ဒေါက်တာတေဇာစန်းလှုပ်ရှားမှုကို မှတ်တမ်းရုပ်သံရိုက်ကူးပေးလို့ မပိုးပီတိခိုင်ကို ဖမ်းဆီးဆိုတဲ့ ဝါဒဖြန့်သတင်းမှား
Share:FacebookX

ဒေါက်တာတေဇာစန်းလှုပ်ရှားမှုကို မှတ်တမ်းရုပ်သံရိုက်ကူးပေးလို့ မပိုးပီတိခိုင်ကို ဖမ်းဆီးဆိုတဲ့ ဝါဒဖြန့်သတင်းမှား

ဒေါက်တာတေဇာစန်းလှုပ်ရှားမှုကို မှတ်တမ်းရုပ်သံရိုက်ကူးပေးလို့ မပိုးပီတိခိုင်ကို ဖမ်းဆီးဆိုတဲ့ ဝါဒဖြန့်သတင်းမှား 

 

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ရက်။

(Fact-check _DNA/ The Red Flag) 

 

အနှစ်ချုပ်

“တေဇာဆန်း လှုပ်ရှားမှုအား မှတ်တမ်း vedio ရိုက်တင်ပေးသော ပိုးပီတိခိုင် အား ဖမ်းဆီးရမိ။” ဆိုတဲ့အကြောင်းအရာက လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားတခုဖြစ်ပါတယ်။

 

မန္တလေးတိုင်း၊ မြင်းခြံထောင်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၂ရက်က လွတ်ငြိမ်းနဲ့လွတ်မြောက်လာခဲ့တဲ့ ဘားအံကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ၃ရက်က သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းရဲ့ ဆန္ဒပြလှုပ်ရှားမှုကို မှတ်တမ်းတင်ရုပ်သံရိုက်ကူးပေးခဲ့တာကြောင့် ပြန်လည်ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

သတင်းမှားလင့်

https://archive.ph/wip/tryC0 

https://archive.ph/wip/35bOU 

https://archive.ph/wip/EbJA7 

https://archive.ph/aJFBG 

 

အဲ့ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားဖြစ်တာကို တွေ့ရပါတယ်။

 

သတင်းစိစစ်ချက် 

 

မန္တလေးတိုင်း၊ မြင်းခြံထောင်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၂ရက်က လွတ်ငြိမ်းနဲ့လွတ်မြောက်လာတဲ့ မပိုးပီတိခိုင်ကို ညပိုင်းမှာ မန္တလေးမြို့၊ အောင်ပင်လယ်နယ်မြေရဲစခန်းကနေ ခံဝန်ထိုးဖို့ဆင့်ခေါ်တာကြောင့် ဒီဇင်ဘာလ၊ ၃ရက်နေ့မနက်မှာ ရဲစခန်းကိုသွားတဲ့အခါမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ မဇ္ဈိမသတင်းဌာနမှာ ဖော်ပြထားပါတယ်။

မဇ္ဈိမ – https://www.facebook.com/share/p/16gxYQdFcs/ 

 

မြင်းခြံထောင်ကနေ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား မပိုးပီတိခိုင်ကို ခံဝန်ထိုးဖို့ဆင့်ခေါ်ရာကနေ ရဲစခန်းမှာဖမ်းဆီးခဲ့သလို၊ နိုင်ငံရေးအကျဥ်းသား ကိုသက်ကိုလည်း မြင်းခြံထောင်ဗူးဝမှာတင် ပြန်လည်ဖမ်းဆီးတာမျိုးပြုလုပ်ခဲ့တယ်လို့ MPA သတင်းဌာနက ရေးသားထားပါတယ်။

MPA – https://www.facebook.com/share/p/1G4wCDhPXF/ 

 

စစ်တပ်က လွတ်ငြိမ်းနဲ့လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသူတွေ ၃၀ နီးပါးကို ခံဝန်ကတိလက်မှတ်ထိုးခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲစခန်းကို ဆင့်ခေါ်ပြီး  အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ဥပဒေပုဒ်မ ၅၂ (က)၊ ၅၀(ည) ၊ ပုဒ်မ ၁၇(၁) တွေနဲ့ ပြန်လည်ဖမ်းဆီးနေတယ်လို့ DVB သတင်းဌာနကဖော်ပြထားပါတယ်။

DVB – https://burmese.dvb.no/post/736139 

 

သတင်းသုံးသပ်ချက် 

 

စစ်တပ်က ၅၀၅(က) ပုဒ်မရုပ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အမျိုးသမီးတွေကို ခံဝန်ကတိထိုးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရဲစခန်းကို ဆင့်ခေါ်ပြီး ပြန်လည်ဖမ်းဆီးတာတွေပြုလုပ်နေတာပါ။

 

လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၃ရက်မနက်အစောပိုင်းမှာ ဆန္ဒပြလှုံ့ဆော်မှုပြုလုပ်ခဲ့တာဖြစ်ပြီး၊ လွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်လာတဲ့ မပိုးပီတိခိုင်ကတော့ အဲ့ဒီနေ့မှာပဲ ခံဝန်ကတိထိုးဖို့ အောင်ပင်လယ်ရဲစခန်းကို သွားရောက်နေချိန်မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတာပါ။

 

ဒါကြောင့်ဆိုရှယ်မီဒီယာတွေမှာတွေမှာ ရေးသားနေတဲ့ “တေဇာဆန်း လှုပ်ရှားမှုအား မှတ်တမ်း vedio ရိုက်တင်ပေးသော ပိုးပီတိခိုင် အား ဖမ်းဆီးရမိ။” ဆိုတဲ့အကြောင်းအရာက လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်တဲ့ ဝါဒဖြန့်သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #မြင်းခြံအကျဥ်းထောင် #မပိုးပီတိခိုင် #နိုင်ငံရေးအကျဥ်းသား #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .