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ Akariz Diary” ဆိုတဲ့ Page ဟာ လုပ်ကြံရေးသားထားတဲ့သတင်းတွေကို   ဝင်ရောက်ကြည့်ရှုသူများအောင် Click Bit page တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ 

သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်တာနဲ့  သတင်းတုသတင်းမှား ဖြန့်သူတွေဟာ မှန်ကန်တိကျမှုမရှိဘဲ အများပြည်သူ စိုးရိမ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ဒါ့အပြင် မြန်မာပြည်အနှံ့မှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း  ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .