K-PDFတွေခိုးအောင်နေတာကြောင့် ဆေးရုံကိုဗုံးကြဲတိုက်ခိုက်လို့စစ်ကောင်စီဝါဒဖြန့်
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၆ ရက်။
(Fact-check _DNA/ The Red Flag)
အနှစ်ချုပ်
“KIA-PDF တွေပုန်းအောင်းနေတာကြောင့် ဗန်းမောက်ပြည်သူ့ဆေးရုံကို လေကြောင်းကတဆင့်ဗုံးကြဲခဲ့ပြီး K-PDF ၄၀ကျော်သေဆုံးခဲ့”ဆိုတဲ့အကြောင်းရာမှာ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာရှိတဲ့ ဗန်းမောက် ပြည်သူ့ဆေးရုံမှာ KIA-PDF တွေခိုအောင်းနေတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၁၈ရက်က စစ်တပ်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး K-PDF ၄၀ကျော်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို “ရန်သူ့လှုပ်ရှားမှုသတင်းများ” တယ်လီဂရန်ချန်နယ်ကနေ ပြီးခဲ့တဲ့နိုဝင်ဘာလ၊ ၂၀ရက်က စတင်ဖြန့်ဝေထားပြီး စစ်တပ်ထောက်ခံသူတွေကလည်းပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုလည်း အားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေစစ်ဆေးကြည့်တဲ့အခါမှာ ဗန်းမောက်ပြည်သူ့ဆေးရုံနဲ့ မြို့တွင်းမှာရှိတဲ့ အချုပ်ဆောင်တခုအပေါ် စစ်ကော်မရှင်တပ်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွင့်လှစ် ထားတဲ့ MOH ဆေးရုံနဲ့ အချုပ်ဆောင်တခုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၊၁၈ ရက်က စစ်ကော်မရှင်တပ်ကနေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့တယ်ဆိုတာကို မြေလတ်အသံ သတင်းဌာနကနေ သတင်းရေးသားထားပါတယ်။
မြေလတ်အသံ https://www.facebook.com/share/p/1DcZ9yeL3q/
ဗန်းမောက် MOH ဆေးရုံကို ပေါင်၃၀၀လို့ယူဆရတဲ့ ဗုံးတလုံးကြဲချတိုက်ခိုက်ခံရတာကြောင့် ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်း senior volunteer အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ Kachin News Group ကလည်းသတင်းဖော်ပြထားပါတယ်။
Kachin News Group – https://www.facebook.com/share/p/19P4X6Xtcp/
စစ်တပ်ကလေကြောင်းကတဆင့် ဆေးရုံနဲ့ အချုပ်ဆောင်ကို နေရာအတိအကျဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုများနိုင်တယ်လို့ Myanmar Now ကလည်း သတင်းရေးသားထားပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/69362/
News Media Group – https://www.nmg-news.net/2025/11/21/33553
သတင်းသုံးသပ်ချက်
စစ်ကော်မရှင်တပ်တွေက လေကြောင်းကတဆင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ဖို့အတွက် K-PDF တွေပုန်းအောင်းနေတယ်လို့ သတင်းမှားဖြန့်ဝေတာကိုတွေ့ရပါတယ်။
လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေမှာတော့ အဲ့ဒီလို စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း ၂ဦးသေဆုံးခဲ့တာကိုသာဖော်ပြထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် (PDF)တွေထိခိုက်သေဆုံးတယ်ဆိုတဲ့အကြောင်းရာကို ဖော်ပြထားတာမျိုးမတွေ့ရပါဘူး။
ဒါကြောင့် “KIA-PDF တွေပုန်းအောင်းနေတာကြောင့် ဗန်းမောက်ပြည်သူ့ဆေးရုံကို လေကြောင်းကတဆင့်ဗုံးကြဲခဲ့ပြီး K-PDF ၄၀ကျော်သေဆုံးခဲ့တယ်”ဆိုတဲ့ အကြောင်းရာမှာ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #လေကြောင်းတိုက်ခိုက် #ဗန်းမောက် #K_PDF #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့်







