မြန်မာနိုင်ငံတွင် ဆူနာမီဖြစ်လာနိုင်ဆိုပြီး သတင်းမှားဖြန့် 
Share:FacebookX

မြန်မာနိုင်ငံတွင် ဆူနာမီဖြစ်လာနိုင်ဆိုပြီး သတင်းမှားဖြန့် 

မြန်မာနိုင်ငံတွင် ဆူနာမီဖြစ်လာနိုင်ဆိုပြီး သတင်းမှားဖြန့် 

15 Nov 2025

MFCN/Akyab Post/ The Red Flag

Fact-check

အခုရက်ပိုင်းဖေ့စဘုတ်စာမျက်နှာမှာ ပြင်းအား ရစ်(ခ်)တာစကေး ၅.၇ ငလျင် လှုပ်ခတ်မှုအပြီးမှာ မြန်မာနိုင်ငံမှာ ဆူနာမီဖြစ်ပေါ်မယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ပျံ့နှံ့လျက်ရှိပါတယ်။​

Kelvin Albert Power ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ နိုဝင်ဘာလ ၉ ရက်နေ့မှာ “မြန်မာနိုင်ငံ ငလျင်၊ဆူနာမီ အ​ရေးပေါ်အထူးသတိပေးခြင်း။ဒီနေ့ Nov 9, 1:08 PM မှာ မြန်မာနိုင်ငံအနီး ကပ္ပလီပင်လယ်ပြင်ထဲမှာပြင်းအား(5.8)နဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ (5.8)လောက်နဲ့တော့ ဆူနာမီမဖြစ်နိုင်ပေမယ့်၊ အဲဒီနေရာမှာ ဒီထက်အင်အားကောင်းတဲ့ ငလျင်ကြီးတစ်ခု ထပ်ဖြစ်လာခဲ့မယ်ဆိုရင် ဆူနာမီအန္တရာယ်စိုးရိမ်ရပါတယ်။ အခုလှုပ်သွားတဲ့ နေရာဟာ မြန်မာပြည်အတွက်အလွန်အန္တရာယ်ရှိတဲ့နေရာဖြစ်နေပါတယ်။ ဒါကြောင့် လာမယ့် ရက်ပိုင်းတွေမှာလည်း အားလုံး သတိထားပြီးနေထိုင်ကြပါ။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/tCFx0  

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ reation ပြုလုပ်သူ ၉.၇ k ထိရှိပြီးတော့ comment ပေးသူ ၁၆ ဦးနဲ့ shares ပြုလုပ်သူ ၁.၇ k ထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဖြန့်ချိထားတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ Kelvin Albert Power ဖေ့ဘွတ်ခ်အကောင့်ရဲ့ ဖြန့်ဝေမှုဟာ စာဖတ်သူတွေကို နားလည်မှုလွဲမှားအောင်နဲ့ ကြောက်လန့် စေဖို့အတွက် ရည်ရွယ်ပြီး ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

▪️သတင်းစိစစ်ချက်

ဖြန့်ချိထားတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ “မြန်မာနိုင်ငံဆူနာမီ” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေ၊ စစ်ကောင်စီရဲ့ မိုးဇလထုတ်ပြန်ချက်တွေမှာ ဆူနာမီနဲ့ ပတ်သက်လို့ တစုံတရာ အသိပေးထုတ်ပြန်ထားတာမရှိပါဘူး​။ 

ဆူနာမီလှုပ်ခတ်ဖို့ ဘာတွေလိုအပ်လည်းဆိုတဲ့ Keywords နဲ့ ရှာကြည့်တဲ့အခါမှာလည်း အခြေခံအားဖြင့် ပြင်းအား မဂ္ဂနီကျူ့ ၇ဒဿမ ၅ နဲ့အထက်အပြင် လှုပ်ခတ်တဲ့ အတိမ်အနက်နဲ့ လှုပ်ခတ်ပုံ ပေါ်မူတည်နေတယ်လို့ ဆူနာမီနဲ့ပတ်သက်ပြီး လေ့လာပြီးမှတ်တမ်းတင် ထားတဲ့ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတွေနဲ့ ဝဘ်ဆိုက်တွေမှာ ဖော်ပြထားပါတယ်။

✅ ဆူနာမီဖြစ်ပေါ်ဖို့ ဘာတွေလိုအပ်လဲ 

(၁) ဆူနာမီ လှိုင်းတွေဟာ ငလျင်ပြင်းအား ပေါ်မူတည်ပြီး ဖြစ်ပေါ်တတ်ပါတယ်။ မဂ္ဂနီကျူ့ ၆ ဒဿမ ၅ အောက်လှုပ်ခတ်ခဲ့ရင် ဆူနာမီလှိုင်း ဖြစ်ပေါ်ဖို့အတွက် အခွင့်အလမ်းနည်းပါးပါတယ်။ 

(၂) ပြင်းအား မဂ္ဂနီကျူ့ ၇ဒသမ ၅နဲ့ ၈ ကြားမှာ အချို့နေရာတွေမှာ ဆူနာမီဖြစ်ပေါ်နိုင်ဖွယ်ရှိပြီးတော့ ပြင်းအား မဂ္ဂနီကျု့ ၈ နဲ့ အထက်လှုပ်ခတ်ခဲ့ရင်တော့ ဆူနာမီဖြစ်ပေါ်စေနိုင်ပါတယ်။ 

(၃) ဒါ့အပြင် ငလျင်လှုပ်ခတ်မှုဟာ ဒေါင်လိုက်လှုပ်ခတ်ပြီး  ငလျင် အနက်ဟာ ပင်လယ်အောက် ၅၀ ကီလိုမီတာအောက်မှာ ဗဟိုချက်တည်ပြီးလှုပ်ခတ်မှပဲ ဆူနာမီလှိုင်းတွေဖြစ်ပေါ်နိုင်တယ်ဆိုတာကို  အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲရေးဌာန (National Oceanic and Atmospheric Administration U.S. Department of Commerce) ရဲ့ ဝဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ 

🔗 အသေးစိတ်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ >>> https://bit.ly/3XoRb5V 

ယခင်ကလည်း MFCN ကနေ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးဝင်းနိုင်ကို မေးမြန်းကြည့်တဲ့အခါမှာ “ဆူနာမီမလာခင် ငလျင်လှုပ်ရပါမယ်။ အဲ့ဒီငလျင်က ပြင်းအား 7 M အထက်၊ အထက်အောက်ရွေ့လျားမှုနဲ့ လှုပ်တာဖြစ်ရပါမယ်၊ အခုခေတ်မှာ တိကျတဲ့ ဆူနာမီ warning တွေ ထုတ်ပြန်ပေးနေပါပြီ။” လို့ သူကဖြေပြောပါတယ်။

ဘေးတိုက်အနေအထားနဲ့ငလျင်လှုပ်တာက ဆူနာမီဖြစ်ပေါ်စေဖို့အတွက်သက်ရောက်မှုမရှိသလို၊ အက်ဒမန်ပင်လယ်မှာရှိနေတဲ့ မီးတောင် ပေါက်ကွဲ၊မကွဲကလည်း ကြိုတင်ခန့်မှန်းလို့ရတဲ့ အရာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဆူနာမီနဲ့ ပတ်သက်လို့ MFCN ကနေ  “ကပ္ပလီပင်လယ်အတွင်းမှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတာကြောင့် ဆူနာမီဖြစ်လာနိုင်လားနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ဆွေးနွေးမှု” ဆိုတဲ့ အသိပညာပေး ဗီဒီယိုမှာလည်း ဆူနာမီအကြောင်း အသေးစိတ်ကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။  

🔗 MFCN – https://www.facebook.com/share/v/1EkkREr5eR/ 

▪️သုံးသပ်ချက် 

လက်ရှိကပ္ပလီပင်လယ်ပြင်မှာ နိုဝင်ဘာ ၉ ရက်နေ့ ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်(ခ်)တာစကေး ၅.၇ ငလျင်နဲဲ့ပတ်သက်ပီး မြန်မာနိုင်ငံမှာ ဆူနာမီဖြစ်ပေါ်မယ်ဆိုပြီး  Kelvin Albert Power ဖေ့ဘွတ်ခ်အကောင့်ရဲ့ ဖြန့်ဝေမှုဟာ စာဖတ်သူတွေကို နားလည်မှုလွဲမှားအောင်နဲ့ ကြောက်လန့် စေ ဖို့အတွက် ရည်ရွယ်ပြီး ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

Kelvin Albert Power ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့် ဟာ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်အပြီးမှာ မြေငလျင်နဲ့ပတ်သက်ပြီး အချက်အလက်အမှားတွေ၊ သတင်းအမှားတွေကို ဖြန့်ဝေ နေတဲ့အကောင့်ဖြစ်ပြီး အဲ့ဒီအကောင့်က ဖြန့်ဝေခဲ့တဲ့ သတင်းအမှားနဲ့ပတ်သက်ပြီး အချက်အလက် စစ်ဆေးခဲ့ဖူးပါတယ်။ 

✅ အချက်အလက်စစ်ဆေးခဲ့တဲ့သတင်းအမှားလင့်ခ် >>> https://bit.ly/489wiBU 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်ဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .