5 Dec 2025
Fact Check
MFCN/ The Akyab Post/ The Red Flag
အခုရက်ပိုင်းဆိုရှယ်မီဒီယာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ဘဇားမှာ အမျိုးသမီးသုံးဦးကို သေနတ်နဲ့ပစ်ခတ်ပြီး ARSA အဖွဲ့တွေကနေ ဖမ်းဆီးခြင်း မရှိဘူးဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာမှာ Like ပြုလုပ်ထားသူ ၁၉၆ ဦးနဲ့ Followers ၁၂၀၀ ကျော်ရှိတဲ့ “Arakan Daily News” ဆိုတဲ့ Page ကနေ ဒီဇင်ဘာလ ၁ ရက်နေ့မှာ “ADN သည် မြေပြင်အခြေအနေအရ စုံစမ်းစစ်ဆေးရာတွင် ထိုသတင်းအကြောင်းအရာများမှာ မှန်ကန်မှုမရှိကြောင်း သက်သေအထောက်ထားများဖြင့် သိရှိထားသည်။ တကယ်တော့ တန်ချန်ကျာ (Tanchangya) အမျိုးသမီးသုံးဦးအား ဖမ်းဆီးခဲ့သူများမှာ ARSA မဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသမှ လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြောင်း ADN သည် သက်သေပြနိုင်သည်” ဆိုတဲ့ စာသားနဲ့အတူ ၄ မိနစ်နဲ့ ၂၇ စက္ကန့်ရှိတဲ့ ဗီဒီယိုတစ်ခုကိုဖြန့်ဝေထားပါတယ်။
သတင်းမှားမူရင်းလင့်ခ် – https://archive.ph/dFdIS
ဒီပို့စ်ကို ဖြန့်ချ်ိထားတဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ reaction ပေးသူ ၂၃၁ ဦး၊ comment ပေးသူ ၇၃ ဦးနဲ့ Share ပြုလုပ်သူ ၇၄ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာမှာ ဖြန့်ထားတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ARSA အဖွဲ့ဝင်တွေကနေ တန်ချန်ဂျာ(ဒိုင်းနက်) အမျိုးသမီး ၃ ဦးကို အုပ်စုဖွဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ “Arakan Daily News” page ဟာ သတင်းမှန်အပေါ်မှာ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
လူမှုကွန်ရက်ရက်မှာ ပျံ့နှံ့လို့ရှိတဲ့ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီး ၃ ဦးအဖမ်းခံရဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့ အခါမှာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ “Hill Voice” သတင်းဌာနကနေ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ “Three elderly Tanchangya women detained and harassed by ARSA in Naikkhyongchari” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
“Hill Voice” သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ၊ ဘန်ဒါဘန်ခရိုင်၊ နတ်ချောင်းဆရီမြို့နယ်မှာ ARSA တပ်ဖွဲ့ဝင် ၁၀ ဦးက ဒေသခံ ဒိုင်းနက်အမျိုးသမီး ၃ ဦးကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းမှာ ဂါဂျာနာဘိုနီယာပါရာရွာ အရှေ့ဘက် တူးမြောင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Hill Voice” သတင်းအပြည့်အစုံ – https://hillvoice.net/three-elderly-tanchangya-women-detained-and-harassed-by-arsa-in-naikkhyongchari/
ဒါ့အပြင် ဒီသတင်းကိုလည်း ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG ကနေ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်တွင် ဒိုင်းနက်အမျိုးသမီး ၃ ဦးကို ARSA အဖွဲ့က ဖမ်းဆီးနှိပ်စက်” လို့ ရေးသားဖော်ပြထားပါတယ်။
DMG ရဲ့ ရေးသားဖော်ပြချက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ၊ ဘန်ဒါဘန်ခရိုင်၊ နတ်ချောင်းဆရီမြို့နယ်တွင် ARSA တပ်ဖွဲ့ဝင် ၁၀ ဦးက ဒေသခံ ဒိုင်းနက်အမျိုးသမီး ၃ ဦးကို အုပ်စုဖွဲ့ ပြီးတော့ ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 DMG ရဲ့ သတင်းအပြည့်အစုံ။ – https://www.facebook.com/share/p/1ASDDPB9XN/
ဒီသတင်းကိုပဲ သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ Narinjara ကနေ ဒီဇင်ဘာလ ၂ ရက်နေ့မှာ “ARSA က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဒိုင်းနက်လူမျိုး အမျိုးသမီးကြီးသုံးဦးကို ဖမ်းဆီးပြီး နှိပ်စက်မှုပြုလုပ်” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Narinjara ရဲ့ သတင်းအပြည့်အစုံ – https://burmese.narinjara.com/local-news/detail/692e536fdc506079091d6c1e
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ARSA ကနေ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။
▪️သုံးသပ်ချက်
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ARSA ကနေ ဘင်္ဂလားဒေ့ရ်ုနိုင်ငံသူ အမျိုးသမီး ၃ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်တာကို တွေ့ရပါတယ်။
“Arakan Daily News” page ကနေ တင်ထားတဲ့ ပို့စ်ဟာ မှန်ကန်တိကျတဲ့ သတင်းမှန်အပေါ်မှာ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိရခိုင်ပြည်မှာ တိုက်ပွဲတွေဖြစ်နေတာနဲ့အတူ ဖုန်း၊ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက်ကနေလည်း ရခိုင်ပြည်တွင်းမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ဖန်တီးဖို့ သတင်းတုသတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဝေတာတွေကို မြင်ရပါတယ်။
သတင်းအချက်အလက်စီးဆင်းမှု အခက်အခဲတွေ၊ သတင်းတုသတင်းမှားတွေ အလွန်တရာမှ ပျံ့နေတာတွေကြောင့် သတင်းအချက်အလက်တွေကို စီစစ်ပြီးမှ အတည်ပြုဖို့ တိုက်တွန်းချင်ပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #MisDisinformation #AA







