နိုင်ငံခြားသားကျားဖြန့်လုပ်သားတွေကို တော်လှန်ရေးတပ်တွေက သတ်ဖြတ်နေတယ်ဆိုတဲ့သတင်းမှား
Share:FacebookX

နိုင်ငံခြားသားကျားဖြန့်လုပ်သားတွေကို တော်လှန်ရေးတပ်တွေက သတ်ဖြတ်နေတယ်ဆိုတဲ့သတင်းမှား

နိုင်ငံခြားသားကျားဖြန့်လုပ်သားတွေကို တော်လှန်ရေးတပ်တွေက သတ်ဖြတ်နေတယ်ဆိုတဲ့သတင်းမှား

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၆ ရက်။

(Fact-check _DNA/ The Red Flag) 

အနှစ်ချုပ်

“KNUက ကျားဖြန့်အဖွဲ့ကိုနှုတ်ပိတ်ပြီး DKBAကိုလွှဲချဖို့ကြံစည်နေသလို KNUနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုင်ငံခြားသားကျားဖြန့်အလုပ်သမားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်” ဆိုတာက လုပ်ကြံရေးသားဖော်ပြထားတဲ့ သတင်းမှားဖြစ်တာကိုတွေ့ရပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မင်းလက်ပံဒေသမှာရှိတဲ့  ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA)အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ကျားဖြန့်လုပ်တယ်လို့ဆိုကာ ဖမ်းဆီးခဲ့တဲ့အပြင် နိုင်ငံခြားသားကျားဖြန့်တွေကိုလည်း ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီအကြောင်းရာကို စစ်တပ်ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ “မှိုင်းဝေ” ချန်နယ်ကနေ မနေ့က နိုဝင်ဘာလ၊ ၂၅ရက်မှာ စတင်ဖြန့်ဝေထားပြီး အခြားစစ်တပ်လော်ဘီချန်နယ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေကြား ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

https://archive.ph/jtmW5 

https://archive.ph/7evnj 

https://archive.ph/IZqDj 

ပျံ့နှံ့လာတဲ့ အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေစစ်ဆေးကြည့်တဲ့အခါမှာ နိုင်ငံခြားသားကျားဖြန့်အလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံအလိုက်ပြန်မလွှတ်ပေးပဲ ဖမ်းဆီးသတ်ဖြတ်နေတယ်ဆိုတဲ့အကြောင်းရာမှာ မှားယွင်းနေတာကိုတွေ့ရပါတယ်။

သတင်းစိစစ်ချက်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မင်းလက်ပံ (ဖလူး)ဒေသမှာရှိတဲ့ အွန်လိုင်းငွေလိမ်ကျားဖြန့်အဆောက်အဦးတွေကို နိုဝင်ဘာလ၊ ၂၅ရက်နေ့မနက်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေ ထိန်းသိမ်းထားတဲ့အလုပ်သမားတွေအကြားပျံ့နှံ့ခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားတာတွေရှိသလို၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်လူမျိုးတွေအကြားအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဧရာဝတီသတင်းဌာနရဲ့ ရုပ်သံသတင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၁ရက်နေ့က စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)တို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKBAက ကျားဖြန့်ခြံဝန်းထဲပစ်ခတ်နေချိန်မှာ အဆောက်အဦးထဲကနေ ထွက်ပြေးတဲ့ မြန်မာနိုင်ငံသား(၅)ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့လည်း ဧရာဝတီသတင်းဌာနက ဖော်ပြထားပါတယ်။

ဧရာဝတီသတင်းရုပ်သံသတင်းလင့် – https://www.facebook.com/share/v/16vHJgmpWZ/ 

KNUအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၂၂ရက်နေ့က ပိတ်မိနေသူတွေကို ဘေးကင်းရာဆီပို့ဆောင်နိုင်ဖို့နဲ့ ကွင်းဆင်းအကဲဖြတ်ဖို့အတွက် မြေပြင်အကဲဖြတ်အဖွဲ့ကိုဖွဲ့ခဲ့ပြီး ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သက်ဆိုင်ရာ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာအာဏာပိုင်တွေ၊ အေဂျင်စီတွေဆီ  ချက်ချင်းအကြောင်းကြားခဲ့သလို မြေပြင်အကဲဖြတ်အဖွဲ့ကို မင်းလက်ပံ ကျားဖြန့်အဆောက်အဦးတွေထဲ စေလွှတ်ခဲ့ပြီး လုပ်သားတွေဆီက ဘယ်သူဘယ်ဝါဖြစ်ကြောင်းဖော်ထုတ်တာ အချက်အလက်စုဆောင်းတာ၊ အထောက်ထားသိမ်းဆည်းတာနဲ့ အဲ့ဒီအလုပ်သမားတွေထဲက ထိုင်နိုင်ငံသားတွေ၊ မိခင်နဲ့ကလေးတွေကိုနေရပ်ပြန်ပို့နိုင်ရေးဦးစားပေးဆောင်ရွက်နေတယ်လို့ DVB TV News မှာ ဖော်ပြထားပါတယ်။

DVB TV News – https://burmese.dvb.no/post/734722 

အွန်လိုင်းငွေလိမ် ကျားဖြန့်အဆောက်အဦးတွေကို KNU နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ပြီးတဲ့နောက် အဲ့ဒီအဆောက်အဦးတွေမှာရှိတဲ့ နိုင်ငံတကာက နိုင်ငံသားတွေကို ဘေးကင်းရာကို ကယ်ထုတ်နိုင်ရေး၊ ခိုင်လုံတဲ့မှုခင်းဆေးစစ်ချက်တွေရယူနိုင်ရေးနဲ့ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာကနေ အရေးပေါ်ပူးပေါင်းဆောင်ရွက်နိုင်အတွက် KNU ကတိုက်တွန်းထားတယ်လို့ ကရင်ပြည်နယ်အခြေစိုက် Karen United Media မှာဖော်ပြထားပါတယ်။

Karen United Media – https://www.facebook.com/share/p/1BtNsJGLK7/ 

  သုံးသပ်ချက်

မင်းလက်ပံ(ဖလူး)ဒေသမှာရှိတဲ့ကျားဖြန့်အဆောက်အဦးတွေက DKBAထိန်းချုပ်မှုအောက်မှာရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၂၂ရက်က KNUနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာကိုတွေ့ရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းသိမ်းထားတဲ့ ကျားဖြန့်အလုပ်သမားတွေကို ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေကို အရေးပေါ်ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား ၂၈ဦးနဲ့ တရုတ်နိုင်ငံသား ၃၆ဦးတို့ကိုလည်း ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးခဲ့တယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေမှာဖော်ပြထားပါတယ်။

ဒါကြောင့် KNU နဲ့ တော်လှန်ရေးတပ်တွေက နိုင်ငံတကာကကျားဖြန့်အလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးတာမျိုးမလုပ်ပဲ သတ်ဖြတ်နေတယ်ဆိုတဲ့ အကြောင်းရာကမှားယွင်းနေသလို၊ DKBAအဖွဲ့အစည်းက ကျားဖြန့်လုပ်ငန်းနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေတာကိုလည်း တွေ့ရှိခဲ့ရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#DNAFactCheck #DNA #MFCN #FactCheck #ကျားဖြန့်စစ်ဆင်ရေး #KNU #KNLA_PDF #နိုင်ငံခြားသားကျားဖြန့်အလုပ်သမား #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .