8 Dec 2025
Fact check
MFCN/The Akyab Post/ The Red Flag
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ အရှို PDF တို့ကြားမှာ အချင်းချင်းပစ်ခတ်ကြတာကြောင့် ၂၁ ဦး ထိခိုက်သေဆုံးတယ် ဆိုပြီး ရေးသားထားကြတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်” ကနေ ဒီဇင်ဘာလ ၅ ရက်နေ့မှာ “မနေ့က ပဒါန်းဒေသ၊ ရှောက်ရင်းရွာနားမှာ ရခိုင်သူပုန် AA နဲ့ ချင်း (အရှို) PDF အဖွဲ့တို့ ဆေးကြောင်ပြီး အချင်းချင်းပစ် ရခိုင်သူပုန် AA ခေါင်းဆောင် ဘိုလင်းစိုး အပါအဝင် ၂၁ ဦး သေဆုံး (ချင်းသူပုန်တွေ ဉာဏ်ကောင်းလာပြီ)” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 သတင်းမှားလင့်ခ် – https://archive.ph/XVxJL
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၅.၄ K ထိရှိပြီးတော့ reaction ပေးသူ ၅၁၂ ဦးထိရှိပြီးတော့ အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ဆက်စပ်သတင်းမှား – https://archive.ph/6TPep
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “အေအေ အရှို PDF” ဆိုတဲ့ Keywords နဲ့ ရှာကြည့်လိုက်တဲ့ အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတွေအပါအဝင် ရခိုင်ဒေသတွင်း သတင်းဌာန၊ ချင်းအခြေစိုက် သတင်းမီဒီယာဌာနတွေမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မတွေ့ရှိရပါဘူး။
🔗 Mizzima – https://bur.mizzima.com/
🔗 Narinjara – https://www.narinjara.com/
🔗 Zalen – https://zalen.info/
သတင်းမီဒီယာဌာနတွေရဲ့ ရေးသားချက်မှာတော့ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းဒေသမှာ အာရက္ခတပ်တော် အေအေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ပြည်တွင်း သတင်းမီယာဌာနတွေဖြစ်တဲ့ DVB၊ Myanmar Now နဲ့ The Irrawaddy တို့ကနေ ရေးသားဖော်ပြထားကြပါတယ်။
🔗 The Irrawaddy – https://burma.irrawaddy.com/news/short-news/2025/10/11/406705.html
🔗 DVB – https://burmese.dvb.no/post/728958
🔗 Myanmar Now – https://myanmar-now.org/mm/news/59011/
ဒါ့အပြင် ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း အေအေတပ်သားတွေနဲ့ ချင်းPDF အရှို ကြားမှာ ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
🔗 AA Info desk – https://t.me/aainfodesk
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ အာရက္ခတပ်တော်အေအေနဲ့ ချင်း (အရှို) PDF တို့ကြားမှာ အချင်းချင်း ပစ်ခတ်လို့ ၂၁ ဦး ထိခိုက်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
▪️သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ အာရက္ခတပ်တော် အေအေနဲ့ ချင်း (အရှို) PDF တို့ကြားမှာ အချင်းချင်း ပစ်ခတ်ကြတာကြောင့် ၂၁ ဦးသေဆုံးပြီး အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင် ဘိုလင်းစိုးပါ သေဆုံးတယ်ဆိုဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
လက်ရှိ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းဒေသမှာ အာရက္ခတပ်တော် အေအေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီရဲ့ စခန်းအချို့ကို သိမ်းပိုက်ထားတာကို ပြည်တွင်း သတင်းမီဒီယာဌာနတွေကနေ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရအထိနာနေတာကြောင့် ဝါဒဖြန့်ချန်နယ်တွေကနေ တစ်ဆင့် တော်လှန်ရေးတပ်တွေကြား နားလည်မှုလွှဲမှားအောင် တိကျသေချာမှုမရှိတဲ့ သတင်းတုသတင်းမှားတွေကို ဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။
စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







