AA တပ်ဖွဲ့ဝင် ၉ ဦးနဲ့ PDF ၆ ဦး လက်နက်ခဲယမ်းတွေနဲ့ စစ်ကော်မရှင်တပ်ဆီကို အလင်းဝင်ခဲ့တယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

AA တပ်ဖွဲ့ဝင် ၉ ဦးနဲ့ PDF ၆ ဦး လက်နက်ခဲယမ်းတွေနဲ့ စစ်ကော်မရှင်တပ်ဆီကို အလင်းဝင်ခဲ့တယ်ဆိုတဲ့ သတင်းမှား

AA တပ်ဖွဲ့ဝင် ၉ ဦးနဲ့ PDF ၆ ဦး လက်နက်ခဲယမ်းတွေနဲ့ စစ်ကော်မရှင်တပ်ဆီကို အလင်းဝင်ခဲ့တယ်ဆိုတဲ့ သတင်းမှား

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  ၂၃   ရက်

(Fact-check -DNA/ The Red Flag) 

☑️အနှစ်ချုပ်

နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်တဲ့ AA အဖွဲ့ဝင် အမျိုးသား(၉) ဦးနဲ့ PDF အဖွဲ့ဝင် အမျိုးသား(၆)ဦးတို့ဟာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်းသို့ ဝင် ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင်သတင်းစာနဲ့ ဝါဒဖြန့်မီဒီယာတွေက ရေးသားဖြန့်ဝေနေတာဟာ သတင်းမှား ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် facebook စာမျက်နှာတခုဖြစ်တဲ့ Myanmar Army Officially Statements က‌နေ နိုဝင်ဘာလ ၁၇ ရက်မှာ”နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် အမျိုးသား(၉)ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား(၆)ဦး တို့သည် လက်နက်၊ ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်”လို့ ရေးသားပြီး အ‌နောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်မြို့ မှာ အလင်းဝင်တဲ့အခမ်းအနားမှတ်တမ်းပုံ ၇ ပုံနဲ့အတူ ဖြန့်ဝေခဲ့တာကို ‌တွေ့ရှိရပါတယ်။

Myanmar Army Official Statements- https://archive.ph/mdQYQ 

အဲဒီပို့စ်မှာ လက်နက်ခဲယမ်းဒီအနေနဲ့ FGC-9 MK ll 2 လက်နဲ့ မောင်းပြန်သေနတ် ၇ လက်တို့ကို ပြသထား တာကို တွေ့ရပါတယ်။ 

ဒါအပြင် နိုဝင်ဘာလ ၁၈ ရက်မှာ “အကြမ်းဖက် AA အဖွဲ့ရဲ့ အနိုင်ကျင့်မှုတွေကို မခံနိုင်တော့လို့ တပ်မတော် ထံ အလင်းဝင်လာကြတဲ့ AA အဖွဲ့ဝင်များနှင့် PDF များရဲ့ ရင်တွင်းစကားသံများ”ဆိုပြီး အဲဒီ ပေ့ချ်ကနေပဲ ထပ်မံဝါဒဖြန့်ဝေလာတာကို ‌တွေ့ရပြီး Bo Lushoke, Western 24 News တယ်လီဂရန်ချန်နယ်တွေကနေ AA ၉ ဦးနဲ့ PDF ၆ ဦး လက်နက်ခဲယမ်းများနဲ့ ဥပဒေဘောင်အတွင်းဝင်ရောက်လာတယ်လို့ရေးသားဖြန့်ဝေခဲ့ တာကို တွေ့ရပါတယ်။

Myanmar Army Officially Statements- https://archive.ph/jZuLe 

Bo Lushoke-https://archive.ph/oGkhf 

Western 24 News- https://archive.ph/HcGNI 

ဒါပေမဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ရွှေနေကြာ၊ တိုက်ပွဲသတင်းစုံ၊ သံတော်ဆင့်၊ Sit Min , Ko Thet တယ်လီ ဂရန်ချန်နယ်တွေကနေ “၁၇-၁၁-၂၀၂၅ ရက်နေ့ မနေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် AA အဖွဲဝင် အမျိုးသား(၉)ဦးနှင့် PDF အဖွဲဝင် အမျိုးသား(၆)ဦး စုစုပေါင်း ၁၅ ဦးတို့သည် သေနတ် ၇ လက်၊ ခဲယမ်း များနှင့်အတူ တပ်မတော်ထံအလင်းဝင်ရောက်လာ”လို့ သေနတ် ၇ လက်ပါ ဓါတ်ပုံ ၇ ပုံနဲ့အတူ ရေးသား ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ 

ရွှေနေကြာ- https://archive.ph/8wIgq 

တိုက်ပွဲသတင်းစုံ- https://archive.ph/LXPWX 

Sit Min- https://archive.ph/KiyOQ 

သံတော်ဆင့် – https://archive.ph/5UbR3 

Ko Thet- https://archive.ph/rfsOo 

“ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူများက ၎င်းတို့နဲ့အတူပါလာတဲ့ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ နတခတိုင်းမှူးက လက်ခံရယူပြီး မောင်းပြန်ရိုင်ဖယ် ၂ လက် အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနဲ့ အလင်းဝင် ရောက်လာသူ ၁၅ ဦးကို တစ်ဦး ဆုကြေးငွေကျပ် ၃ သိန်းစီပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့တယ်”လို့ စစ်ကော်မရှင်ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စစ်လော်ဘီ NP News တို့က‌‌နေ ဝါဒဖြန့်ရေးသားထားတာကို တွေ့ရပါတယ်။

MOI myanmar- https://archive.ph/VmTap 

NPNews- https://archive.ph/cyVZd 

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ စစ်ကော်မရှင်တပ်ဖက်က ဝါဒဖြန့်သလို အေအေ တပ်ဖွဲ့ဝင် ၉ ဦးနဲ့ PDF အဖွဲ့ဝင် ၆ ဦး အလင်းဝင်လာတယ်ဆိုတာ လုပ်ကြံဝါဒ ဖြန့်ချိထားတဲ့ သတင်းမှား ဖြစ်တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။

☑️ သတင်းစိစစ်ချက်

“PDF ခြောက်ယောက်နဲ့အတူ AA တပ်ဖွဲ့ဝင် ၉ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၆ ဦးတို့ ဥပဒေဘောင်အတွင်း ဝင် ရောက်လာတယ်လို့  စစ်အုပ်စုပိုင် သတင်းစာတွေမှာ ရေးသားဖော်ပြသလိုမျိုး ဖြစ်စဉ်(လုံး၀)မရှိဘူးလို့ အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားချက်အရ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ဒေသတွင်း မီဒီယာတွေက ရေးသားထားတာကို တွေ့ရပါတယ်။

ဦးခိုင်သုခက “ဒီလိုဖြစ်စဉ်မျိုးတော့ လုံး၀ မရှိဘူးဗျာ။ ဒီဟာကတော့ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီက ခရီးသွားရခိုင်တချို့ကို ဖမ်းဆီပြီးတော့မှ အတင်းဓမ္မနှိပ်စက်ညှဉ်းပမ်းနှိပ်စက်ပြီးတော့ ပြောခိုင်းတာ၊ လုပ် ခိုင်းတာဘဲဖြစ်နိုင်ပါတယ်” လို့ ပြောဆိုပါတယ်။

“အခုက သူတို့ဆီက လူတွေ ကျွန်တော်တို့ဆီမှာလက်နက်ချတာတွေ များလာတော့ သူတို့ စိတ်ဓာတ် စစ်ဆင်ရေးမျိုး အဲသလို လုပ်တာဖြစ်နိုင်တယ်။ သူတို့လူတွေနေ့တိုင်း လက်နက်ချနေတော့ ဒါကို တန်ပြန်တဲ့ သဘောနဲ့ ဝါဒဖြန့်တာ ဖြစ်နိုင်ပါတယ်”လို့ ဦးခိုင်သုခက ပြောဆိုပါတယ်ဆိုပြီး နိရဉ္စရာ, သံလွင်ခက်, Development Media Group(DMG),Western News,Ayeyarwaddy Times,Today Arakan  ရေးသားထားတာကိုတွေ့ရပါတယ်။

Narinjara- https://archive.ph/y6UEm 

Development Media Group(DMG)https://archive.ph/garm7 

Western News- https://archive.ph/O2G4l 

Ayeyarwaddy Times- https://archive.ph/CcBWq 

Today Arakan- https://archive.ph/UtRyc 

သံလွင်ခက်- https://archive.ph/ytX8E 

☑️သုံးသပ်ချက် 

စစ်အုပ်စုရဲ့ သတင်းစာမှာ AA အဖွဲ့ဝင်အမျိုးသား ၉ ဦးနဲ့  PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦးတို့ဟာ သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ  ဥပဒေဘောင်အတွင်းသို့ မြန်အောင် ခလရ (၅၁)မှ အလင်း ဝင်ရောက်လာလို့ နတခမှာ  မောင်းပြန်ရိုင်ဖယ် ၂ လက်အတွက် ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနဲ့ အလင်းဝင်လာသူ ၁၅ ဦးကို တစ်ဦး ဆုကြေးငွေကျပ် ၃ သိန်းစီပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံ ပေးခဲ့တယ်လို့ ဝါဒဖြန့်ရေးသားခဲ့ပေမဲ့ ထုတ်ပြန်တဲ့ ဓါတ်ပုံ ၇ ပုံမှာ MA Series သေနတ်တွေနဲ့ FGC-9 MK ll 2 လက်တို့ကို ကွဲလွဲစွာပြသထားတာကို တွေ့ရပါတယ်။

ဒါအပြင် စစ်လော်ဘီတယ်လီဂရန်ချန်နယ်တွေကနေ AA အဖွဲဝင်အမျိုးသား(၉)ဦးနဲ့ PDF အဖွဲဝင်အမျိုး သား(၆)ဦး စုစုပေါင်း ၁၅ ဦးတို့သည် သေနတ် ၇ လက်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးသားဖြန့်ဝေထားတဲ့အတွက် လက်နက်အရေအတွက် ကွဲလွဲရေးသားဝါဒဖြန့်ခဲ့တာကို တွေ့ရပါတယ်။

လက်နက်တွေကလဲ AA ကပေးအပ်တာ(သို့) PDF ‌တွေကပေးအပ်တဲ့လက်နက်ဖြစ်ကြောင်းခွဲခြားရေးသား မထားပဲ မောင်းပြန် ၂ လက်နဲ့ လက်ပစ်ဗုံး ၁ လုံး လွှဲအပ်ခဲ့တယ်လို့ဆိုပေမဲ့ လက်ခံပွဲခန်းမစင်ရှေ့မှာ နောက်ထပ်လက်နက်အမျိုးအစားများပြသထားတာဟာ ထုတ်ပြန်ချက်နဲ့မကိုက်ညီပဲ စိတ်ဓာတ်စစ်ဆင်ရေး အ‌‌နေနဲ့တန်ပြန်ဝါဒဖြန့်မှုပြုလုပ်နေတာသာဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။

AA တပ်ဖွဲ့ဝင် ၉ ဦးလို့ ဆိုသူတွေကတော့  မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တွေကလို့ ဖော်ပြထားပေမယ့် တပ်ရင်း၊ တပ်ဖွဲ့၊ စခန်း၊ ကိုယ်ပိုင်နံပတ်တွေကို ဖော်ပြထားတာကို မတွေ့ရှိရတဲ့အပြင် အဲဒီမြို့နယ်များဟာ AA က သိမ်းပိုက်ထားတဲ့မြို့နယ်များဖြစ်တာကို တွေ့ရှိရပါတယ်။

ဧရာ၀တီတိုင်းရှိ သာပေါင်းမြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ စစ်တပ်ဟာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး PDF  ၆ ဦးဟာ မအူပင်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဇလွန်မြို့နယ်၊ ကြံခင်းမြို့နယ်နဲ့  ရေကြည်မြို့နယ်တို့က PDF အမည်ခံအဖွဲ့ဝင်တွေလို့ ဆိုပေမဲ့ တပ်ရင်း/ တပ်ဖွဲ့ကို ရေးသားဖော်ပြထားတာကို မတွေ့ရတဲ့အပြင် စစ်ကောင်စီထံ မြန်အောင်ခလရ(၅၁)ကနေ အလင်း ၀င်ရောက်မှုနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းကတော်လှန်ရေးအင်အားစုတွေဘက်ကလဲ သတင်းထုတ်ပြန်ထား တာမရှိကြောင်း သိရသည်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .