အေအေက ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဘိန်းကျွေးပြီး စစ်တိုက်ခိုင်းဆိုကာ သတင်းမှားဖြန့်  
Share:FacebookX

အေအေက ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဘိန်းကျွေးပြီး စစ်တိုက်ခိုင်းဆိုကာ သတင်းမှားဖြန့်  

◾️အေအေက ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဘိန်းကျွေးပြီး စစ်တိုက်ခိုင်းဆိုကာ သတင်းမှားဖြန့်  

Fact-check_ Akyab Post/ The Red Flag/ MFCN 

13 Nov 2025

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော်အေအေကနေ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးတွေ ကျွေးပြီးတော့ စစ်တိုက်ခိုင်းတယ်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”ချန်နယ်ကနေ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ “ရခိုင်စစ်သွေးကြွ မူးယစ်ဂိုဏ်း AA အဖွဲ့ကခေါင်းဆောင််တွေက ချင်း PDF တွေကို မူးယစ်ဆေးကျွေးပြီး အသေခံစစ်တိုက်ခိုင်းနေလိုဆိုပြီး ချင်းပဒပ်တွေနဲ့ AA မူးယစ်ဂိုဏ်အဖွဲ့ပြဿနာတက်နေကြတယ်… AA အဖွဲ့ကကောင်တွေ ဘယ်လောက်ထိ ယုတ်မာသလဲဆိုတော့ ရိက္ခာမပို့တော့ဘဲ မူးယစ်ဆေးဘဲပို့နေကြတာ…ပြောရမယ်ဆိုရင် ချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မူးယစ်ရဲ့ ကျေးကျွန်ဖြစ်အောင်လုပ်နေလို ချင်းမျိုးပြုတ်အောင် လုပ်နေတာ..” (မူရင်းအရေးအသား) ဆိုပြီးတော့ ဖြန့်ဝေထားပါတယ်။ Akyab Post ကနေ စစ်ဆေးထားတဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃၄.၅ K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၈၁၀ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

📌 မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/HfaeU 

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ တိကျမှန်ကန်မှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ရဲ့ fact check team ကနေ google advanced search tools သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

Google မှာ အာရက္ခတပ်တော် ချင်းတော်လှန်ရေးတပ်ဖွဲ့ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့ အခါမှာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ချင်းဒေသအခြေစိုက် သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Khonumthung ကနေ “ULA/AA နဲ့ ချင်းညီနောင်တို့ စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးမဟာမိတ်အထိ ပူးပေါင်းနိုင်ရေး ဆွေးနွေးခဲ့ဟု ဆို” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။ 

Khonumthung သတင်းဌာနရဲ့ ရေးသားချက်တွေအရ “ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ULA/ AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ချင်းညီနောင် (CB) အဖွဲ့‌တို့ တွေ့ဆုံပြီး စစ်ရေး မဟာ မိတ်အပြင် နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့သည်” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Khonumthung သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://tinyurl.com/3ex4k36z 

ဒါ့အပြင် အခြားရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနမှာလည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှာ “အာရက္ခတပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ချင်းညီနောင်(CB) ခေါင်းဆောင်တို့တွေ့ဆုံစဉ် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အဓိကထားဆွေးနွေးခဲ့ကြပြီး ထိုအထဲတွင် အကြမ်းဖက် မြန်မာစစ်တပ်၏ ထိုးစစ်ကိုပူးပေါင်းတန်ပြန်တိုက်ခိုက်ရေး ကိစ္စအပေါ် အလေးထား ဆွေးနွေးခဲ့ကြသည်” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Narinjara သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://tinyurl.com/3w9xajmt

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာ အာရက္ခတပ်တော်အေအေနဲ့ ချင်းညီနောင်တို့ စစ်ရေးအရပူးပေါင်းတွေ့ဆုံပြီး မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကို ပူးပေါင်းတန်ပြန် တိုက်ခိုက်ဖို့ ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ 

အာရက္ခတပ်တော်ဖက်ကနေ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကို ဘိန်းနဲ့မူးယစ်ဆေးတွေ ကျွေးပြီး စစ်တိုက်ခိုင်းတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ဆက်စပ်လို့ သတင်းတုသတင်းမှားပျံ့နေတာနဲ့ ပတ်သက်လို့ သတင်းတုသတင်းမှားစစ်ဆေးတဲ့ Boom Myanmar အဖွဲ့ကနေလည်း နိုဝင်ဘာလ ၁၀ ရက်နေ့မှာ “AA က ချင်း PDF တွေကို မူးယစ်ဆေးကြွေးပြီး အသေခံ တိုက်ခိုင်းနေတယ်ဆိုတဲ့ သတင်းအတု” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Boom Myanmar – https://tinyurl.com/2nfweef3

▪️ သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ အာရက္ခတပ်တော်အေအေနဲ့ ချင်းညီနောင်တော်လှန်ရေးအဖွဲ့တို့ စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ တွေ့ဆုံမှုအပြီးမှာ စစ်ကောင်စီချန်နယ်တွေကနေ အေအေကနေ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကို မူးယစ်ဆေးကျွေးပြီးတော့ စစ်တိုက်ခိုင်းနေဆိုပြီးတော့ သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ရခိုင်ဒေသတွင်းမှာ အာရက္ခတပ်တော်ဆီ စစ်ရေးအရရှုံးနိမ့်မှုကြောင့်  လူမျိုးရေး  ဘာသာရေးအရ သွေးခွဲ ဝါဒဖြန့်မှုတွေကို မကြာခဏ လုပ်ဆောင်လေ့ ရှိပါတယ်။ 

ဒါ့အပြင် အေအေနဲ့ ပူးပေါင်းပြီးတော့ လက်တွဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း ဆန္ဒအလျှောက်သာ ပူးပေါင်းကြတာ ဖြစ်ပြီး မူးယစ်ဆေးဝါးကြွေးကာ အသေခံ တိုက်ခိုင်းချင်းမျိုး မရှိပါဘူး။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ တော်လှန်ရေးကို ထိခိုက်အောင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားတွေကို ဖြန့်ခဲ့ကြပါတယ်။ 

✅ မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –

https://bitly.cx/ABDKH 

https://bitly.cx/RXh5S 

https://bitly.cx/j3eF0 

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .