NUG ကို TNLA နှင့် MNDAA ခေါင်းဆောင်တို့ ဝေဖန်ပြောဆိုထားသည်ဆိုသော သတင်းတု
Share:FacebookX

NUG ကို TNLA နှင့် MNDAA ခေါင်းဆောင်တို့ ဝေဖန်ပြောဆိုထားသည်ဆိုသော သတင်းတု

၂၀၂၅ ဒီဇင်ဘာလ ၃ ရက်

(Face-check, သျှမ်းသံတော်ဆင့်/ လဂွန်းအိမ်/ The Red Flag)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အင်အားသိန်းချီရှိနေသော်လည်း အဓိက မြို့ကြီးများအား မသိမ်းနိုင်ကြောင်း တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့၏ ခေါင်းဆောင်များက ဝေဖန်ပြောဆိုလိုက်သည်ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေပါသည်။

အဆိုပါအကြောင်းအရာကို “Star News” ဆိုသည့် အမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာတစ်ခုက ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ဖြန့်ဝေပြီး reaction ၆,၀၀၀ ကျော်၊ Comment ၆၃၁ ဦးနှင့် ပြန်လည်မျှဝေသူ Share ၁,၀၀၀ ကျော် ရှိခဲ့သည်။

Star News မှ ဖြန့်ဝေထားသော အကြောင်းအရာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ ဖြစ်သော View of Sue၊ သားကောင်းဇာနည်ဘွားများ စသည့် ချန်နယ်များကလည်း ထပ်ဆင့်ဖြန့်ဝေထားသည်ကို တွေ့ရသည်။

မူရင်းလင့်ခ် – https://archive.is/ZThv7
View of Sue – https://archive.ph/sBOAI
သားကောင်းဇာနည်ဘွားများ – https://archive.ph/9xbjS

အချက်အလက် စိစစ်ချက်

Star News မှ ဖြန့်ဝေထားသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် လဂွန်းအိမ်တို့၏ အချက်အလက် စစ်ဆေးသူများက ပူးပေါင်းစစ်ဆေးကြည့်သည့်အခါ အဆိုပါအကြောင်းအရာသည် လုပ်ကြံဖန်တီး ရေးသားထားသော သတင်းမှား ဖြန်နေကြောင်း တွေ့ရသည်။

စစ်ဆေးတွေ့ရှိချက်အရ – Star News မှ ဖြန့်ဝေထားသည့် အကြောင်းအရာများသည် လွတ်လပ်သည့် ဒေသတွင်း သတင်းဌာနနှင့် အခြားသတင်းဌာနများတွင် ဖော်ပြထားခြင်း မရှိသကဲ့သို့ TNLA ဗိုလ်ချုပ် တာဘုန်းကျော်၏ MaI Tea Land ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်တွင်လည်း ရေးသားဖော်ပြထားခြင်း မရှိပေ။

TNLA ဗိုလ်ချုပ် တာဘုန်းကျော်၏ Mai Tea Land – https://web.facebook.com/mbkyaw  

ထို့အပြင် MNDAA သတင်းများ ဖော်ပြသော ကိုးကန့် သတင်းကွန်ရက် (The Kokang) တွင်လည်း အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပါ။

The Kokang – https://web.facebook.com/profile.php?id=61552736162357 

အဆိုပါအကြောင်းအရာကို TNLA နှင့် MNDAA တို့၏ ခေါင်းဆောင်များက ပြောဆိုထားသည် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန် Keyword ဖြင့် ရှာဖွေကြည့်သည့်အခါတွင်လည်း မည်သည့် သတင်းဌာနများ၊ ချန်နယ်များတွင် ဖော်ပြထားခြင်း မတွေ့ရသေးပေ။

ဆက်စပ်ပြီး လွတ်လပ်သည့် သတင်းမီဒီယာများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်သောအခါမှာ “NUG ကို TNLA နဲ့ MNDAA ခေါင်းဆောင်တွေ ဝေဖန်တယ်ဆိုတဲ့ သတင်းဟာ သတင်းတုသာဖြစ်” ဆိုပြီး CJ Platform သတင်းဌာနက သက်ဆိုင်ရာ အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူများကို အတည်ပြုပြီး ဖော်ပြထားသည်။

CJ Platform – https://archive.ph/ock1t

သုံးသပ်ချက်

ထို့ကြောင့် NUG ကို TNLA နှင့် MNDAA ခေါင်းဆောင်က ဝေဖန်ပြောဆိုထားသည်ဆိုကာ ဓာတ်ပုံနှင့်တွဲပြီး ပြောစကားများ တင်ထားသည့် အကြောင်းအရာသည် လုပ်ကြံဖန်တီးထားသော သတင်းအတု ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သတင်းအမှားဖြန့်ချိသူများက ၎င်းတို့ လိုအပ်သလို သတင်းများကို လုပ်ကြံဖန်တီးပြီး တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းများအကြား သွေးကွဲအောင် ဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့လာသော အကြောင်းအရာ များကို ချက်ချင်း မယုံကြည်ဘဲ​ စစ်ဆေးအတည်ပြုကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .