ချင်းညီနောင်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံရန် CNA အဖွဲ့မှ အမိန့်ထုတ်ဆိုသည့် သတင်းမှား 
Share:FacebookX

ချင်းညီနောင်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံရန် CNA အဖွဲ့မှ အမိန့်ထုတ်ဆိုသည့် သတင်းမှား 

၂၀၂၅ နိုဝင်ဘာ ၂၇

Fact-check

MFCN/Akyab Post/ The Red Flag

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ချင်းညီနောင်အဖွဲ့ CB (Chin Brotherhood)​ ရဲ့ ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ဖို့ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် CNF/CNA ကနေ အမိန့်ထုတ်ပြန်လိုက်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ပုံတစ်ပုံနဲ့တကွ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ “နေပြည်တော်” ဆိုတဲ့ ချန်နယ်ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Justice for Chinland and Chin People ဆိုတဲ့ Facebook Page က screenshoot ပုံနဲ့ “AAလက်အောက်ခံ ခေါင်းကြီးပိုင်း၅ကောင်ကို CNA/CCအဖွဲ့က တွေ့ရာသင်္ချိုင်းဓါးမဆိုင်း မည်သူမဆို သုတ်သင်ရှင်းလင်းနိုင်ကြောင်း အမိန့်ထုတ်လိုက်ပြီ။ CNDF/CBထောက်ခံသူတွေ အကြမ်းဖက်အားပေးသူတွေ၊ ပြည်တွင်းပြည်ပ ထောက်ပို့တွေ အလှည့်လာတော့မယ် ထင်ပါတယ်။ ချင်းတောင်မှာ မူးယစ်ဆေးဝါးတွေ AAနဲ့ဖြန့်နေတာကြောင့် လုပ်သင့်ဖြစ်သင့်တာ ကြာပြီ” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 သတင်းမှားလင်ခ့် – https://archive.ph/4PQHs 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၆၇၈၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၃၅ ဦးနဲ့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️စိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google reversed image search tools အပါအဝင် google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို Reversed image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ Facebook ဆိုရှယ်မီဒီယာမှာ followers 4k ရှိတဲ့ Justice for Chinland and Chin People ဆိုတဲ့ Page ကို တွေ့ရှိရပါတယ်။​

Justice for Chinland and Chin People ဆိုတဲ့ page ကနေ မူရင်းတင်ထားတဲ့ ပို့စ်ကို ဖျက်ထားတာကို တွေ့ရပြီးတော့ ဒီ page ဟာ ချင်းဒေသနဲ့ ပတ်သက်ပြီး အမုန်းစကားတွေ အပါအဝင် နိုင်ငံရေးအရ အငြင်းပွားဖွယ်ဖြစ်တဲ့ ကိစ္စတွေကို ရေးသားဖြန့်ဝေထားတဲ့ page တစ်ခုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ 

Justice for Chinland and Chin People – https://tinyurl.com/4tjwt4pr

တစ်ဖက်မှာလည်း Justice for Chinland and Chin People ဆိုတဲ့ page ဟာ တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ “နေပြည်တော်” ချန်နယ်ကနေ ပို့စ်ကို နိုဝင်ဘာလ ၁၅ ရက်မှာ ကူးယူပြီးတော့ ဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ဝါဒဖြန့်ပို့စ် – https://archive.ph/4NCq5 

ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် CNF/CNA  ရဲ့ ထုတ်ပြန်ချက်တွေ ကြေညာချက်တွေကို တရားဝင်ထုတ်ပြန်တဲ့ “Chin National Front – Headquarters” ဆိုတဲ့ Facebook Page မှာလည်း ချင်းညီနောင်အဖွဲ့ CB (Chin Brotherhood)​ ရဲ့ ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ဖို့ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် CNF/CNA ကနေ အမိန့်ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို မတွေ့ရှိရပါဘူး။​

Chin National Front – Headquarters- https://www.facebook.com/cnfhq/?utm_source=chatgpt.com 

ဒီအကြောင်းအရာနဲ့ ဆက်စပ်လို့ ယုံကြည်စိတ်ချရတဲ့ ချင်းဒေသအခြေစိုက် သတင်းမီဒီယာတွေဖြစ်ကြတဲ့ Zalen၊ Chin World နဲ့ Khonumthung သတင်းမီဒီယာဌာနကြီးတွေမှာ ရှာကြည့်တဲ့အခါ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သတင်းအကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

Zalen – https://zalen.info/ 

Chin World – https://chinworld.org/ 

Khonumthung  – https://khonumthung.org/ 

◾️သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ ချင်းဒေသတွင်း သတင်းမီဒီယာဌာနတွေ အပါအဝင် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် CNF/CNA ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ချင်းညီနောင်အဖွဲ့ CB (Chin Brotherhood)​ ရဲ့ ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ဖို့ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် CNF/CNA ကနေ အမိန့်ထုတ်ပြန်လိုက်တယ် ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

Justice for Chinland and Chin People ဖေ့စဘုတ်စာမျက်နှာက တင်ထားတဲ့ ပို့စ်ကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ထပ်ဆင့်ပြီးတော့ ရေးသားဖြန့်ဝေတဲ့ အကြောင်းအရာဟာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။​

လက်ရှိမှာ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီးတော့  သတင်းတုသတင်းမှား ဖြန့်သူတွေဟာ မှန်ကန်တိကျမှုမရှိဘဲ အများပြည်သူ စိုးရိမ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ဒါ့အပြင် ချင်းဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .