ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးဆိုသည့် သတင်းမှား
Share:FacebookX

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးဆိုသည့် သတင်းမှား

26 Nov 2025

Fact-check

MFCN/ Akyab Post/ The red Flag

အခုရက်ပိုင်း ဆိုရှယ်မီဒီယာပလက်ဖောင်း YouTube မှာ အာရက္ခတပ်တော် အေအေရဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးမယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ 

YouTube မှာ  subscribers ၅၈.၉ K ရှိတဲ့ The Daily Lens ဆိုတဲ့ Channel ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ “သတင်းဌာန၏ (November 12, 2025) နေ့လည် ၁နာရီ၊ အထူးသတင်း” ဆိုတဲ့ caption နဲ့အတူ ၃ မိနစ် ၂၈ စက္ကန့်ရှိတဲ့ ဗီဒီယိုတစ်ခုကို ဖြန့်ခဲ့တာဖြစ်ပြီးတော့၊ ဗီဒီယိုထဲမှာ ‘ထွန်းမြတ်နိုင် ကို တရုတ် ဖမ်းဆီး။ တရုတ်ပြည်မှာ နေတဲ့ ထွန်းမြတ်နိုင် ကို ချက်ချင်း ဖမ်းဖို့ တရုတ်သမ္မတ ကို မင်းအောင်လှိုင် အရေးကြီး တောင်းဆို’ ဆိုပြီးတော့ ဖြန့်ဝေထားပါတယ်။ 

The Daily Lens – https://archive.ph/UlAoU 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူ ၃၂K ထိ ရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဖြန့်ချိထားတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️စိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖမ်းဆီးခံရဆိုတဲ့ Keyword နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ နိုင်ငံတကာသတင်းဌာနတွေမှာရော မြန်မာပြည်တွင်းသတင်းဌာနတွေမှာရော ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မတွေ့ရှိရပါဘူး။ 

တရုတ်အခြေစိုက် သတင်းဌာနကြီးတွေဖြစ်ကြတဲ့ South China Morning Post၊ Xinhua အပါအဝင် CCTV သတင်းဌာနတွေမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မတွေ့ရှိရပါဘူး။

South China Morning Post –  https://www.scmp.com/ 

Xinhua – https://english.news.cn/ 

CCTV  – https://english.cctv.com/   

ဒါ့အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေမှာလည်း မတွေ့ရှိရပါဘူး။ 

China Embassy Myanmar – https://tinyurl.com/2u6xr46s 

အာရက္ခတပ်တော် အေအေရဲ့ သတင်းနဲ့ ထုတ်ပြန်ချက်တွေမှာလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတွေ မတွေ့ရှိရပါဘူး။ 

ဒီလို ပျံ့နှံ့နေတဲ့ အကြောင်းအရာကိုလည်း သတင်းတုသတင်းမှားတွေ စစ်ဆေးတဲ့ Boom Myanmar အဖွဲ့ကနေလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေဖမ်းဆီးတယ်လို့ ရေးသားဖြန့်ဝေထားတာဟာ သတင်းတုသတင်းမှားဖြစ်တယ်လို့ စိစစ်ထားပါတယ်။ 

Boom Myanmar – https://tinyurl.com/4ctdc7mh 

▪️ သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ ဒေသတွင်း သတင်းမီဒီယာတွေ၊ မြန်မာပြည်တွင်း သတင်းမီဒီယာတွေနဲ့ အာရှ၊ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

Daily Lens ဆိုတဲ့ Youtube ချန်နယ်ကနေ တင်ထားတဲ့  ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖက်ကနေ ဖမ်းဆီးတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတာဟာ ပို့စ်ဟာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။​

လက်ရှိမှာ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီးတော့  သတင်းတုသတင်းမှား ဖြန့်သူတွေဟာ မှန်ကန်တိကျမှုမရှိဘဲ အများပြည်သူ စိုးရိမ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ဒါ့အပြင် ရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .