ကျီးကုန်းရွာ PDFဌာနချုပ်စခန်းဖြစ်လို့ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့တာဆိုတဲ့ သတင်းမှား
Share:FacebookX

ကျီးကုန်းရွာ PDFဌာနချုပ်စခန်းဖြစ်လို့ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့တာဆိုတဲ့ သတင်းမှား

ကျီးကုန်းရွာ PDFဌာနချုပ်စခန်းဖြစ်လို့ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့တာဆိုတဲ့ သတင်းမှား

 

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ရက်။

(Fact-check _DNA)

အနှစ်ချုပ်

ချောင်းဦး ကကျိးကုန်းရွာPDFအမာခံဌါနချုပ်အားဝင်စိးပြိးအပြိးသတ်နယ်မြေရှင်းလင်းလိုက်ပြိ” (မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့အကြောင်းအရာက လိမ်ညာလှည့်ဖြားရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားသာဖြစ်ပါတယ်။

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီးကုန်းရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့မှာ စစ်တပ်ကနေ အင်အား ၂၀၀ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး PDF ဌာနချုပ်ဖြစ်နေတာကြောင့် မီးရှို့ပြီး နယ်မြေရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုမီဒီယာမှာ ပျံ့နှံ့နေပါတယ်။

သတင်းမှားလင့် – https://archive.ph/wip/wTh02  

 

အဲ့ဒီပျံ့နှံ့လာတဲ့အကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ချောင်းဦးမြို့နယ်မှာရှိတဲ့ ကျီးကုန်းရွာက စစ်တပ်တည်ထောင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုထောက်ခံအားပေးထောက်ခံတဲ့ စစ်တပ်ထောက်ခံရွာဖြစ်တာကိုတွေ့ရပါတယ်။

ကျီးကုန်းရွာက ကြံ့ဖွံ့ရွာဖြစ်တယ်ဆိုတဲ့အကြောင်း MFPသတင်းဌာနကရေးသားထားသောသတင်းလင့်>>>  https://bit.ly/4iHIOwl 

 

သတင်းစိစစ်ချက်

 

စစ်ကော်မရှင်တပ်တွေက အာဏာသိမ်းပြီးလေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နိုဝင်ဘာလ၊ ၃၀ရက်မှာ ချောင်းဦးမြို့နယ်မှာရှိတဲ့ ကျီးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး ဝင်ရောက်ချိန်မှာပဲ ရွာခံပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့သလို ဒေသခံအချို့ကိုလည်း ဓါးစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ MFP သတင်းဌာနကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၇ရက်မှာ သတင်းဖော်ပြထားပါတယ်။

MFP သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>> https://bit.ly/4iHIOwl 

 

ကျီးကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး ကျီးကုန်းရွာဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေကိုပါမကျန် မိုင်းရှာတာမျိုးလုပ်ခိုင်းနေသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၅ရက်နေ့မှာ ရွာကိုစတင်မီးရှို့ခဲ့တာလို့ DVB သတင်းဌာနက သတင်းရေးသားထားပါတယ်။

DVB သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>> https://bit.ly/3Kmp9oZ 

 

စစ်ကော်မရှင်တပ်တွေက ကျီးကုန်းရွာမှာ ၉ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး ရွာကို မီးရှို့မဖျက်ဆီးပစ်ခင်မှာ ရွာမှာရှိတဲ့ တန်းဘိုးကြီးပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီး နဲ့ခိုးထုတ်သယ်ယူပြီးမှ ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်သလို ဒေသခံအချို့ကိုလည်း သတ်ဖြတ်သွားသေးတယ်လို့ MFP သတင်းဌာနနဲ့ People’s Spring တို့ကနေ ဒီဇင်ဘာ ၈ ရက်နေ့မှာ  သတင်းဖော်ပြထားပါတယ်။

MFP သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>> https://bit.ly/3XKEPW2 

People’s Spring သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>> https://bit.ly/48Hq4Iu 

 

သုံးသပ်ချက် 

 

ကျီးကုန်းကျေးရွာက ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အားပေးထောက်ခံတဲ့ ကျေးရွာဖြစ်ပေမယ့် စစ်ကော်မရှင်တပ်တွေက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ကျေးရွာအတွင်း စီးနင်းဝင်ရောက် လူသတ်၊ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

 

လွတ်လပ်တဲ့ သတင်မီဒီယာတွေရဲ့ဖော်ပြချက်အရ စစ်ကော်မရှင်တပ်ကနေ ဒေသခံပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို ခိုးယူသယ်ထုတ်ခဲ့သလို၊ နေအိမ်၁၄လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့တွေ့ရပါတယ်။

 

ဒါကြောင့် PDFဌာနချုပ်ကို နယ်မြေရှင်းလင်းတယ်လို့ ရေးသားဖြန့်ဝေနေတာ လိမ်ညာလှည့်ဖျား သတင်းမှားဖြန့်ဝေနေတာသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #စစ်ကိုင်းတိုင်း  #ချောင်းဦးမြို့နယ် #ကျီးကုန်းရွာ #နေအိမ်မီးရှို့ #အရပ်သားပစ်မှတ်  #လိမ်လည်လှည့်ဖြား #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .