နေပြည်တော်မှာ ငလျင်လှုပ်တယ်လို့ ဖြန့်ဝေနေတဲ့ Aiနဲ့ပြုလုပ်ထားတဲ့ သတင်းမှား
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ရက်။
(Fact-check _DNA/ The Red Flag/ MFCN
နေပြည်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁၉ရက်က ငလျင်အပြင်းထန် လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင််က Ai နဲ့ပြုလုပ်ထားတဲ့ ဗီဒီယိုဖိိုင်အမှားတခုဖြစ်ပါတယ်။
အဲ့ဒီရုပ်သံမှာ မိသားစုတခု ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ငလျင်လှုပ်လာပြီးနောက် အမျိုးသားတစ်ဦး ဆိုဖာပေါ်မှာ ထိုင်နေရင်း ငလျင်လှုပ်တာကြောင့် အဲ့ဒီအမျိုးသားနောက်က ခန်းစည်းပြုတ်ကျလာပြီး သူရဲ့အရှေ့မှာ တီဗီကြည့်နေတဲ့ ကလေးတွေအပေါ်ကို ဗီဒိုတခုပြုတ်ကျလာတဲ့ ရုပ်သံဖိုင်ဖြစ်ပြီး အရေးပေါ်သတင်းဆိုတဲ့ Facebook စာမျက်နှာကနေ “နေပြည်တော်မှာ ၈:၂၅မိနစ်က လှုပ်တဲ့ငလျင် #2025reels #Breakingnews #သတင်းမှန် #Myanmar ” (မူရင်းစာသားအတိုင်း)ဖြန့်ဝေထားတာပါ။
သတင်းမှားလင့် – https://archive.ph/6kLVA
ပျံ့နှံ့လာတဲ့အဲ့ဒီရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ AI နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်သံဖိုင်တခု ဖြစ်တာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
ရုပ်သံကို စစ်ဆေးကြည့်တဲ့အခါမှာ ငလျင်လှုပ်နေချိန် ခန်းစည်းစ ပြုတ်ကျသွားပြီးနောက်ပိုင်းမှာ ခန်းစည်းပြတင်းရဲ့ မှန်မှာ ရုပ်သံရဲ့ညာဖက်ခြမ်းမှာရှိတဲ့ ရေခဲသတ္တာနဲ့ ပန်ကာတွေ မပါလာတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် Ai အသုံးပြုဖန်တီးထားတာ ဟုတ်၊ မဟုတ် Image Whispererနဲ့ စစ်ဆေးအတည်ပြုကြည့်တဲ့အခါမှာ မြန်မာနိုင်ငံအတွင်းကနေ AI နဲ့ဖန်တီးပြုလုပ်ထားတဲ့ ရုပ်သံတခုဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
Image Whisperer link – https://drive.google.com/file/d/1yTYO8QF8eRi6RcBupaapg90ZQPSywbvj/view?usp=sharing
မြန်မာနိုင်ငံ မြေငလျင်နဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ မြေငလျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ MM Earthquake Alert တယ်လီဂရန်စာမျက်နှာမှာလည်း ပြီးခဲ့တဲ့ ၁၉ရက် အောက်တိုဘာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်း, ကျောက်မဲဒေသကို အခြေပြုပြီး ပြင်းအား 3.0 စကေးရှိတဲ့ ငလျင်တခုလှုပ်ခတ်သွားတယ်လို့သာ ဖော်ပြထားပါတယ်။
MM Earthquake Alert – https://t.me/mm_earthquake_alert/829
သတင်းသုံးသပ်ချက်
ပရိဘောဂတွေပြုတ်ကျတဲ့အချိန်မှာ ကလေးငယ်ပေါ်ပိသွားတဲ့ ပုံစံပြထားပေမယ့် ရုပ်သံထဲမှာ ပါဝင်တဲ့ကလေးငယ်က ရုတ်ချည်းမတ်တပ်ပြန်ရပ် ပြေးလွှားနေတာကြောင့် လှုပ်ရှားမှုတွေက သဘာဝမကျတာကို တွေ့ရပါတယ်။
Google Reverse Video Search နဲ့ TinEye တွေလို ပုံရိပ်စစ်ဆေးတဲ့ ကိရိယာတွေနဲ့ ရုပ်သံရဲ့ မူရင်းရင်းမြစ်ကို ရှာဖွေတဲ့အခါမှာလည်း မူရင်းရုပ်သံကိုရှာဖွေလို့မရခဲ့ပါဘူး။
၂၀၂၅ခုနှစ် အောက်တိုဘာလမှာ နေပြည်တော်ကို ဗဟိုချက်ပြုပြီး အင်အားကြီးတဲ့ ငလျင်လှုပ်ခတ်ခဲ့တာမျိုး မရှိခဲ့တာကြောင့် ပျံ့နှံ့နေတဲ့ ဒီရုပ်သံကိူ AI နည်းပညာနဲ့ ဖန်တီးထားသော မှားယွင်းတဲ့ရုပ်သံတခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ငလျင်ကြီးဖြစ်ပြီးနောက် မြန်မာနိုင်ငံမှာ AIနဲ့ ဖန်တီးထားတဲ့ မှားယွင်းတဲ့ ရုပ်သံဖန်တီးသတင်းမှားဖြန့်ဝေတာတွေ များပြားလာပြီး MFCN အဖွဲ့ဝင် အချက်လက်စစ်ဆေးသူတွေက စစ်ဆေးနိုင်ခဲ့ပါသေးတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #နေပြည်တော် #မြေငလျင် #Ai #သတင်းမှားဝါဒဖြန့်







