CDFတပ်ဖွဲ့တွေရှိတာကြောင့် တီးတိန်က စာသင်ကျောင်းနဲ့ ဘုရားကျောင်းကိုဗုံးကြဲခဲ့တာလို့ သတင်းမှားဖြန့် 
Share:FacebookX

CDFတပ်ဖွဲ့တွေရှိတာကြောင့် တီးတိန်က စာသင်ကျောင်းနဲ့ ဘုရားကျောင်းကိုဗုံးကြဲခဲ့တာလို့ သတင်းမှားဖြန့် 

CDFတပ်ဖွဲ့တွေရှိတာကြောင့် တီးတိန်က စာသင်ကျောင်းနဲ့ ဘုရားကျောင်းကိုဗုံးကြဲခဲ့တာလို့ သတင်းမှားဖြန့် 

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၁ ရက်။

(Fact-check _DNA/ The Red Flag) 

အနှစ်ချုပ် 

“တီးတိန်မြို့နယ်၊ ထုတ်လိုင်CDFရွာမှာ ဗုံးကြဲသုတ်သင်ပြီ။ CDFသေဆုံးတိုပြတ် စာရင်းအတိအကျ ဖော်ထုတ်လိုက်ဦးမယ်။” ဆိုတဲ့အကြောင်းအရာသည် မှားယွင်းတင်ဆက်သည့် သတင်းမှားဖြစ်ပါတယ်။ 

ချင်းပြည်နယ်၊ တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို မနေ့က နိုဝင်ဘာလ၊ ၂၀ရက်က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – CDFတပ်ဖွဲ့ဝင်တွေ ရှိတာကြောင့် စစ်ကော်မရှင်တပ်တွေက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။

အဲ့ဒီသတင်းမှားကို စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ နေပြည်တော်ချန်နယ်ကနေ နိုဝင်ဘာလ၊ ၂၀ရက်၊ မွန်းလွဲ ၂နာရီဝန်းကျင်မှာ  “တီးတိန်မြို့နယ်၊ ထုတ်လိုင်CDFရွာမှာ ဗုံးကြဲသုတ်သင်ပြီ။ CDFသေဆုံးတိုပြတ် စာရင်းအတိအကျဖော်ထုတ်လိုက်ဦးမယ်။” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး တခြားဝါဒဖြန့်ချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

နေပြည်တော် –https://archive.ph/6nZZX 

Snow Queen – https://t.me/snowqueen023/113742 

Ye Yint Htet (#yyh) ️️- https://archive.ph/bdGBh 

လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော် 

စစ်ကော်မရှင်ဝါဒဖြန့် “နေပြည်တော်” ဆိုတဲ့ချန်နယ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်က “ချင်းမြောက်ပိုင်းကလေး-သိုင်းငင်းကြားအဓိက သောင်းကျန်းနေတဲ့CDF-CDM SIYIN အုပ်စုစခန်းချရာ (ထုတ်လိုင်) အထကကျောင်းဆောင်တွေကို အခုထိငှက်ချေးမပါချတာအံ့ဩပါတယ်။ CDF လျန်းဘွိုင်းဆိုသူ ဦးဆောင်နေတာပါ။” (မူရင်းအတိုင်း) ရေးသားထားပြီး ထုတ်လိုင်အခြေခံပညာ အထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့ပြီးနောက် မနေ့က နိုဝင်ဘာလ၊ ၂၀ရက်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

နေပြည်တော် – https://archive.ph/5xlI5 

ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ထုတ်လိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်ပြီး တရက်အကြာ နိုဝင်ဘာလ၊ ၂၀ရက်၊ မနက် ၀၀:၂၁နာရီမှာပဲ တီးတိန်မြို့နဲ့ သိုင်းငင်းရွာအကြားမှာရှိတဲ့ ထုတ်လိုင်ကျေးရွာက အခြေခံပညာအထက်တန်းကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကို ခိုနူမ်းသုန်သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

Khonumthung Burmese – https://www.facebook.com/share/p/1BUBgS2BkT/ 

ထုတ်လိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိတဲ့ ကျေးရွာအတွင်းက အခြေခံပညာ အထက်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအတွင်းမှာရှိတဲ့ ဘော်ဒါဆောင်ရဲ့ မိန်းခန်းမ၊ ရေချိုးဆောင်နဲ့ စားဖိုဆောင်တို့ ပျက်ဆီးသွားတဲ့အပြင် ထုတ်လိုင် AG ဘုရားရှိခိုးကျောင်း နှင့် AG Section ရုံး အဆောက်အဦးတို့လည်း ထိခိုက်သွားခဲ့တယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Chin Worldက သတင်းဖော်ပြထားပါတယ်။

Chin World – https://www.facebook.com/share/p/17iGqtF8ka/ 

လေကြောင်းတိုက်ခိုက်ခဲ့တဲ့အချိန်မှာ သိုင်းငင်းရွာအနီးမှာရှိတဲ့ ဆွလိမ်ရွာနဲ့ ဘဲ့ကန့်ရွာကြားမှာ စစ်ကော်မရှင်တပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေခဲ့ပြီး အဲ့ဒီအချိန်မှာပဲ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ ထုတ်လိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချင်းပြည်အခြေစိုက်  Zalen သတင်းဌာနက သတင်းရေးသားထားပါတယ်။

Zalen – https://www.facebook.com/share/p/17Rxpzj6bh/ 

သုံးသပ်ချက်

တီးတိန်မြို့နယ်၊ ကနေဒီတောင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၁၈ရက်က PDF Zoland တပ်ဖွဲ့ကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်လာတာကိုတွေ့ရတာပါ။

ကနေဒီတောင်ကို PDF Zolan ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့သတင်း – https://www.facebook.com/share/p/1Cf1XadC9G/

အဲ့ဒီလိုလေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်ထားတဲ့ ထုတ်လိုင်ကျေးရွာရဲ့ အထက်တန်းကျောင်းမှာ ချင်းပြည်တော်လှန်ရေးတပ်တွေ တပ်စွဲနေထိုင်နေတယ်ဆိုတဲ့ အကြောင်းရာကို သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာလည်း ရေးသားဖော်ပြထားတာမျိုး မတွေ့ရသလို၊ လေကြောင်းတိုက်ခိုက်တဲ့အချိန်မှာလည်း လူထိခိုက်တာမျိုးမရှိဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ထုတ်လိုင်ကျေးရွာကို CDFကျေးရွာလို့ ပုံဖော်ရေးသားနေသလို ဒေသတွင်းအထက်တန်းကျောင်းကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့ပြီး “CDF ကျေးရွာကိုဗုံးကြဲသုတ်သင်” လို့ရေးသားဖော်ပြနေတာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ ဝါဒဖြန့်သတင်းမှားတခုဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#DNAFactCheck #DNA #MFCN #FactCheck #ထုတ်လိုင်ကျေးရွာ #ချင်းပြည်နယ် #လေကြောင်းတိုက်ခိုက် #လေကြောင်းတိုက်ခိုက်ရန်လှုံ့ဆော်  #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .