စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်
Share:FacebookX

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

 

၂၀၂၅ ဒီဇင်ဘာလ ၁၀ ရက်

Fact-check, သျှမ်းသံတော်ဆင့်/ The Red Flag/ MFCN

အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။

အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။

အလားတူ စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်များဖြစ်ကြသည့် မှိုင်းဝေ၊ သားကောင်း ဇာနည်ဘွားများ တယ်လီဂရမ်ချန်နယ်လ်များကလည်း ထပ်ဆင့်ဖြန့်ဝေထားသည်။

မူးရင်းလင့်ခ် – https://archive.ph/lioCq
မှိုင်းဝေ – https://archive.ph/7mQm9
သားကောင်းဇာနည်ဘွားများ – https://archive.ph/LGlnQ

သတင်းစစ်ဆေးချက်

စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်များမှ ဖော်ပြသော ရုပ်သံဖိုင်ကို သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်သောအခါ အဆိုပါရုပ်သံဖိုင်သည် AI နည်းပညာဖြင့် ပြုပြင်ထားသည်ကို သိသာထင်ရှားစွာ တွေ့ရသည်။

စစ်ဆေးတွေ့ရှိချက်အရ စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်မှ ဖော်ပြသော ရုပ်သံဖိုင်ထဲမှ စကားပြောနေသော လူပုံနှင့် အသံ ထပ်တူမကျနေသည်ကို တွေ့ရသည်။

ထို့အပြင် ရုပ်သံဖိုင်ကို AI နည်းပညာဖြင့် ပြုပြုင်ထားကြောင်း သိသာထင်ရှားသော အချက်များမှာ ရုပ်သံဖိုင်ထဲမှ လူများစကားပြောနေသည့်ပုံစံမှာ မူမမှန်ခြင်း၊ လှုပ်ရှားမှုပုံစံမှာ ပုံမှန်မဟုတ်ခြင်းတို့ကြောင့် အဆိုပါရုပ်သံဖိုင်သည် AI နည်းပညာဖြင့် ပြုပြင်ထားကြောင်း သိသာထင်ရှားသည်။

အသိသာဆုံးအချက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများသည် စစ်ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို အားပေးထောက်ခံသည့်ပုံစံဖြင့် ပြုပြင်ထားသည့်အချက်သည် ယုတ္တိမရှိဆုံးအချက်ဖြစ်သည်။

သုံးသပ်ချက်

ထိုကြောင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများက ပါဝင်လှုံ့ဆော်ပေးနေသည့် ရုပ်သံဖိုင်သည် AI နည်းပညာဖြင့် ပြုပြင်ထားကြောင်း စိစစ်တွေ့ရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က ကြေညာချက် ထုတ်ပြီးနောက် ယခုလို AI ဖြင့် ပြုပြုင်ထားသော ရုပ်သံဖိုင်များထွက်ပေါ်လာခြင်း ဖြစ်သည်။

လူထုစိတ်ဝင်စားမှုမရှိသည့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို လူများအာရုံစိုက်လာရန်နှင့် မဲထွက်ပေးကြရန် အနုပညာရှင်များကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ပေးသည့် ရုပ်သံဖိုင်ကို စစ်ကော်မရှင်ပိုင် ရုပ်သံချယ်နယ်များတွင် ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲဝါဒဖြန့်ဖို့ အနုပညာရှင်တွေကို စစ်တပ် အသုံးပြုနေ – https://shorturl.at/36Ydt

ပြီးခဲ့သည့် အပတ်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေဇိုးပုံကို AI ဖြင့် ပြုပြင်ပြီး ဒေါ်တာဆာဆာအား တော်လှန်ရေး သစ္စာဖောက်ဟု ပြောဆိုသည့် ရုပ်သံဖိုင်တစ်ခုကိုလည်း ဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို MFCN အဖွဲ့ဝင် DNA သတင်းဌာနကလည်း စစ်ဆေးထားပါသည်။
သတင်းလင့်ခ် – https://shorturl.at/vDBPL

AI နည်းပညာများထွန်းကားလာသည့် ယနေ့ခေတ်တွင် စာဖတ်ပရိတ်သတ်များ အနေဖြင့်လည်း လူမှုကွက်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့လာသော အကြောင်းအရာများကို ချက်ချင်း မယုံကြည်ဘဲ သံသယ ဖြစ်ဖွယ်အကြောင်းအရာများဟု ယုံကြည်စရာရှိလာပါက ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များဖြင့် စစ်ဆေးအတည်ပြုကြရန် တိုက်တွန်းလိုပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .