ရုပ်ရှင်သရုပ်ဆောင် နေတိုးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ စိတ်ဆိုးပြီး အသိပေးဆိုကာ သတင်းမှားဖြန့်ဝေ
Fact-check_ Akyab Post/ The Red Flag/ MFCN
30 Oct 2025
အခုရက်ပိုင်း ဖေ့စဘုတ်လူမှုကွန်ရက်မှာ ရုပ်ရှင်သရုပ်ဆောင်နေတိုးကို အာရက္ခတပ်တော်ရဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကနေ စိတ်ဆိုးပြီး မီဒီယာကနေ အသိပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာမှာ “Jay Videos” ဆိုတဲ့ page ကနေ အောက်တိုဘာလ ၂၇ ရက်နေ့မှာ “သတင်းဌာန၏ (October 27, 2025) မနက် ၉နာရီ၊ အထူးသတင်း” ဆိုတဲ့ caption နဲ့ ဖြန့်ခဲ့တာ ဖြစ်ပြီးတော့ ဖြန့်ချိထားတဲ့ ဗီဒီယိုထဲမှာ “ရုပ်ရှင်သရုပ်ဆောင် နေတိုးက အာရက္ခတပ်တော် အေအေကို လှောင်ပြောင်တာကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကနေ စိတ်ဆိုးပြီး ဧရာဝတီနဲ့ အငိတာဗျုးမှာ သတိပေးမှုများစွာကို ပြုလုပ်ခဲ့တယ်။ နေတိုးအနေနဲ့ အမှားကိုပြင်ဆင်ပါ။ ဒီလိုမှမဟုတ်ရင် ဆက်လုပ်သင့်တာ လုပ်ရလိမ့်မယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အထူးတလည် သတိပေးလိုက်တာဖြစ်တယ်။ နေတိုးရဲ့ အိမ်ဖောက်ခွဲခံရပြီး နေတိုးလည်း ဒဏ်ရာရရှိသွားတယ်လို့ သတင်းကြားသိရတယ်” လို့ ပြောဆိုထားပါတယ်။
📌 “Jay Videos” ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/DHUDG
Jay Videos” page ကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို စတင်ဖြန့်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၃၀ ရက်နေ့အထိ reaction ပြုလုပ်သူ ၉.၇k ထိရှိပြီးတော့ comment ပေးသူ ၂၃၉ ဦးနဲ့ share ပြုလုပ်သူ ၄၉၂ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဖြန့်ချိထားတဲ့ အကြောင်းအရာကို Myanmar Fact-checking Netowrk အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မှန်ကုန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ page ဟာ လုပ်ကြံရေးသားထားတဲ့သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူများအောင် Click Bit page တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
ဖေ့စဘုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “နေတိုး” ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့ အခါမှာ The Irrawaddy သတင်းဌာနကနေ အောက်တိုဘာလ ၂၆ ရက်နေ့မှာ “နာမည်ကျော် သရုပ်ဆောင်တို့ စစ်တပ်ရွေးကောက်ပွဲ ဇာတ်လမ်းတို ရိုက်ကူးမှု ဝေဖန်ခံရ” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။
The Irrawaddy သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရိုက်ကူးထားသည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းသူများ” အမည်ရ ဇာတ်လမ်းတိုတွင် သရုပ်ဆောင်ထားကြသော နေတိုး အပါအဝင် နာမည်ကျော်သရုပ်ဆောင်များမှာ ပြည်သူများ၏ ဝေဖန်မှုများခံနေရကြောင်း သိရသည်။” လို့ ဖော်ပြထားပါတယ်။
🔗 The Irrawaddy – https://www.facebook.com/share/p/1JD9xZrLKN/
ဒါ့အပြင် The Irrawaddy သတင်းဌာနနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးမှာလည်း နေတိုးကို အသိပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးဟာ ၂၀၂၅ စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်တာကို တွေ့ရပါတယ်။
🔗 ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူး – https://www.youtube.com/watch?v=sACECXwxutA&t=14s
အခြား ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဆိုရှယ်မီဒီယာအကောက်တစ်ခုဖြစ်နတဲ့ X မှာလည်း နေတိုးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားတာ မရှိပါဘူး။
ဒါ့အပြင် နေတိုးအိမ်ကို ဖောက်ခွဲခံရဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာလည်း မြန်မာပြည်တွင်း သတင်းဌာနတွေနဲ့ ပြည်ပသတင်းဌာနတွေမှာပါ ဒီအကြောင်းအရာကို မတွေ့ရှိရပါဘူး။
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေ၊ မြန်မာပြည်တွင်း သတင်းမီဒီယာတွေနဲ့ အာရှ၊ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ X အကောက်က ရေးသားချက်တွေမှာလည်း ရုပ်ရှင်သရုပ်ဆောင် နေတိုးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စိတ်ဆိုးပြီး အသိပေးတယ်ဆိုတဲ့ အကြောင်းအရာကို ရေးသားထားတာ မတွေ့ရှိရပါဘူး။
“Jay Videos” ဆိုတဲ့ Facebook Page ကနေ တင်ထားတဲ့ ဗီဒီယိုမှာပါရှိတဲ့ အကြောင်းအရာဟာ ရုပ်ရှင်သရုပ်ဆောင်နေတိုးဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ဇာတ်လမ်းတိုမှာ ပါဝင်ခဲ့တာကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကနေ စိတ်ဆိုးပြီး အသိပေးတယ်ဆိုတဲ့ အကြောင်းအရာက လုပ်ကြံရေးသားထားသည့် သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ “Jay Videos” page ဟာ လုပ်ကြံရေးသားထားတဲ့သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူများအောင် Click Bit page တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း “Jay Videos” page ကနေ သတင်းမှားဖြန့်ခဲ့တာကို Akyab Post ဖက်ကနေ စစ်ဆေးနိုင်ခဲ့ပါတယ်။
✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Fact-check အပြည့်အစုံ –
https://www.facebook.com/share/v/17HjbrrFUa/
လက်ရှိမှာ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီးတော့ သတင်းတုသတင်းမှား ဖြန့်သူတွေဟာ မှန်ကန်တိကျမှုမရှိဘဲ အများပြည်သူ စိုးရိမ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







