မိုးကုတ်မှာရှိတဲ့ PDFတွေကို TNLA ကလက်နက်ချခိုင်းနေတယ်ဆိုတဲ့သတင်းမှား
Share:FacebookX

မိုးကုတ်မှာရှိတဲ့ PDFတွေကို TNLA ကလက်နက်ချခိုင်းနေတယ်ဆိုတဲ့သတင်းမှား

မိုးကုတ်မှာရှိတဲ့ PDFတွေကို TNLA ကလက်နက်ချခိုင်းနေတယ်ဆိုတဲ့သတင်းမှား

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ရက်။

(Fact-check _DNA/ The Red Flag) 

အနှစ်ချုပ်

ပီဒီအက်(ဖ) တွေ ကို ပလောင် တပ် တွေ က ကန်တော် ရှမ်းကျောင်း အနီးက ဖူဆယ် ဘောလုံးကွင်း၊ အောင်နန်း ကွင်း နဲ့ အခြား နေရာ ငါးခု လောက်မှာ စုခိုင်း ထား ပြီး လက်နက်ချ ခိုင်း နေတယ် “ ဆိုတဲ့အကြောင်းရာက လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားဖြစ်ပါတယ်။

 မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာလကုန်ပိုင်း စစ်တပ်က ပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)  က မိုးကုတ်မြို့တွင်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ (PDF) တွေကို လက်နက်ချခိုင်းနေတယ်ဆိုတဲ့သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ဒီအကြောင်းရာကို Freedom News Group ဆိုတဲ့ လူမှုစာမျက်နှာတခုကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၁၈ရက်က “ပီဒီအက်(ဖ) တွေ ကို ပလောင် တပ် တွေ က ကန်တော် ရှမ်းကျောင်း အနီးက ဖူဆယ် ဘောလုံးကွင်း၊ အောင်နန်း ကွင်း နဲ့ အခြား နေရာ ငါးခု လောက်မှာ စုခိုင်း ထား ပြီး လက်နက်ချ ခိုင်း နေတယ်” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြနေပြီး စစ်ကော်မရှင်ဝါဒဖြန်ချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

 Freedom News Group – https://archive.ph/e12vP 

Snow Queen – https://archive.ph/zYbzb 

Ye Yint Htet (#yyh) ️️- https://archive.ph/W8atv 

ပျံ့နှံ့လာတဲ့အဲ့ဒီ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ TNLA  ကနေ မိုးကုတ်မြို့အတွင်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ (PDF)တွေကိုလက်နက်ချခိုင်းနေတယ်ဆိုတဲ့ အကြောင်းရာမှာ မှားယွင်းနေတာကို တွေ့ရပါတယ်။

သတင်းစိစစ်ချက်

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို TNLAနေ စစ်ကော်မရှင်တပ်တွေကို လုံခြုံရေးပေးပြီးခေါ်သွင်းလာမယ်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မြို့ကိုအစွမ်းကုန်ကာကွယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် အခုလို ပြည်သူ့ကာကွယ်ရေးတပ်တွေကို လက်နက်ချခိုင်းမယ်ဆိုတဲ့ သတင်းမှားတွေထွက်ပေါ်လာတာပါ။

သတင်းလင့် – https://www.facebook.com/share/p/16RkvYKF4h/ 

TNLA နဲ့တော်လှန်ရေးတပ်တချို့ မိုးကုတ်၊ မိုးမိတ် မြို့လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတချို့ပြုလုပ်ခဲ့သလို ဆွေးနွေးပွဲအတွင်းမှာလည်း လက်နက်ဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့၂ဖွဲ့က ထုတ်ပြောခဲ့တယ်လို့ BBC-Burmese က ရေးသားထားပါတယ်။

အဲ့ဒီဆောင်းပါးမှာ TNLAဘက်က PDFတွေကို ရှမ်းမြောက်စစ်ဆင်ရေးမှာ ငှားရမ်းထားခဲ့တဲ့ လက်နက်တွေကို အပိုင်လွှဲပေးတယ်လို့ အသိပေးပြောဆိုခဲ့ပြီး၊ စစ်တပ်ကိုမြို့တွင်း ခေါ်သွင်းလာတဲ့အချိန်မှာလည်း တော်လှန်ရေးတပ်တွေအနေနဲ့တိုကခိုက်မှုမလုပ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာကိုလည်း ရေးသားဖော်ပြထားပါတယ်။

BBC ဆောင်းပါးလင့် – https://www.facebook.com/share/p/1DGUUnnx6c/ 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “လက်နက်ချခိုင်းတာတော့ မရှိဘူး၊ ဝင်လာမယ့် စစ်ကြောင်းတွေကို ကျည်မပေါက်ခိုင်းတာအကုန် လုံခြုံရေး ယူထားပြီးပြီ။ ကျနော်တို့ ကျည်ပေါက်မှာစိုးလို့၊ ကျနော်တို့ အခွင့်ရေးတွေတော့ ချုပ်ချယ်ခံနေရပြီ။ ကျနော်တို့နေရာတွေကို ဖယ်ခိုင်းနေတာတော့ ရှိတယ်။ဗျူဟာမြောက်နေရာတွေပေါ့ ကျနော်တို့ ပြန်ထိုးရခက်တဲ့နေရာတွေမှာ TNLA က နေရာယူထားပြီ။” လို့ DNAကိုပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်တဦးကလည်း “အာ..မဟုတ်ပါဘူး pdf တွေကိုဘယ်လိုလုပ်လက်နက်ချခိုင်းမလဲ ။မဟုတ်ဘူးအစ်မ။pdf ဘယ် pdf မှ လက်နက်မချခိုင်းဘူး ” လို့ DNAကို အတည်ပြုပြောဆိုပါတယ်။

သတင်းသုံးသပ်ချက်

စစ်ကော်မရှင်တပ်တွေကို မိုးကုတ်နဲ့ မိုးမိတ်မြို့အတွင်းကို ပြန်ခေါ်သွင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြးနောက်ပိုင်း မီဒီယာအယောင်ဆောင် ဝါဒဖြန့်လူမှုစာမျက်နှာတွေနဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ အချိန်ကိုက် သတင်းမှားဖြန့်ဝေလာတာကိုတွေ့ရတာပါ။

တော်လှန်ရေးတပ်ဖွဲ့ (PDF)တွေကို မိုးကုတ်မြို့မှာလက်နက်ချခိုင်းတာ၊ (TNLA)ဌာနချုပ်ကို ပြန်လည်ဆုတ်ခွာမယ်ဆိုရင်လည်း လက်နက်ချပြီးမှာ လိုက်ခဲ့ဖို့ဆိုတဲ့အကြောင်းရာကို လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေမှာ ရေးသားထားတာမရှိသလို၊ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ပြောဆိုနေကြတာမျိုးကိုလည်းမတွေ့ရပါဘူး။ 

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ (PDF)တွေကို TNLA တပ်ဖွဲ့က လက်နက်ချခိုင်းနေတယ်ဆိုတဲ့အကြောင်းရာမှာ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#DNAFactCheck #DNA #MFCN #FactCheck #မိုးကုတ်မြို့ #မိုးမိတ် #TNLA #PDF #လက်နက်ချ #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .