အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်အား အာဆီယံဥက္ကဌ က ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ဖို့ ငြင်းဆန်ခဲ့ဆိုသည့် သတင်းမှား
Share:FacebookX

အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်အား အာဆီယံဥက္ကဌ က ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ဖို့ ငြင်းဆန်ခဲ့ဆိုသည့် သတင်းမှား

အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်အား အာဆီယံဥက္ကဌ က ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ဖို့ ငြင်းဆန်ခဲ့ဆိုသည့် သတင်းမှား

အောက်တိုဘာ ၂၈ ရက်၊ Fact-check
ဖက်ဒရယ် FM/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag / MFCN

အနှစ်ချုပ်
စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံဥက္ကဌ က ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ဖို့ ငြင်းဆိုခဲ့တယ်ဆိုတဲ့ အကြောင်း အရာက လုပ်ကြံဖန်တီးပြီးဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄၇)ကြိမ်မြောက်အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံဥက္ကဌကိုယ်တိုင် ဖိတ်ကြားခဲ့ပေမယ့် စစ်ခေါင်းဆောင်ဘက်က အချိန်ကုန်မခံနိုင်၍ မတက်ရောက်ကြောင်း ငြင်းဆိုခဲ့ပြီး ကိုယ်စားလှယ်သာစေ လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတခုကို စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ် တွေနဲ့ လူမှုမီဒီယာတွေမှာဖြန့်ဝေနေပါတယ်။ အဲ့ဒီအကြောင်းအရာကို Reaction ပြုလုပ် သူဦးရေ ၂၀၀ ကျော်နဲ့ ပြန်လည် မျှဝေသူ ၁၀၀ ကျော်ရှိနေပါ။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကိုတော့ ဒီလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://archive.is/wip/uWqzT

အဲ့ဒီဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMနဲ့ ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့တို့ က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ် ။
စစ်ဆေးတွေ့ရှိချက်
ဖြန့်ဝေထားတဲ့အကြောင်းအရာထဲမှာပါတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံဥက္ကဌက ဖိတ်ကြားခဲ့တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး Google မှာ ရှာဖွေကြည့်တဲ့အခါမှာတော့ ယုံကြည် စိတ်ချရတဲ့ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းမတွေ့ရှိရပါဘူး။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တက်ရောက်ခွင့်မရဘူးဆိုတဲ့အကြောင်းကို ပြည်တွင်း သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတခုဖြစ်တဲ့ DVB သတင်းဌာနက လည်း ” မြန်မာစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးမတက်ဟု မလေးရှားဝန်ကြီးချုပ် အတည်ပြု” ဆိုတဲ့ ခေါင်းစဉ် နဲ့ သတင်းဖော်ပြခဲ့ပါတယ်။
DVB သတင်းဌာနရဲ့ သတင်း >>> https://bit.ly/47pEqwF

လွတ်လပ်တဲ့ မီဒီယာသတင်းဌာနတခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနရဲ့ သတင်းဖော်ပြချက်ထဲမှာလည်း “ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကို တက်ရောက်မည်ဆိုပြီး မလေးရှားသတင်းဌာန News Straits Times က သတင်းများတွင် ထည့်ပြောလာခဲ့ရာ (အောက်တိုဘာလ ၂၁ ရက်) တွင် အဆိုပါ သတင်းစာက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမည်ကို ပြန်လည်ဖယ်ရှားလိုက်ကြောင်း” သတင်းမှာဖော်ပြထားပါတယ်။
မဇ္ဈိမသတင်းဌာနရဲ့ သတင်းလင့်ခ>>> -https://bit.ly/3WUJsfF

People’s Spring သတင်းဌာနရဲ့သတင်းဖော်ပြချက်မှာဆိုရင်လည်း “ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီထောက်ခံတဲ့သတင်းမီဒီယာတချို့က ဖော်ပြခဲ့ကြပြီး ညီလာခံမစတင်မီ ရက်ပိုင်းအလိုမှာပဲ မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင် မတက်ရောက်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်” ဆိုတဲ့ အကြောင်းကို ရေးသားထားပြီး အာဆီယံဥက္ကဌက တက်ရောက်ဖို့ဖိတ်ကြားထားတယ်ဆိုတာမျိုးကို သတင်းထဲမှာဖော် ပြထားတာမျိုးမရှိပါဘူး။
People’s Spring သတင်းဌာနရဲ့သတင်း>>> https://bit.ly/3J3vrt1
ဒါ့အပြင် ဖက်ဒရယ်FM ရဲ့သတင်းတခုထဲမှာဆိုရင်လည်း စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ အာဆီယံအစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း ဆုံတွေ့နိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လိမ်ညာဖော်ပြနေတဲ့အကြောင်းကို သတင်းဖော်ပြထားပါတယ်။
ဖက်ဒရယ်FM ရဲ့သတင်း >>> https://bit.ly/4hupUbp

သုံးသပ်ချက်

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံဥက္ကဌ က ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ဖို့ ငြင်းဆိုခဲ့တယ်ဆိုတဲ့ အကြောင်း အရာက လုပ်ကြံဖန်တီးပြီးဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တယ်ဆိုတာကို စိစစ် တွေ့ရှိနိုင်ပါတယ်။

ဒါ့အပြင် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုပြီးတော့ မြန်မာခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့် ကန့်သတ်ထားပြီး ကိုယ်စားလှယ်သာ စေလွှတ်ခွင့် ပေးထားခဲ့တာတွေကို တွေရပါတယ်။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ လွတ်လပ်တဲ့ မီဒီယာနဲ့ နိုင်ငံတကာသတင်းက ဖော်ပြထားတဲ့ သတင်းတွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်၊ မှားယွင်းသိစေအောင် ပုံဖော်သလို ရေးသားထားပြီး ဝါဒဖြန့်ချိနေပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FM နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/

Fb-https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .