ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

 

 

၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်

Fact-check, ဖက်ဒရယ် FM/သျှမ်းသံတော်ဆင့်/ The Red Flag / MFCN

ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://www.facebook.com/share/p/15yAhquQZz/
Web Archive Link>>> https://archive.is/wip/BdZx

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMနဲ့ သျှမ်းသံတော်ဆင့်တို့ ပူးပေါင်းပြီး အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာ သတင်းအမှားဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်

လူမှုကွန်ရက်စာမျက်နှာကနေ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကို Google image နဲ့ ရှာဖွေကြည့်တဲ့အခါမှာတော့ အဲ့ဒီဓာတ်ပုံဟာ ပြီးခဲ့တဲ့ ၂၀၂၅ မတ်လ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့ အနောက်ခြမ်းတစ်နေရာမှာ ငလျင်လှုပ်ခတ်မှုကြောင့် မြေကျင်းကြီး ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်ပုံဖြစ်နေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာ သတင်းဌာနဖြစ်တစ်ခုဖြစ်တဲ့ Karenni Pepole’s Voice သတင်းဌာနက “ ကရင်နီတွင် ငလျင်လှုပ်ပြီးနောက် အနက်ပေ ၁၀၀ ကျော် ရှိသည့် ကျင်းကြီး​​​ဖြစ်ပေါ်” ဆိုပြီး ၂၀၂၅ ဧပြီလ ၁ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

အဲ့ဒီသတင်းထဲမှာတော့ “ ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာတွင် ငလျင်လှုပ်ပြီးနောက် အနက်ပေ ၁၀၀ ကျော်ရှိသည့် ကျင်းကြီးဖြစ်ပေါ်လာကြောင်း ဒေသခံများက ပြောကြောင်း၊ မတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်မှ စတင်ပြိုကျကာ ဧပြီလ ၁ ရက်နေ့အထိ ဆက်လက် တိုက်စားပြိုကျနေဆဲဖြစ်ကြောင်း” ဖော်ပြထားပါတယ်။

KPV မှဖော်ပြထားသောသတင်း>>> https://bit.ly/4pUTXfn

အလားတူ လွတ်လပ်တဲ့မီဒီယာ သတင်းဌာတွေဖြစ်ကြတဲ့ “ သျှမ်းတော်သံဆင့်၊ ဧရာဝတီ၊ သံလွင်ခက်” သတင်းဌာနတွေမှာလည်း ယခုလို ဖော်ပြထားတာ တွေ့ရပါတယ်။

သျှမ်းသံတော်ဆင့်မှဖော်ပြထားသောသတင်း >>>https://bit.ly/4pXRW25
ဧရာဝတီသတင်းဌာနမှဖော်ပြထားသောသတင်း>>> https://bit.ly/4ptoL7c
သံလွင်ခက်သတင်းဌာနမှဖော်ပြထားသောသတင်း >>>https://bit.ly/491IViR

ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဧရာမမြေကျင်းကြီးထဲ အသက် ၄၀ ဝန်းကျင် အမျိုသားတစ်ဦး ပြုတ်ကျနေတာကို ၂၀၂၅ သြဂုတ် ၇ ရက် မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းဌာန တခုဖြစ်တဲ့ ဖက်ဒရယ် FM သတင်းဌာနက ဖော်ပြထားပါတယ်။

အဲ့ဒီဧရာမမြေကျင်းကြီးထဲ ပြုတ်ကျနေတဲ့ အမျိုးသားဟာ ကျန်းမာရေးမကောင်ဘူးလို့ သိရပြီး အိမ်ကနေ ပျောက်သွားတာ ၂ ရက်လောက်ရှိပြီလို့ သိရကြောင်း၊ ရပ်ရွာတာဝန်ရှိသူတွေနဲ့ ကရင်နီပြည်ရဲဌာန (KSP) တို့က ဝိုင်းဝန်းကယ်ဆယ်ပေးနိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ဖက်ဒရယ် FM သတင်းဌာနက ဖော်ပြထားပါတယ်။

ဖက်ဒရယ်FM မှဖော်ပြထားသောသတင်း >>> https://bit.ly/3Mu9qEX

သုံးသပ်ချက်

ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ မတ်လ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့ အနောက်ခြမ်းတစ်နေရာမှာ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေကျင်းကြီး ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြနေသလိုမျိုး “အနက်ပေ ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးက မှောင်ခိုလမ်းဖြစ်တယ်” ဆိုတဲ့ အကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိပါဘူး။

ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain အကောင့်ကနေ ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ “ မေငလျင်လှုပ်ပြီးနောက် အနက်ပေ ၁၀၀ ကျော် ရှိတဲ့ ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်”ဆိုတာ လိုရာဆွဲရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့တယ်။

အဲ့ဒီအကောင့်က ဖော်ပြထားတဲ့အကြောင်းအရာဟာ လွတ်လပ်တဲ့ မီဒီယာရဲ့ ဖော်ပြထားတဲ့ သတင်းတွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လိုရာဆွဲရေးသားပုံဖော် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMနဲ့ သျှမ်းသံတော်ဆင့်ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/

Fb-https://www.facebook.com/myanmarfactcheckingnetwork

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .