တိုက်နယ်ဆေးရုံကိုဗုံးကြဲပြီး NUG/KIA ဌာနချုပ်လို့ စစ်ကော်မရှင်တပ် သတင်းမှားဖြန့်
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ရက်။
(Fact-check _DNA/ The Red Flag)
အနှစ်ချုပ်
“စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာအနီးရှိ NUG/KIA ဌာနချုပ်ကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများစွာ ထိခိုက်သေဆုံးခဲ့တယ်” ဆိုတဲ့အကြောင်းရာက လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်တာကိုတွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို NUG/ KIA ဌာနချုပ်ဖြစ်တာကြောင့် ဒီနေ့ မနက်အစောပိုင်းက စစ်တပ်ကနေ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို စစ်တပ်ဝါဒမီဒီယာတခုဖြစ်တဲ့ People Mediaကနေ ဒီကနေ့ နေ့လည်ဝန်းကျင်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၇,၁၆၇ဦး,နဲ့ reaction ပြုလုပ်သူ ၁၀၈ဦးထိရှိပြီး တခြားစစ်တပ်လော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
People Media – https://archive.ph/9O5tN
Ye Yint Htet (#yyh) ️️ – https://archive.ph/vcOYW
Snow Queen – https://archive.ph/QLa2u
Snow Queen – https://archive.ph/vVIhI
ပျံ့နှံ့လာတဲ့ အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ကံထူးမကျေးရွာက တိုက်နယ်ဆေးရုံကို လေကြောင်းကတဆင့် တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို စစ်ကော်မရှင်တပ်က ဒီနေ့ နိုဝင်ဘာလ ၂၃ရက် မနက် ၁နာရီဝန်းကျင်မှာ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်နယ်ဆေးရုံးဘေးမှာရှိတဲ့ ကားဘော်ဒီိဆိုင်ကိုပါထိမှန်ခဲ့တာကြောင့် လူသေဆုံးမှုရှိတယ်ဆိုတာကို မြေလတ်အသံ သတင်းဌာနကနေသတင်းရေးသားထားပါတယ်။
မြေလတ်အသံ – https://www.facebook.com/share/p/1GxCL7eGjV/
အဲ့ဒီလို ကားဘော်ဒီဆိုင်ကို ဗုံးစထိမှန်ခဲ့တာကြောင့် အသက် ၁၆နှစ်အရွယ် အမျိုးသားတဦး၊ အသက်၁၇နှစ်အရွယ် အမျိုးသားတဦး၊ အသက်၅၃နှစ်အရွယ် အမျိုးသားတဦးနဲ့ တခြား အမည်နဲ့အသက်အရွယ်မသိရသေးတဲ့အမျိုးနှစ်ဦး၊ စုစုပေါင်း ဒေသခံအရပ်သား (၆)ဦးသေဆုံးခဲ့ပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို MFP သတင်းဌာနမှာလည်း သတင်းဖော်ပြထားပါတယ်။
Mandalay Free Press-MFP – https://www.facebook.com/share/p/1EsdNRNt8X/
လေကြောင်းနဲ့ ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံဝန်းအတွင်းက ဓါတ်မှန်ဆောင် ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ကားဘော်ဒီဆိုင်က အလုပ်သမားတွေနဲ့ ကားသမားတွေထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ The Irrawaddy သတင်းဌာနကလည်း သတင်းဖော်ပြထားပါတယ်။
The Irrawaddy-Burmese Edition – https://www.facebook.com/share/p/19Ru9PTuuj/
သုံးသပ်ချက်
စစ်တပ်ကနေ NUG/ KIA ဌာနချုပ်ဖြစ်တာကြောင့် လေကြောင်းသုံးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ နေရာက တိုက်နယ်ဆေးရုံဖြစ်တာကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်ဖြစ်တာကိုတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့ရသူတွေက ဆေးရုံအတွင်းမှာ လာရောက်ကုသမှုခံယူနေတဲ့ သူတွေမဟုတ်သလို၊ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဓါတ်မှန်ဆောင်ကလည်း လူနာလက်ခံကုသပေးနေတာ မရှိဘူးဆိုတာကိုလည်း လွတ်လပ်တဲ့ သတင်းဌာနတွေကနေ ဒေသခံတွေရဲ့ပြောစကားအရ သုံးသပ်ရေးသားထားတာကိုတွေ့ရပါတယ်။
ဒါကြောင့် ကံထူးမကျေးရွာရဲ့ တိုက်နယ်ဆေးရုံကို NUG/ KIA ဌာနချုပ်လို့ရေးသားဖြန့်ဝေနေတာက အရပ်သားထိခိုက်သေဆုံးမှုကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတဲ့ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #ကံထူးမကျေးရွာ #လေကြောင်းတိုက်ခိုက် #တိုက်နယ်ဆေးရုံ #အရပ်သားထိခိုက်သေဆုံးမှု #သတင်းမှားဝါဒဖြန့်







