CDFတပ်ဖွဲ့တွေရှိတာကြောင့် တီးတိန်က စာသင်ကျောင်းနဲ့ ဘုရားကျောင်းကိုဗုံးကြဲခဲ့တာလို့ သတင်းမှားဖြန့်
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၁ ရက်။
(Fact-check _DNA/ The Red Flag)
အနှစ်ချုပ်
“တီးတိန်မြို့နယ်၊ ထုတ်လိုင်CDFရွာမှာ ဗုံးကြဲသုတ်သင်ပြီ။ CDFသေဆုံးတိုပြတ် စာရင်းအတိအကျ ဖော်ထုတ်လိုက်ဦးမယ်။” ဆိုတဲ့အကြောင်းအရာသည် မှားယွင်းတင်ဆက်သည့် သတင်းမှားဖြစ်ပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို မနေ့က နိုဝင်ဘာလ၊ ၂၀ရက်က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – CDFတပ်ဖွဲ့ဝင်တွေ ရှိတာကြောင့် စစ်ကော်မရှင်တပ်တွေက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းမှားကို စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ နေပြည်တော်ချန်နယ်ကနေ နိုဝင်ဘာလ၊ ၂၀ရက်၊ မွန်းလွဲ ၂နာရီဝန်းကျင်မှာ “တီးတိန်မြို့နယ်၊ ထုတ်လိုင်CDFရွာမှာ ဗုံးကြဲသုတ်သင်ပြီ။ CDFသေဆုံးတိုပြတ် စာရင်းအတိအကျဖော်ထုတ်လိုက်ဦးမယ်။” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး တခြားဝါဒဖြန့်ချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
နေပြည်တော် –https://archive.ph/6nZZX
Snow Queen – https://t.me/snowqueen023/113742
Ye Yint Htet (#yyh) ️️- https://archive.ph/bdGBh
လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်
စစ်ကော်မရှင်ဝါဒဖြန့် “နေပြည်တော်” ဆိုတဲ့ချန်နယ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်က “ချင်းမြောက်ပိုင်းကလေး-သိုင်းငင်းကြားအဓိက သောင်းကျန်းနေတဲ့CDF-CDM SIYIN အုပ်စုစခန်းချရာ (ထုတ်လိုင်) အထကကျောင်းဆောင်တွေကို အခုထိငှက်ချေးမပါချတာအံ့ဩပါတယ်။ CDF လျန်းဘွိုင်းဆိုသူ ဦးဆောင်နေတာပါ။” (မူရင်းအတိုင်း) ရေးသားထားပြီး ထုတ်လိုင်အခြေခံပညာ အထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့ပြီးနောက် မနေ့က နိုဝင်ဘာလ၊ ၂၀ရက်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။
နေပြည်တော် – https://archive.ph/5xlI5
ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ထုတ်လိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်ပြီး တရက်အကြာ နိုဝင်ဘာလ၊ ၂၀ရက်၊ မနက် ၀၀:၂၁နာရီမှာပဲ တီးတိန်မြို့နဲ့ သိုင်းငင်းရွာအကြားမှာရှိတဲ့ ထုတ်လိုင်ကျေးရွာက အခြေခံပညာအထက်တန်းကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကို ခိုနူမ်းသုန်သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Khonumthung Burmese – https://www.facebook.com/share/p/1BUBgS2BkT/
ထုတ်လိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိတဲ့ ကျေးရွာအတွင်းက အခြေခံပညာ အထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအတွင်းမှာရှိတဲ့ ဘော်ဒါဆောင်ရဲ့ မိန်းခန်းမ၊ ရေချိုးဆောင်နဲ့ စားဖိုဆောင်တို့ ပျက်ဆီးသွားတဲ့အပြင် ထုတ်လိုင် AG ဘုရားရှိခိုးကျောင်း နှင့် AG Section ရုံး အဆောက်အဦးတို့လည်း ထိခိုက်သွားခဲ့တယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Chin Worldက သတင်းဖော်ပြထားပါတယ်။
Chin World – https://www.facebook.com/share/p/17iGqtF8ka/
လေကြောင်းတိုက်ခိုက်ခဲ့တဲ့အချိန်မှာ သိုင်းငင်းရွာအနီးမှာရှိတဲ့ ဆွလိမ်ရွာနဲ့ ဘဲ့ကန့်ရွာကြားမှာ စစ်ကော်မရှင်တပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး အဲ့ဒီအချိန်မှာပဲ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ ထုတ်လိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချင်းပြည်အခြေစိုက် Zalen သတင်းဌာနက သတင်းရေးသားထားပါတယ်။
Zalen – https://www.facebook.com/share/p/17Rxpzj6bh/
သုံးသပ်ချက်
တီးတိန်မြို့နယ်၊ ကနေဒီတောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၁၈ရက်က PDF Zoland တပ်ဖွဲ့ကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်လာတာကိုတွေ့ရတာပါ။
ကနေဒီတောင်ကို PDF Zolan ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့သတင်း – https://www.facebook.com/share/p/1Cf1XadC9G/
အဲ့ဒီလိုလေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်ထားတဲ့ ထုတ်လိုင်ကျေးရွာရဲ့ အထက်တန်းကျောင်းမှာ ချင်းပြည်တော်လှန်ရေးတပ်တွေ တပ်စွဲနေထိုင်နေတယ်ဆိုတဲ့ အကြောင်းရာကို သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာလည်း ရေးသားဖော်ပြထားတာမျိုး မတွေ့ရသလို၊ လေကြောင်းတိုက်ခိုက်တဲ့အချိန်မှာလည်း လူထိခိုက်တာမျိုးမရှိဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ထုတ်လိုင်ကျေးရွာကို CDFကျေးရွာလို့ ပုံဖော်ရေးသားနေသလို ဒေသတွင်းအထက်တန်းကျောင်းကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့ပြီး “CDF ကျေးရွာကိုဗုံးကြဲသုတ်သင်” လို့ရေးသားဖော်ပြနေတာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ ဝါဒဖြန့်သတင်းမှားတခုဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #ထုတ်လိုင်ကျေးရွာ #ချင်းပြည်နယ် #လေကြောင်းတိုက်ခိုက် #လေကြောင်းတိုက်ခိုက်ရန်လှုံ့ဆော် #သတင်းမှားဝါဒဖြန့်







