စစ်ကောမရှင်ရွေးကောက်ပွဲကို နိုင်ငံတကာက ငြင်းပယ်ဖို့ နိုင်ငံ ၉ ခုမှ လွှတ်တော်အမတ်များ တောင်းဆို ခြင်းသည် သတင်းမှားဖြစ်ကြောင်း တန်ပြန်ဝါဒဖြန့် 
Share:FacebookX

စစ်ကောမရှင်ရွေးကောက်ပွဲကို နိုင်ငံတကာက ငြင်းပယ်ဖို့ နိုင်ငံ ၉ ခုမှ လွှတ်တော်အမတ်များ တောင်းဆို ခြင်းသည် သတင်းမှားဖြစ်ကြောင်း တန်ပြန်ဝါဒဖြန့် 

စစ်ကောမရှင်ရွေးကောက်ပွဲကို နိုင်ငံတကာက ငြင်းပယ်ဖို့ နိုင်ငံ ၉ ခုမှ လွှတ်တော်အမတ်များ တောင်းဆို ခြင်းသည် သတင်းမှားဖြစ်ကြောင်း တန်ပြန်ဝါဒဖြန့် 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ  ၃   ရက်

(Fact-check -DNA/ The Red Flag) 

☑️အနှစ်ချုပ်

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်လော်ဘီချန်နယ်တွေကနေ မြန်မာစစ်တပ်ရွေးကောက်ပွဲကို နိုင်ငံ ၉ ခုက လွှတ်တော် အမတ် ၁၆၃ ဦးက ရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေနဲ့လည်း စစ်တပ်ရဲ့ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ တောင်း ဆိုလို့ရေးသားနေတာဟာ မဟုတ်မှန်ဘဲ လိမ်လည်ရေးသားဖြန့်ချီနေတာဖြစ်တယ်လို့ စစ်ကော်မရှင်ဘက်က တန်ပြန်ဝါဒဖြန့်သတင်းမှားတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဖြန့်ဝေသည့်အကြောင်းအရာ 

ခေတ်သစ်မီဒီယာရဲ့ နိုဝင်ဘာလ ၂၉ ရက်မှာ ရေးသားခဲ့တဲ့ “နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ သြစတြေးလျ၊ အရှေ့တီမော၊ အင်ဒိုနီးရှားနှင့် ယူနိုက်တက်ကင်းဒမ်း စုစုပေါင်းနိုင်ငံ ၉ ခုမှ ဥပဒေပြု လွှတ်တော်အမတ်ပေါင်း ၁၆၃ ဦးက မြန်မာစစ်တပ်၏ စီစဉ်ထားသော ရွေးကောက်ပွဲကို အတုအယောင် အဖြစ် ရှုတ်ချခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းရွေးကောက်ပွဲကို ငြင်းပယ်ရန်” တောင်းဆိုခဲ့ တယ်လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီသတင်းကို နိုဝင်ဘာလ ၃၀ ရက်မှာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်ဖြစ်တဲ့ ‘FACT CHECK’ ကနေ “မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို နိုင်ငံပေါင်း ၉ ခုမှ လွှတ်တော်အမတ် ၁၆၃ ဦးက ရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေဖြင့်လည်း စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန် တောင်းဆိုဟု သတင်းဌာနတွေက မဟုတ်မမှန်သတင်းတွေကို လိမ်လည်ရေးသားလှုံ့ဆော်လျက်ရှိ“လို့ ရေးသားပြီး တန်ပြန်ဝါဒဖြန့်ဝေရေး သားခဲ့ပါတယ်။

စစ်ကော်မရှင် Fact Check- https://archive.ph/cdKVm 

 

အဲဒီဝါဒဖြန့်ရေးသားထားမှုကို အခြားလော်ဘီ တယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ ရွှေနေကြာ၊ သားကောင်းဇာ နည်ဘွား၊ Western 24 News, Ko Chit(MDY), Kyaw Swar, Snow Queen,Ye Yint Htet(#yyh) တို့ကနေလဲ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

ရွှေနေကြာ- https://archive.ph/kBANb 

သားကောင်းဇာနည်ဘွား- https://archive.ph/Mm44p 

Western 24 News- https://archive.ph/2xQ3W 

Ko Chit(MDY)- https://archive.ph/qFczF 

Kyaw Swar- https://archive.ph/7RwT5 

Snow Queen- https://archive.ph/K3sss 

Ye Yint Htet(#yyh)- https://archive.ph/fJQEy 

 

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံ ၉ ခုမှ လွှတ်တော်အမတ် ၁၆၃ ဦးက ရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေနဲ့လည်း စစ်တပ်ရဲ့ရွေးကောက်ပွဲကို ငြင်းပယ်ဖို့တောင်းဆိုလို့ ရေးသားတဲ့အကြောင်းအရာ ဟာ မမှန်ကန်ဘဲ သတင်းဌာနတွေက လိမ်လည်ရေးသားလှုံ့ဆော်တာလို့ စစ်ကော်မရှင်တပ်ဖက်က ရေးသား တန်ပြန်ဝါဒဖြန့်ချိနေမှုဟာ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

စစ်ကော်မရှင်က စီစဉ်နေတဲ့ ရွေးကောက်ပွဲကို “နယူးဇီလန်၊ ဂျပန်၊ ဖီလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ အရှေ့ တီမော၊ အင်ဒိုနီးရှား၊ ဩစတြေးလျနဲ့ ယူကေနိုင်ငံစတဲ့ ၉ နိုင်ငံက လွှတ်တော်အမတ် ၁၆၃ ဦး တို့က ပူး ပေါင်းပြီး ရှုတ်ချလိုက်တဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အဲဒီရွေးကောက်ပွဲကို လုံးဝလက်မ ခံဘဲ ငြင်းပယ်ရန် တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံတကာကို ပေးပို့ တောင်းဆိုခဲ့တယ်” လို့ Myanmar Pressphoto Agency က ရေးသားထားပါတယ်။ 

Myanmar Pressphoto Agency MPA- https://archive.ph/jVWmo 

 

ဒါအပြင် “စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာတရားဝင်မှုမရှိသလို လွတ်လပ်ပြီး တရား မျှတမှုလည်းမရှိနိုင်ပါဘူး။ ဒီရွေးကောက်ပွဲက ပြည်သူအပေါ် စစ်ဆင်နွှဲနေတဲ့တရားမဝင် အစိုးရတရပ်ကို ပြန်လည်အသွင်ပြောင်းရန် ပါးနပ်စွာဖုံးကွယ်ထားတဲ့ ကြိုးပမ်းမှုမျှသာဖြစ်တယ်လို့ နိုင်ငံ ၉ ခုမှ လွှတ်တော် အမတ် ၁၆၃ ဦးက တစ်ညီတစ်ညွတ်တည်း ဆိုခဲ့ကြပြီး အတုအယောင်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကာ စစ် ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ပယ်ချရန် နိုင်ငံတကာအသိုင်းအဝိုင်းကို လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ကြတယ်”လို့  Zalen က ရေးသားထားတာကိုတွေ့ရပါတယ်။ 

Zalen- https://archive.ph/o7tWL 

 

လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့တဲ့ နယူးဇီလန် လေဘာပါတီ (New Zealand Labour Party) ရဲ့ ပါလီမန် အမတ်တဦးဖြစ်တဲ့ Phil Twyford က“အတုအယောင်အဖြစ် ရှုတ်ချခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေ ဖြင့် ယင်းရွေးကောက်ပွဲကို ငြင်းပယ်ရန် နယူးဇီလန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ သြစတြေးလျ၊ အရှေ့ တီမော၊ အင်ဒိုနီးရှားနှင့် ယူနိုက်တက်ကင်းဒမ်းတို့မှ ဥပဒေပြုအမတ်များက လက်မှတ်ရေးထိုးခဲ့ကြ သည်”လို့  သူ့ရဲ့လူမှုကွန်ရက်မှာ အမတ် ၁၆၃ ဦးရဲ့ နိုင်ငံ၊ အမည်‌တွေနဲ့အတူ ရေးသားထားတာကို တွေ့ရ ပါတယ်။ 

Phil Twyford ဟာ နယူးဇီလန်အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူတဦးဖြစ်ပြီး ကက်သရင်းမြို့ (Te Kāhui Kāinga – New Zealand Housing and Urban Development)၏ တာဝန်ခံဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး အပါအဝင် အခြားသောဝန်ကြီးဌာနများတွင် တာဝန်ယူခဲ့ဖူးပြီး လက်ရှိမှာ ပါလီမန်အမတ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရှိရပါတယ်။

Phil Twyford’s  FB Page- https://archive.ph/vlGxP 

နိုင်ငံတကာပါလီမန်အမတ်များအပြင် ဥရောပ ပါလီမန်ကပါ နိုဝင်ဘာ ၂၇ ရက်မှာ “ မြန်မာစစ်အုပ်စုရဲ့ တရား မဝင်အုပ်ချုပ်မှုနဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ဥရောပ ပါလီမန်က ရှုတ်ချကြောင်း၊ အကြောက် တရားများနှင့်ဖိနှိပ်မှုများအောက် ကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်ပြီး တရားမျှတ သည့်ရွေးကောက်ပွဲများအဖြစ် မသတ်မှတ်နိုင်ကြောင်း ဆုံးဖြတ်ချက်တရပ်ကို ချမှတ်အတည်ပြုခဲ့တယ်” လို့ DVB, European Parliament, The Irrawaddyတို့ရဲ့ ထုတ်ပြန်ရေးသားချက်တွေ ကို ဖတ်ရှုနိုင်ပါတယ်။

DVB- https://archive.ph/dfPND 

European Parliament- https://archive.ph/H43ld 

The Irrawaddy –  https://archive.ph/LpLWE 

 

☑️သုံးသပ်ချက် 

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံပေါင်း ၉ ခုမှ လွှတ်တော်အမတ် ၁၆၃ ဦးက ရှုတ်ချလိုက်ပြီး နိုင်ငံ တကာအနေဖြင့်လည်း စစ်တပ်၏ရွေးကောက်ပွဲကို ငြင်းပယ်ရန် တောင်းဆိုတဲ့ အကြောင်းအရာဟာ မမှန် ကန်ဘဲ သတင်းဌာနတွေက လိမ်လည်တင်ဆက်ခြင်းလို့ ဖြန့်ချိနေတာဟာ တန်ပြန်ဝါဒဖြန့်ရေးသားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။ 

နိုင်ငံတကာအနေနဲ့မြန်မာစစ်ကော်မရှင်ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး တရားဝင်မှုနဲ့ တရားမျှတမှုမရှိနိုင်တဲ့အတွက် ရှုတ်ချဖို့နဲ့ လက်မခံဖို့ကို နိုင်ငံတကာပါလီမန်အမတ်များ၊ ဥရောပပါလီမန်တို့ကနေတိုက်တွန်းတောင်းဆိုတယ်လို့ရေးသားခဲ့တာဟာအမှန်ဖြစ်တာကို တွေ့ရှိရပါတယ်။

ကမ္ဘာနဲ့အဆီယံက မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သူတွေ စေလွှတ်ပြီး ထောက်ခံနေလို့ သံတမန်ရေး မှာ NUG ထက်ကောင်းမွန်နေတယ်ဆိုပြီး စစ်ကော်မရှင်လော်ဘီတွေဖြန့်ဝေထားတဲ့သတင်းမှားကို MFCN ကနေ စိစစ်ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

MFCN- https://archive.ph/eL9y8 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .