စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ မော်ချီး ဗုံးကြဲတိုက်ခိုက်မှုမှာ ခဲသတ္တုတွေခိုးတူးနေတဲ့ ကယားတော်လှန်ရေးရဲဘော်ငါးဦး သေဆုံးဆိုတဲ့ အကြောင်းအရာသည် မော်ချီးဗုံးကြဲခံရမှုမှာ ထိခိုက်ထားတဲ့ ဓာတ်ပုံကို အသုံးပြုပြီး လှည်းဖြားတင်ဆက်ထားသည့် သတင်းမှားဖြစ်ပါတယ်။
အဆိုပါ သတင်းအမှားတခုကို စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ ရွှေနေကြာ တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ချိခဲ့ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ တစ်ထောင်ကျော်ရှိနေပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာကိုတော့ ဒီလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://t.me/shwenaykyar/113258
အဲ့ဒီဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ် ။
စစ်ဆေးတွေ့ရှိချက်
ဖြန့်ဝေထားတဲ့အကြောင်းအရာကို “ KeyWord” နဲ့ ရှာဖွေကြည့်တဲ့အခါမှာတော့ ယုံကြည် စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံကို အသုံးပြုထားတာကိုတွေ့ရပါတယ်။
လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာ သတင်းဌာနဖြစ်တစ်ခု ဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ “ မော်ချီးက နေရာသုံးခုကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ပြည်သူထိခိုက်သေဆုံးမှုရှိ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။
သတင်းထဲမှာတော့ “ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၉နာရီကျော်အချိန်မှာ မော်ချီးဒေသအတွင်းက နေရာသုံးခုကို ၃ကြိမ်ခန့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားခဲ့ကြောင်း၊ ဗုံးကြဲမှုကြောင့် အမျိုးသား ၅ ဦး သေဆုံးခဲ့ပြီး အသက်အရွယ်နဲ့ တခြား ဒဏ်ရာရရှိမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ မေးမြန်းနေဆဲ ဖြစ်ကြောင်းနဲ့ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတဲ့ နေရာတွေမှာ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားတာမျိုးမရှိဘဲ အရပ်သားတွေရှိတဲ့ နေရာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြောင်း” သတင်းမှာဖော်ပြပါတယ် ။
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ သတင်း >>> https://www.facebook.com/share/p/1PNhNxiQom/
နောက်ထပ်လွတ်လပ်တဲ့ဒေသတွင်းမီဒီယာ သတင်းဌာနဖြစ်တစ်ခု ဖြစ်တဲ့ Karenni Pepole’s Voice သတင်းဌာနမှာတော့ “ မော်ချီးဒေသ နေရာ (၃) နေရာကို စစ်တပ် ဗုံးကြဲ ၊ အရပ်သား (၅) ဦး ထက်မနည်း သေဆုံး” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ထပ်မံဖော်ပြထားပါသေးတယ်။
သတင်းထဲမှာတော့ “ ကရင်နီပြည်နယ် ၊ ဖားဆောင်မြို့နယ်အတွင်းရှိ မော်ချီးဒေသ နေရာ (၃) နေရာကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၅) ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်းနဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် မော်ချီးဒေသ နေရာ (၃) နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခဲတွင်း လုပ်သား (၅) ဦး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာ ရရှိမှု များပြားကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
KPV သတင်းလင့်ခ>>> – https://www.facebook.com/share/p/1BfNwVKbxM/
တနင်္သာရီတိုင်းမ် သတင်းဌာနရဲ့ YouTube သတင်းဖော်ပြချက်မှာဆိုရင်လည်း မြိတ်-ကော့သောင်းလမ်းမပေါ်မှာရှိတဲ့ မဇောကျေးရွာအုပ်စု၊ သကန်ရွာက တိုးဂိတ်ကို မီးရှို့ခဲ့တဲ့ မှတ်တမ်းရုပ်သံနဲ့တကွသတင်းမှာ ဖော်ပြထားပါတယ်။ သတင်းဌာနရဲ့သတင်း>>> https://youtu.be/VUWY4yjST4Y?si=HAlfKH57BQtot5fG
အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း ခေတ်သစ်သတင်းဌာနက “ ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်က သယ်ဆောင်လာသည့် RPG ထိပ်ဖူး ပေါက်ကွဲ၍ စစ်သား ၂ ဦးသေဆုံး၊ တော်လှန်ရေး ရဲဘော်များ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းကို ဖော်ပြထားပါသေးတယ်။
သတင်းဌာနရဲ့သတင်း>>> https://www.facebook.com/share/p/1Cpnvgnj86/
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ခဲ့သူကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်လုပ်ခဲ့သူတစ်ဦးရဲ့ စကားမှာတော့ “၃ နေရာကြဲတာ။ ကျွန်တော်တို့တော့ ၂ နေရာပဲရောက်တယ်။ ကြဲတဲ့နေရာတွေကလည်း သွားရလာရ နည်းနည်းခက်တယ်။ ကေဒီ(နေရာအမည်)မှာက ၅ ဦးသေဆုံးပြီး ၅ ဦးအထက် ဒဏ်ရာရတယ်။ ၂ ဦးတော့ စိုးရိမ်ရတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
ဒေသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မော်ချီးဒေသ နေရာ (၃) နေရာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၅) ဦး ထက်မနည်းသေဆုံးခဲ့ ကြောင်းကို သတင်းမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ထိခိုက်သေဆုံးသူတွေဟာ တော်လှန်ရေးရဲဘော်ငါးဦးမဟုတ်ဘဲ အရပ်သားငါးဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ ရွှေနေကြာချန်နယ်က ဖြန့်ချိခဲ့တဲ့ “ မော်ချီး ဗုံးကြဲတိုက်ခိုက်မှုမှာ ခဲသတ္တုတွေခိုးတူးနေတဲ့ ကယားတော်လှန်ရေးရဲဘော်ငါးဦး သေဆုံး” ဆိုတဲ့ဟာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ လွတ်လပ်တဲ့ မီဒီယာရဲ့ ဖော်ပြထားတဲ့ သတင်းတွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်၊ မှားယွင်းသိစေအောင် ပုံဖော်သလို ရေးသားထားပြီး ဝါဒဖြန့်ချိနေပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FM ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork







