လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ ပြည်သူများကို အေအေတပ်သားများအဖြစ် ပုံဖော်ရေးသားထားသည့် သတင်းမှား
Share:FacebookX

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ ပြည်သူများကို အေအေတပ်သားများအဖြစ် ပုံဖော်ရေးသားထားသည့် သတင်းမှား

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ ပြည်သူများကို အေအေတပ်သားများအဖြစ် ပုံဖော်ရေးသားထားသည့် သတင်းမှား

၂၀၂၅ နိုဝင်ဘာ ၁၁

Fact-check_ MFCN/ Akyab Post/ The Red Flag

ယခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ အရပ်သားပြည်သူတွေကို အာရက္ခတပ်တော်အေအေရဲ့ တပ်သားတွေဆိုပြီးတော့ ပုံဖော်ရေးသားထားပြီးတော့ သတင်းမှားဖြန့်ထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ နေပြည်တော်ကနေ နိုဝင်ဘာ ၇ ရက်နေ့မှာ “ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုပ်AAစခန်းအားပေါင်၅၀၀ဗုံးကြဲ၊AA၂၀ကျော်ပွဲချင်းပီးသေဆုံး၊တိုပြတ် ဒဏ်ရာရ များပြား ယနေ့နိုဝင်ဘာ၇ရက်နေ့၊ နံနက်၁၁နာရီ အချိန် ထွန်းမရတ်နိုင်မွေးနေ့အမှတ်တရနေ့အတွက် ယိုးတရုပ် AAစခန်းအား ဗုံးကြဲတိုက်ခိုက်သုတ်သင်ရှင်းလင်းခဲ့​ဟု ဆိုကြသည်။ “AAသေဆုံး၁၁ယောက်လောက် ရှိတယ်။ တိုပြတ်တွေ အတိအကျ မသိရသေးပါဘူး” အောက်တိုဘာ၃၀နှင့် ၃၁ ရက်နေ့ ပုဏ္ဏားကျွန်းမြို့နှင့် ပုဏ္ဏားကျွန်း ပန်းနီလာကျေးရွာ AAစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၅)ဦး သေပြီး(၁၀)ဦး တိုပြတ်ဆန့်ငင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။” (မူရင်းအရေးအသား) လို့ ရေးသားဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၆၆၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၉၄ ဦး comment ပေးသူ ၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။​

သတင်းမှားလင့်ခ် – https://archive.ph/HPvSy 

ဒီပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ  အေအေတပ်သားတွေမဟုတ်ဘဲ သေဆုံးသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးတွေ အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့ အရပ်သားပြည်သူတွေပါဝင်နေတာကို တွေ့ရပါတယ်။ 

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ Google Advanced Search tools အပါအဝင် reversed image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ ယိုးတရုပ်ဆိုတဲ့ Keywords နဲ့​ ရိုက်ပြီးရှာကြည့်လိုက်တဲ့အခါ ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ Narinjara ကနေ နိုဝင်ဘာလ ၇ ရက်နေ့မှာ “ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာကို  ဗုံးကြဲ၍ သေဆုံးခဲ့ရသူ ၅ ဦးထဲတွင် အသက် ၁၄ နှစ်အောက် ကလေးနှစ်ဦးပါဝင်ပြီး  ထိခိုက်ဒဏ်ရာသူများအထဲတွင်လည်း ကလေးနှစ်ဦးပါဝင်” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။ 

Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ စစ်ကော်မရှင်ကနေ နိုဝင်ဘာလ ၇ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၅ ဦးထိရှိပြီးတော့ သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၂ ဦးထိပါဝင်ပြီးတော့ နောက်ထပ်သေဆုံးသူ ၃ ဦးမှာလည်း ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ရှောင် နေကြသူတွေဖြစ်ကြပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ဦးနဲ့ အသက်ကြီးပိုင်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ 

Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံ – https://burmese.narinjara.com/news/detail/690dec2e7ba2ae896920d27d 

ဒါ့အပြင် မြန်မာပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေလည်း နိုဝင်ဘာလ ၇ ရက်နေ့မှာ “ပုဏ္ဏားကျွန်းကို စစ်တပ်က ဗုံးကြဲ၊ ဒေသခံ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

DVB ရဲ့ သတင်းရေးသားချက်မှာလည်း “ရခိုင်‌ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ ၅ ယောက်သေဆုံးပြီး ၉ ယောက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်တပ်က ဒီကနေ့ မနက်က ယိုးတရုပ်ကျေးရွာကို ဗုံး ၂ လုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၄ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။ 

DVB ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/17hmkpTsi5/ 

ဒါ့အပြင် မြန်မာပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now ကနေလည်း နိုဝင်ဘာလ ၇ ရက်နေ့မှာ “ပုဏ္ဏားကျွန်းတွင် စစ်လေယာဉ် ဗုံးကြဲ၍ ဒေသခံ ၅ ဦးသေပြီး ၈ ဦးဒဏ်ရာရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

Myanmar Now – https://myanmar-now.org/mm/news/69044/ 

နောက်ထပ် နိုင်ငံတကာသတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ BBC Burmese ကနေလည်း “အာရက္ခတပ်တော် (အေအေ) သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုပ်၊ ကွမ်းတောင် နဲ့ အောင်ဖြူပင်ရွာတို့ကို စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ ဆီက သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။ 

BBC Burmese – https://www.facebook.com/share/p/1Zb3WqR49y/ 

▪️သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အရပ်သားပြည်သူတွေသာဖြစ်ပြီးတော့  အာရက္ခတပ်တော်အေအေရဲ့ တပ်သားတွေမဟုတ်ကြပါဘူး။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကြတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

https://bitly.cx/ahf2

https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .