အိန္ဒိယန်ိုင်ငံ မီဇိုရမ်တွင် အေအေတပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးများကို ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား
Share:FacebookX

အိန္ဒိယန်ိုင်ငံ မီဇိုရမ်တွင် အေအေတပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးများကို ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား

၂၀၂၅ နိုဝင်ဘာ ၂၀၂၅ 

Fact-check

MFCN/Akyab Post/ The Red Flag

အနှစ်ချူပ် 

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်မှာ အေအေတပ်ဖွဲ့ဝင်တွေဆီကနေ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိတယ်ဆိုတဲ့အကြောင်းအရာသည် သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလိုပုံဖော်ပြီး ရေးသားထားသည့် သတင်းမှား ဖြစ်ပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “DGF21News” ဆိုတဲ့ ချန်နယ်ကနေ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ “AA ၏ မူးယစ်ဂိုဏ်းမှဟု ယူဆရသူနှစ်ဦးကို ရူပီ ၂၆ ကုဋေကျော် (အမေရိကန် ဒေါ်လာ ၂.၉၃ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မီဇိုရမ်တွင် ဖမ်းဆီးရမိ” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

မူရင်းသတင်းမှားလင်ခ့် – https://archive.ph/Xmjh7 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂.၇ K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၆၃ ဦးနဲ့ comment ပေးသူ ၁ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။​

ဆက်စပ်သတင်းမှား – https://archive.ph/TvaCS 

https://archive.ph/TvaCS 

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ အေအေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ မူးယစ်ဆေးကြောင့် အဖမ်းခံရတာဟာ မြန်မာနိုင်ငံသား နှစ်ဦးသာဖြစ်နေတာကို တွေ့ရှိရပါတယ်။  

  • သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google reversed image search tools အပါအဝင် google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reversed image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အိန္ဒိယအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ India Today သတင်းဌာနကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ “Two Myanmar nationals held as BSF seizes meth, heroin worth Rs 26 crore near Aizawl” ဆိုပြီးတော့ ရေးသားဖော်ပြထားတဲ့ သတင်းကို တွေ့ရပါတယ်။ 

India Today သတင်းဌာနရဲ့ ရေးသားချက်တွေအရ အိန္ဒိယနယ်ခြားစောင့်တပ် ( BSF) နဲ့ မီဇိုရမ်ပြည်နယ်၊ မူးယစ်ဆေးတိုက်ဖျက်ရေးဌာနပူးပေါင်းအဖွဲ့ဟာ သူတို့ ရရှိ ထားတဲ့သတင်းအချက်အလက်အရ အိုင်ဇောလ်နဲ့ ဆဲလ်လိန်း ကြားမှာ စစ်ဆင်ရေးပြုလုပ်ခဲ့ရာ စကူတာဆိုင်ကယ် မောင်းနှင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးထံကနေ မူးယစ်ဆေးအများအပြားဖမ်းဆီးခဲ့တာလို့ ရေးသားဖော်ပြထားပါတယ်။ 

India Today – https://tinyurl.com/re2yn2v7

ဒါ့အပြင် အိန္ဒိယအခြေစိုက် သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ Morung Express သတင်းဌာနကနေလည်း နိုဝင်ဘာလ ၂၀ ရက်နေ့မှာ “BSF, Mizoram Excise Dept seize meth tablets worth Rs 26 crore; two Myanmar nationals arrested” လို့ ရေးသားဖော်ပြထားပါတယ်။ 

Morung Express ရဲ့ ရေးသားဖော်ပြချက်မှာလည်း မြန်မာနိုင်ငံသားနှစ်ဦးကို န္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင်ထဲတွင် ရူပီး ၂၆ ကုဋေတန်ဖိုးရှိတဲ့ မူးယစ်ဆေးများနဲ့အတူ မြန်မာနိုင်ငံသား ၂ ဦးဖမ်းဆီးခံရတယ်လို့  ရေးသားဖော်ပြထားပါတယ်။ 

Morung Express – https://tinyurl.com/mw693yyh

အခြားသတင်းဌာနတစ်ခုဖြစ်တဲ့ LokMat Times ကနေလည်း နိုဝင်ဘာလ ၂၀ ရက်နေ့မှာ “BSF, Mizoram Excise Dept seize meth tablets worth Rs 26 crore; two Myanmar nationals arrested” လို့ ရေးသားဖော်ပြထားပါတယ်။ 

LokMat Times – https://tinyurl.com/5x7y5bdd 

ဒီသတင်းကိုပဲ မြန်မာဒေသတွင်း ချင်းအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen ကနေလည်း နိုဝင်ဘာလ ၂၀ ရက်နေ့မှာ “မီဇိုရမ်ပြည်နယ်တွင် ရူပီး ၂၆ ကုဋေတန်ဖိုးရှိတဲ့မူးယစ်ဆေးများနဲ့အတူ မြန်မာနိုင်ငံသားနှစ်ဦးဖမ်းဆီးခံရ” လို့ ရေးသားဖော်ပြထားပါတယ်။ 

Zalen – https://tinyurl.com/y5u2vnpw

  • သုံးသပ်ချက်

အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေနဲ့ မြန်မာပြည်တွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်မှာ မူးယစ်ဆေးအများအပြားကို မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဖမ်းဆီးရခဲ့တာကို တွေ့ရပါတယ်။​ ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံသားနှစ်ဦးသာ ဖြစ်ပြီးတော့ အာရက္ခတပ်တော် အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

ဖမ်းဆီးခံရသူနှစ်ဦးနဲ့ မူးယစ်ဆေးတွေဟာ အာရက္ခတပ်တော် အေအေနဲ့ ဆက်စပ်နေတယ် အေအေရဲ့ တပ်သားတွေဆိုပြီးတော့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ ဖြန့်ချိထားတာဟာ သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလိုပုံဖော်ပြီး သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားထားတဲ့ Misleading သတင်းမှားသာ ဖြစ်ပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီးတော့ ပုံဖော်ရေးသားပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။ 

ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း  စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။

မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –

https://bitly.cx/ABDKH 

https://bitly.cx/RXh5S 

https://bitly.cx/j3eF0 

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .