မြန်မာနိုင်ငံသားတွေအနေနဲ့ TPS အစီစဥ်ကို သက်တမ်း ၁၈လ တိုးမြင့်နိုင်တယ်လို့ အမေရိကန်အစိုးရကြေညာဆိုတဲ့သတင်းမှား
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက်။
(Fact-check _DNA/ The Red Flag)
အနှစ်ချုပ်
“မြန်မာနိုင်ငံသားများအတွက် TPS အစီအစဉ်ကို နောက်ထပ် ၁၈ လ သက်တမ်းတိုးမြှင့်ကြောင်း အမေရိကန်အစိုးရ တရားဝင်ကြေညာ” ဆိုတဲ့အကြောင်းရာက သတင်းမှားဖြစ်ပါတယ်။
အဲ့ဒီအကြောင်းရာကို Democratic Press ဆိုတဲ့ စာမျက်နှာကနေ နိုဝင်ဘာလ၊ ၂၆ရက်နေ့မှာ “ စတင်ဖြန့်ဝေထားပြီး “မြန်မာနိုင်ငံ၏ လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ၊ ပြည်တွင်းပဋိပက္ခများနှင့် စစ်အာဏာရှင်အုပ်ချုပ်မှု အခြေအနေများကို ထောက်ရှု၍ မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးထားသည့်အဆင့် (TPS) ကို နောက်ထပ် ၁၈ လ (၁ နှစ်ခွဲ) ဆက်လက်သက်တမ်းတိုးမြှင့်လိုက်ကြောင်း တရားဝင်ကြေညာလိုက်သည်။” လို့ (မူရင်းအတိုင်း)ရေးသားဖြန့်ဝေထားတာပါ။
သတင်းမှားလင့် – https://archive.ph/E7UGo
ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ အမေရိကန်အစိုးရကနေ TPSကို နောက်ထပ် ၁၈လ သက်တမ်းတိုးမြှင့်ပေးခဲ့တယ်ဆိုတဲ့အကြောင်းရာမှာ မှားယွင်းနေတာကိုတွေ့ရပါတယ်။
သတင်းစီစစ်ချက်
အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)ကနေ နိုဝင်ဘာလ ၂၄ရက်မှာ မြန်မာနိုင်ငံကို ယာယီခိုလှုံခွင့် (Temporary Protected Status) သတ်မှတ်ချက်ကို ရုပ်သိမ်းလိုက်ကြောင်းနဲ့ အဲ့ဒီလိုရုတ်သိမ်းမှုက ဇန်နဝါရီလ၊ ၂၆ရက်၊ ၂၀၂၆မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ကြောင်း U.S. Citizenship and immigration servicesက တဆင့်ကြေညာခဲ့ပါတယ်။
Citizenship and immigration services – https://shorturl.at/xR9rt
“မြန်မာပြည်မှာ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးပိုင်း တိုးတက်လာတယ်၊ ပြီးတော့… အရေးပေါ်အခြေအနေ ရုပ်သိမ်းတယ် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်၊ အောင်မြင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရှိတယ်၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်း တိုးတက်လာတယ်”လို့ ဝန်ကြီး Kristi Noem က အဲ့ဒီထုတ်ပြန်ချက်မှာရေးသားထားတယ်ဆိုတဲ့အကြောင်း Myanmar Now မှာလည်း သတင်းဖော်ပြထားပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/69519/
အာဏာသိမ်းစစ်တပ်ကနေ ဒီဇင်ဘာလ၊ ၂၀၂၅မှာ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် သူတို့ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီကနေ စစ်ကော်မရှင်တပ်ကိုဖွဲ့စည်းခဲ့ပြီး အာဏာလွှဲပြောင်းလိုက်တာ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြားမှာ အပစ်ရပ်သဘောတူညီချက်ရတာတွေကြောင့် TPSကို သက်တမ်းမတိုးတော့တာလို့ DHSက ထုတ်ပြန်လိုက်တာဖြစ်သလို TPS အစီစဥ်နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၄,၀၀၀နီးပါးရှိနေတယ်ဆိုတဲ့အကြောင်း ဧရာဝတီသတင်းဌာနက ရေးသားထားပါတယ်။
ဧရာဝတီသတင်းလင့် – https://www.facebook.com/share/p/1CpZzYvhyU/
သတင်းသုံးသပ်ချက်
ထုတ်ပြန်ချက်ထဲမှာ ပြည်တွင်းလုံခြုံရေးဝန်ကြီး က နိုင်ငံခြားနိုင်ငံရဲ့အခြေနေကို TPSသတ်မှတ်ဖို့ ဥပဒေအရ အထူးစံသတ်မှတ်ချက်တွေ ဆက်လက်ပြည့်မီတယ်လို့ဆုံးဖြတ်ခဲ့တယ်ဆိုရင် TPSသတ်တမ်းကို လပေါင်း ၆လ ဒါမှမဟုတ် ပြည်တွင်းလုံခြုံရေးဝန်ကြီးက ဆန္ဒအလျှောက် လပေါင်း ၁၂လ ဒါမှမဟုတ် ၁၈လအထိတိုးမြှင့်ပေးရမယ်လို့ရေးသားထားပြီး နိုင်ငံခြားအနေနဲ့ သတ်မှတ်ချက်မပြည့်မီတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် TPSကို ရုပ်သိမ်းရမယ်လို့ရေးသားထားပါတယ်။
တဆက်ထဲမှာပဲ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုမှာ ယာယီနေထိုင်ခွင့်ပြုတာက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ မကိုက်ညီဘူးလို့ ဝန်ကြီးကဆုံးဖြတ်ခဲ့တယ်လို့လည်း ရေးသားထားတာပါ။
ဒါကြောင့် “မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးထားသည့်အဆင့် (TPS) ကို နောက်ထပ် ၁၈ လ (၁ နှစ်ခွဲ) ဆက်လက်သက်တမ်းတိုးမြှင့်လိုက်ကြောင်း တရားဝင်ကြေညာလိုက်သည်။” ဆိုတဲ့အကြောင်းရာမှာ မှားယွင်းရေးသားဖော်ပြထားတဲ့ အကြောင်းရာဖြစ်ကြောင်းတွေ့ရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #ယာယီခိုလှုံခွင့် #TPS #အမေရိကန်လူဝင်မှုကြည့်ကြပ်ရေးဝန်ကြီးဌာန #ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန(DHS) #သတင်းမှား







