ဆဲထန်ဒေသမှ ချင်းတော်လှန်ရေးစခန်းကို ဗုံးကြဲဆိုကာ သတင်းမှားဖြန့်
Share:FacebookX

ဆဲထန်ဒေသမှ ချင်းတော်လှန်ရေးစခန်းကို ဗုံးကြဲဆိုကာ သတင်းမှားဖြန့်

◾️ဆဲထန်ဒေသမှ ချင်းတော်လှန်ရေးစခန်းကို ဗုံးကြဲဆိုကာ သတင်းမှားဖြန့်

Fact-check

Akyab Post/ The Red Flag

24 Oct 2025

✅ အနှစ်ချုပ်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ချင်းပြည်နယ် ဆဲန်ထန်ဒေသက ဇာထာလ်(Zathal) ကျေးရွာမှာရှိတဲ့ ချင်းတော်လှန်ရေးစခန်းကို  စစ်ကော်မရှင်ဖက်ကနေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာက လှည့်ဖြားမှားယွင်း ရေးသားထားသည့် သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ” ကနေ အောက်တိုဘာ ၂၁ ရက်နေ့မှာ “ဆဲန်ထန်ဒေသ၊ ဇာထာလ်(Zathal) ကျေးရွာ ချင်းPDFစခန်းအား ယနေ့မွန်းလွဲပိုင်း လေကြောင်း ဗုံးကြဲတိုက်ခိုက် သုတ်သင်ကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်၁၂နာရီ၅၅မိနစ်၁ကြိမ်၊ ၁ နာရီခန့် ၁ကြိမ်တို့ဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်သည် ဟုသိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေ ထားပါတယ်။ 

📌 မူရင်းပို့စ် အပြည့်အစုံ – https://archive.ph/RXhYN 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၂၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၀.၇ Kထိရှိပြီးတော့ reaction ပြုလုပ်သူ ၃၆ ဦးထိရှိပြီးတော့ အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ပျံ့နှံ့နေတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကော်မရှင်ဖက်ကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းမဟုတ်ဘဲ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာမှာ စာသင်ကျောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ဆိုတဲ့ keywords နဲ့ google နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ချင်းဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ “Khonumthung”  ကနေ အောက်တိုဘာလ ၂၁ ရက်နေ့မှာ “ဆဲထန်ဒေသရှိ ကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။ 

Khonumthung”  သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ စစ်ကော်မရှင်တပ်မှနေ ဇာထာလ်ကျေးရွာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး  အောက်တိုဘာလ ၂၁ ရက် နံနက်စောပိုင်း ၁၂ နာရီ ၅၅ မီနစ်တွင် ၁ ကြိမ်၊ ၁ နာရီခန့်တွင် ၁ ကြိမ်တို့ဖြင့် လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Khonumthung သတင်း အပြည့်အစုံ – https://bitly.cx/vk1f 

ဒါ့အပြင် အခြားချင်းပြည်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Zalen သတင်းမီဒီယာကနေလည်း အောက်တိုဘာလ ၂၁ ရက်နေ့မှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသရှိ ဇာထာလ်ကျေးရွာက စာသင်ကျောင်းကို အောက်တိုဘာ ၂၁ ရက်၊ မနက်ပိုင်း ၁၂ နာရီ ၅၅ မိနစ် နဲ့ ၁ နာရီ ၃ မိနစ် တို့မှာ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Zalen သတင်းအပြည့်အစုံ – https://bitly.cx/Uid8 

အခြားမြန်မာပြည်တွင်း သတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ The Irrawaddy ကနေလည်း အောက်တိုဘာလ ၂၁ ရက်နေ့မှာ “ချင်းပြည်နယ်အတွင်း စာသင်ကျောင်းများအား ပစ်မှတ်ထားဗုံးကြဲနေသည့် အာဏာသိမ်းစစ်တပ်သည် ယနေ့တွင်လည်း ဟားခါးမြို့နယ်၊ ဇာထာလ်ရွာစာသင်ကျောင်းကို ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့” ဆိုပြီးတော့ ရေးသားထားပါတယ်။ 

🔗 The Irrawaddy သတင်းအပြည့်အစုံ  – https://bitly.cx/1zDYm 

▪️သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ဟားခါးမြို့နယ် ဆဲန်ထန်ဒေသက ဇာထာလ်(Zathal) ကျေးရွာမှာ စစ်ကောင်စီကနေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ ချင်းတော်လှန်ရေးအဖွဲ့တွေရဲ့ စခန်းမဟုတ်ဘဲ စာသင်ကျောင်းဖြစ်နေတာကို တွေ့ရပါတယ်။​

ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကော်မရှင်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီး လိုသလို ပုံဖော်ပြီး ရေးသားဖော်ပြလေ့ရှိပါတယ်။

လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်လျက်ရှိပြီးတော့ ဒီကျူးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

https://bitly.cx/ahf2

https://bitly.cx/tdwxm

လက်ရှိမြန်မာနိုင်ငံတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .