◾️အေအေမှ တရုတ်ရေနံပိုက်လိုင်းကို ဖောက်ခွဲဆိုကာ သတင်းမှားဖြန့်
Akyab Post/ The Red Flag
26 Oct 2025
Fact-check
အခုရက်ပိုင်း ဖေ့စဘုတ်လူမှုကွန်ရက်စာမျက်နှာ အာရက္ခတပ်တော် အေအေမှနေ ကျောက်ဖြူမြို့မှာရှိတဲ့ တရုတ်ရေနံပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာမှာ followers ၄၇ k ရှိတဲ့ “Jay Videos” ဆိုတဲ့ page ကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ““သတင်းဌာန၏ (October 21, 2025) နေ့လည် ၂နာရီ၊ အထူးသ” ဆိုတဲ့ caption နဲ့အတူ ဗီဒီယိုတစ်ခု ဖြန့်ခဲ့တာဖြစ်ပြီးတော့ ဗီဒီယိုထဲမှာ “တရုတ်ပိုက်လိုင်းကို ဖောက်ခွဲပြီး အာဏာလွှဲဖို့ ထည့်ပြောပြီ” ဆိုတဲ့ caption ကိုပါထည့်ထားပါတယ်။
ပျံံံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ အာရက္ခတပ်တော် အေအေကနေ ကျောက်ဖြူမြို့မှာရှိိတဲ့ တရုတ်ရေနံပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပြီး စစ််ကောင်စီဆီကနေ အာဏာလွှဲအပ်ဖို့ဆိုတဲ့ အကြောင်းကို နိုင်ငံတကာသတင်းမီဒီယာကြီးတွေကနေ ရေးသားဖော်ပြနေပြီဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 မူရင်းပို့စ် အပြည့်အစုံ – https://archive.ph/PhHPm
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၂၅ ရက်နေ့အထိ reaction ပြုလုပ်သူ ၁၉.၂ K ၊ comment ပေးသူ ၂၃၈ ဦးနဲ့ shares ပြုလုပ်သူ ၁.၆ K ထိရှိပြီးတော့ ဖေ့စဘုတ်စာမျက်နှာမှာ ထပ်ဆင့်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့နေတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ Jay Vidoes page ကနေ တင်ထားတဲ့ အကြောင်းအရာကို နိုင်ငံတကာ သတင်းဌာနတွေ ပြည်တွင်းသတင်းဌာနတွေကနေ ဖော်ပြထားခြင်းမရှိသလို အာရက္ခတပ်တော် အေအေဖက်ကနေလည်း ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။ ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ page ဟာ လုပ်ကြံရေးသားထားတဲ့သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူများအောင် Click Bit page တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
◾️သတင်းစိစစ်ချက်
ဖေ့စဘုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “ကျောက်ဖြူရေနံပိုက်လိုင်း အေအေဖောက်ခွဲ” ဆိုတဲ့ keywords နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာဌာနကြီးတွေ ဖြစ်ကြတဲ့ Development Media Group နဲ့ Narinjara သတင်းဌာနတွေမှာ တင်ထားတာကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် မြန်မာပြည်တွင်း သတင်းဌာနကြီးတွေဖြစ်ကြတဲ့ Myanmar Now၊ DVB၊ The Irrawaddy နဲ့ Mizzima စတဲ့ သတင်းဌာနကြီးတွေမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မတွေ့ရှိရပါဘူး။
ဒါ့အပြင် အာရက္ခတပ်တော် အေအေရဲ့ ထုတ်ပြန်ချက်တွေမှာလည်း တရုတ်ရေနံပိုက်လိုင်းကို ဖောက်ခွဲတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရတဲ့အပြင် တရုတ်နိုင်ငံက အာဏာလွှဲအပ်ဖို့ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို ထုတ်ပြန်ထားတာမရှိပါဘူး။
🔗 အာရက္ခတပ်တော်ရဲ့ Website –https://www.arakanarmy.net/
🔗 အာရက္ခတပ်တော်ရဲ့ Telegram – https://t.me/aainfodesk
အခြားအာရှတွင်း သတင်းဌာနဌာနကြီးတွေဖြစ်ကြတဲ့ Asia Time Al Jazeera South China Morning Post The Nation နဲ့ Bangkok Times စတဲ့ သတင်းမီဒီယာဌာနကြီးတွေမှာလည်း ဒီအကြောင်းအရာကို ရေးသားထားတာမတွေ့ရှိရပါဘူး။
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေ၊ မြန်မာပြည်တွင်း သတင်းမီဒီယာတွေနဲ့ အာရှ၊ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ အပြင် အာရက္ခတပ်တော် အေအေရဲ့ ထုတ်ပြန်ချက်တွေနဲ့ တိုက်ပြီးတော့ စစ်ဆေးကြည့်တဲ့အခါ ဖြန့်ချိထားတဲ့ အကြောင်းအရာကို မတွေရှိရပါဘူး။
“Jay Videos” ဆိုတဲ့ Facebook Page ကနေ တင်ထားတဲ့ အာရက္ခတပ်တော် အေအေကနေ ကျောက်ဖြူမြို့မှာရှိိတဲ့ တရုတ်ရေနံပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပြီး စစ််ကောင်စီဆီကနေ အာဏာလွှဲအပ်ဖို့ ပြောပြီဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ “Jay Videos” page ဟာ လုပ်ကြံရေးသားထားတဲ့သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူများအောင် Click Bit page တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း “Jay Videos” page ကနေ သတင်းမှားဖြန့်ခဲ့တာကို Akyab Post ဖက်ကနေ စစ်ဆေးနိုင်ခဲ့ပါတယ်။
✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Fact-check အပြည့်အစုံ –
https://www.facebook.com/share/v/17HjbrrFUa/
လက်ရှိမှာ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီးတော့ သတင်းတုသတင်းမှား ဖြန့်သူတွေဟာ မှန်ကန်တိကျမှုမရှိဘဲ အများပြည်သူ စိုးရိမ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







