ဖားကန့်မှာ စစ်တပ်က လူနေရပ်ကွက်ထဲ လက်နက်ကြီးပစ်ပြီး KIA ကျူးလွန်ဆိုသည့် သတင်းမှား
Share:FacebookX

ဖားကန့်မှာ စစ်တပ်က လူနေရပ်ကွက်ထဲ လက်နက်ကြီးပစ်ပြီး KIA ကျူးလွန်ဆိုသည့် သတင်းမှား

ဖားကန့်မှာ စစ်တပ်က လူနေရပ်ကွက်ထဲ လက်နက်ကြီးပစ်ပြီး KIA ကျူးလွန်ဆိုသည့် သတင်းမှား

 

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ရက်။

(Fact-check _DNA/ The Red Flag) 

 

အနှစ်ချုပ် 

“ဖားကန့် ဆိပ်မူရပ်ကွက်(၁) နဲ့  ရပ်ကွက်(၃)တို့ကို KIA အဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့” ဆိုတဲ့အကြောင်းရာမှာ လိမ်လည်လှည့်ဖျားရေးသားထားတဲ့ သတင်းမှားဖြစ်ပါတယ်။

 

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဆိပ်မူရပ်ကွက်(၁)နဲ့ ရပ်ကွက်(၃)ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ကနေ မနေ့က နိုဝင်ဘာလ၊ ၂၀ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တဦးသေဆုံးပြီး ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ 

 

အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ “သားကောင်းဇာနည်ဘွားများ🇲🇲 & D.I Thameedaw 🇲🇲” ချန်နယ်ကနေ ဒီကနေ့ ညနေမှာပဲ “KIA အကြမ်းဖက်မှ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး အခြားဝါဒဖြန့်ချန်နယ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

သားကောင်းဇာနည်ဘွားများ🇲🇲 & D.I Thameedaw 🇲🇲 – https://archive.ph/qzWoJ 

BMT – https://archive.ph/D5l9p 

Snow Queen – https://archive.ph/pGshn 

 

ပျံ့နှံ့လာတဲ့ အဲ့ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Checkကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကော်မရှင်တပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုတာကို တွေ့ရပြီးသတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက်

ကချင်ပြည်နယ် ဖားကန့်မြို့ကို မနေ့က ည၁၁နာရီဝန်းကျင်မှာ ဖားကန့်ဗျူဟာကုန်းနဲ့ မရှီထောင်ရပ်ကွက်မှာရှိတဲ့ ရခိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကနေ ဆိပ်မူကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ကြောင်းကို DVB-TV News ကနေ သတင်းရေးသားထားပါတယ်။

DVB TV News – https://www.facebook.com/share/p/15qxqgrMYn/ 

 

အဲ့ဒီလိုလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ၂နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ People’s Spring သတင်းဌာနကလည်း သတင်းရေးသားထားပါတယ်။

People’s Spring – https://www.facebook.com/share/p/1AM3YpLfpy/ 

 

စစ်ကော်မရှင်တပ်တွေပစ်ခတ်ခဲ့တဲ့ အဲ့လက်နက်ကြီးတွေက ဆိပ်မူရပ်ကွက် (၁)၊ ဆိပ်မူရပ်ကွက် (၃)နဲ့ စန်းသီတာကုန်းတို့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၂နှစ်အရွယ်ကလေးတဦးသေဆုံးခဲ့ပြီး ၇ဦးအထိထိုက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့The Irrawaddy – Burmese Edition ကနေ သတင်းရေးသားဖော်ပြထားပါတယ်။

The Irrawaddy – Burmese Edition – https://www.facebook.com/share/p/1J1SFMxk5B/ 

 

သုံးသပ်ချက်

 

စစ်ကော်မရှင်တပ်တွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကိုတွေ့ရပြီး အရပ်သားထိခိုက်သေဆုံးမှုကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကျူးလွန်တာလို့ ဝါဒဖြန့်ရေးသားဖြန့်ဝေနေတာကိုတွေ့ရပါတယ်။

 

ဒါကြောင့် စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ “KIA အကြမ််းဖက်နဲ့ အပေါင်းအပါ PDF တွေကစစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်များကို အခုလို ပစ်ခတ်လေ့ရှိကြောင်းသိရပါတယ်။” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေနေတဲ့ အကြောင်းရာက လိမ်လည်လှည့်ဖျားရေးသားထားတဲ့ သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #စစ်တပ် #လက်နက်ကြီးပစ်ခတ်တိုက်ခိုက် #အရပ်သားထိခိုက်သေဆုံး #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .